အမျိုးသမီးကတော့ မထင်မှတ်ဘဲ ကျနော့်ကို ရွှေဆွဲကြိုး တစ်ကုံး လက်ဆောင်ပေးတယ်
တစ်ခုသော သြဂုတ်လ ၂၀၀၈ ခု သောကြာနေ့  ညချမ်း ၉ နာရီ ၁၀ မိနစ်တွင်. . ဟောပြောမှုအတွက် client မျှော်နေချိန် . . email သို့ paypal notification မှ ဥာဏ်ပူဇော်ငွေ ၅ ပေါင် လက်ခံရရှိကြောင်း ရောက်ရှိလာလေ၏။
" မေးခွန်းရေးနေပါတယ် ဆရာ . . ခဏစောင့်ပေးပါ" -
ငွေရရှိကြောင်း လက်ခံ email နှင့်အတူ တစ်ဆက်တည်းမှာပင် client ၏ g-talk မှ ပြောကြားမှုကြောင့် ဆက်လက်စောင့်စားနေလိုက်၏ ။
" ဆရာ မေးခွန်းပို့ လိုက်ပါပြီ . . . ငွေလည်း လွှဲလိုက်တယ် . . .ငွေရောက်ပါသလား . . ။"" ဟုတ်ကဲ့ အခု email ဖတ်နေတယ် . . ."
" ငွေရောက်ပါသလား မေးမိတာ ၅ပေါင် ထပ်ပေးရဦးမယ် ထင်တယ် ဟဲဟဲ . ."
စကားပြောနေဆဲ အချိန်တွင်ပင် email ပါ အကြောင်းအရာ အချက်အလက်များအား ခေတ္တမျှ ဖတ်ကြည့်လိုက်၏
email လက်ခံရရှိချိန် - ၂၁း၁၀ မိနစ်
" ဆရာ... ကျနော့်အမည်က x x x ။ (တနလာင်္စ ၊ အင်္ဂါ နောက်ပိတ်)
အ၀တ်အစား...။ စပို့ ရှပ် အနက် ပေါ်မှာ အဖြူေ၇ာင် လိုင်းသေး ပတ်လည်အစင်း အနက်ရောင်အားများ။ပုဆိုး။ အဖြူနဲ့  အပြာ အကွက်စိပ်။
မွေးခုနှစ်...။ ၁၃xx..တန်ခူးလပြည့်ကျော်..xx ရက်...တနင်္လာ..ပါ။
မေးခွန်း...။ မီဒီယာ လုပ်ငန်းမှာ ပန်းချီဆွဲနှင့် 3d ဂိမ်းအတွက် ပုံစံငယ် အရုပ်များလုပ်ရပါတယ်... အခု ကုမ္မဏီက အခက်အခဲတွေရှိလို့  နားနေရပါတယ် ။ ဒီ ၂လ အတွင်းမှာ ကုမ္မဏီအလုပ် ပြန်ရနိုင်မလား။"
လိုရင်းတိုရှင်းဖြစ်၏ ။ မေးသည့်မေးခွန်းလည်း တိကျပြတ်သားသလို လိုအပ်သော အချက်အလက်များ ပြည့်စုံ၏။ email ဖတ်အပြီး စကားပြန်ဆက်ရပြန်၏. . .
" အဲဒါလည်း ရောက်တယ်လေ . . ပေးစရာ မလိုတော့ပါဘူး ။ အမည် အရင်းမဟုတ်ဘူးထင်တယ် . .။ ကျွန်တော့မှာ နှစ်တစ်ရာ ပြက္ခဒိန် မရှိဘူးဗျ . . မွေးနေ့ ကို အင်္ဂလိပ် ခရစ်နှစ် ပေးပါအုံး . . ."
" ဇာတာထဲမှာက x x x ပါ . . နောက် ကျောင်းနာမည်က x x x ။ အခု ဥရောပ နိုင်ငံ တစ်နိုင်ငံမှာ နေပါတယ် . ပြက္ခဒိန် ဆိုတော့ အင်္ဂလိပ်လို ကျွန်တော့ မွေးနေ့  က ၁၉ x x ။"
" အဲဒါဆို ရပါပြီ ။ ခဏလေးစောင့် "
ဟု ပြောဆိုပြီးနောက် အခါတိုင် နှင့် သက်ရောက်တိုင်တို့ အား တွက်ချက်မှု စတင်ရန်အတွက် microsoft excel အား ဖွင့်လိုက်လေ၏ ။ (မေးမြန်းသူမှာ တနင်္လာသား အင်္ဂါသက်ရောက် ဖြစ်၏)
လိုအပ်သော တွက်ချက်မှု ၊ စဉ်းစားမှုများ ပြုလုပ်ပြီးနောက် . . နိမိတ်စကားများ အကဲစမ်းရန်အတွက် စကားလှမ်းထောက်လိုက်၏ ။
" ဒါနဲ့  . . အလုပ် နားတာ ဘယ်တုန်းကလဲ ။ ၅ လပိုင်းလား ၆လပိုင်း ကြားထဲမှာလား . . "

တနင်္လာတိုင်၌ အခိုက် တွင် အလုပ်ကိစ္စရောက်နေသဖြင့် န၀င်းရှိ ၆အား လမ်းကြောင်းပေး လှမ်းမေး လိုက်ခြင်းဖြစ်၏ ။
" ၆ လ ကျော်နေပြီ "
အနည်းငယ် လွဲချော်သွားသော်လည်း န၀င်း နိမိတ် ၆ အား ပြောဆိုလိုက်သဖြင့် န၀င်းဆောင်သူ ဖြစ်၏။ ၀တ်ထားသည့် အင်္ကျီ အနက်ရောင် သည် အထက်ဆောင်ပန်း ၊ ပုဆိုးအပြာ သည် အောက်နင်းကြမ်း ဖြစ်နေသဖြင့် အခြေအနေမဆိုးသူဟု မှတ်ယူလိုက်၏ ။
" သြော် . . ၆ လ ကျော်နေပြီလား "
" ဟုတ် . . နောက်တစ်ပါတ်ထဲမှာ..ဒီအလုပ်ရှင်နဲ့ ဘဲ အလုပ်ကိစ္စ ပြောရမယ်..။ သူကစောင့်ခိုင်းထားတာလေ . သူ့  အဖွဲ့ သစ် ပြန်လုပ်နေတာပါ... ကျနော်က အလုပ် ပြန် ရ မရ သေချာသိချင်လို့ ပါ"
" သြော် အဲဒီအလုပ်မှာပဲလား "
"ဟုတ်ပါတယ်။
" အခုနေတဲ့ နိုင်ငံမှာ ခွေးကို အစာကျွေးလို့ ရမလား "
" ခက်တော့ ခက်တယ် ဒါပေမယ့် အိမ်ချင်းကပ်မိတ်ဆွေမှာတော့ ခွေး၂ကောင်ရှိပါတယ်"
" ငါး ၊ ဂဏန်း ကော လွှတ်ဖို့ အဆင်ပြေလား"
" ငါး ဂဏန်းအရှင်ရဘို့ မလွယ်ဘူးဆရာ"
" ကျီးအစာကျွေး ၊ ကျီးမရရင် ခိုဗျာ ၊ မေးခွန်းကို အီးမေးလ်ကနေ ပြန်ဖြေပါ့မယ်"
" ခိုတော့  အိုကေဘဲ မြီု့ ထဲ မှာ အများကြီး"

ထို့ နောက် တွက်ချက်မှုများ ပြုလုပ်ကာ မေးခွန်းအား အောက်ပါအတိုင်း ဖြေကြားပေးလိုက်၏ ။
ကို x x x
၂၀.၀၉.၂၀၀၈ မှ ၀၃.၁၁.၂၀၀၈ ကြားတွင် မထင်မှတ်သော ငွေကြေးဥစ္စာများ တဖွဲဖွဲ ရသလိုမျိုး အနေအထားရှိသဖြင့် ၄င်း ရက်အပိုင်းအခြားသည် အလုပ်အကိုင်ရရှိရန် အခွင့်အလမ်းများ ကောင်းမွန်မည့် ကာလဖြစ်သည်။
လက်ဖက်၊ ရွှေရောင် / အ၀ါရောင် လက်ကိုင်ပုဝါ ၊ ဗုဒ္ဓဟူး နံ နိမိတ်များ အား သတိထားပြီး စောင့်ကြည့်နေပါ။
အလုပ်အကိုင်အတွက် ..
အင်္ဂါနေ့ ၊သောကြာနေ့ ၊ စနေနေ့ မနက် / ညနေ ၆း၀၀ မှ ၇း၃၀ အတွင်း ခိုကလေးများအား အစာ၀၀ ကျွေးမွေးပေးပါ။
၂ လအတွင်း တွင် ယခင်လုပ်ခဲ့ဖူးသော ကုမ္မဏီတွင် အလုပ်ပြန်ရနိုင်မည်လား ...
မေးခွန်းအတွက် နှစ်ချက် ဖြေဆိုပါမည်။
မူလ ကုမ္မဏီဟောင်းတွင် ယခင်အလုပ်အကိုင် ဋ္ဌာနမျိုးတွင် မဟုတ်ဘဲ ဋ္ဌာနအသစ်တွင် အလုပ်သစ်ဖြင့် ပျော်မွေ့ ရမည် ။ ထိုသို့ မဖြစ်ပါက ကုမ္ပဏီ အသစ်တွင် အလုပ်ရမည်။
၆ ပတ်အတွင်း အဆင်ပြေနိုင်မည်။
တေးအေးရိပ်
----------------------

စဉ်းစားပုံမှာ ဤသို့ ဖြစ်ပါ၏ ။ သက်ရောက်တိုင် အယူအဆများအတွက်လည်း လမ်းညွှန်မှုပေးနိုင်ပါ၏
၀၆
တိုင်ထိပ် စနေ ဒဿာ စားချိန် တွင် ကောဇာ ဒွိဟ ကပ်သည် ( ၀၆) ။
ဒွိဟ သဘောဖြစ်သည့် နှစ်မျိုး နှစ်ခွ ၊ စိတ်ပိုင်းဖြတ်မှု ဇဝေဇ၀ါ ၊ ဆုံးဖြတ်မှု မပြတ်သား ၊အလုပ်ရှင်၏ မပြတ်သားမှု အား ကြုံနေရချိန်
၅၄
တန်းစီး ကြာသပတေး ဒဿာ စားချိန်တွင် ကောဇ ဇေယျကပ်သည် (၅၄) ။
ကြာသပတေးသည် တနင်္လာအတွက် ဂဟပတိ - စည်းစိမ်ပိုင်ဆိုင်မှုဖြစ်၏ ။ တန်းစီးသည် အ၀င် သဘော ဆောင်၏ ။ စည်းစိမ်ချမ်းသာမှု အ၀င်ပြစေရန် တန်းစီး ကြာသပတေး အသက်ဝင်စေရန် နိမိတ်အဖြစ် ကပ်ဂြိုဟ် ၄ဟူးအား နိမိတ်အနေဖြင့် ကြည့်ရှုစေ၏

------------------------------
email ပို့ ပြီးနောက် စကားအနည်းငယ်ပြောဆိုလိုက်ပြန်သေး၏ ။
" အဖွဲ့ ထဲမှာ ကိုယ့်ထက် အသက်ငယ်တဲ့သူက မန်နေဂျာဆိုရင် အလုပ်ရပြီသာမှတ်"
" မန်နေဂျာ ငယ်တာအရင်က မရှိပါ..အဖွဲ့ သစ်မှာတော့ မသိသေးပါ . .ကျွန်တော် ဆရာ့ ဟောစာတမ်း ဖတ်လိုက်အုံးမယ် "
" အိုကေ "
" ကျေးဇူးအများကြီးတင်ပါတယ်ဆရာ...ငွေ၅ပေါင်ဟာ လူတစ်ယောက်ရဲ့ စိတ်ကို မပြောင်းလဲနိုင်ပေမယ့်...ဆရာ့ ဟောစာတမ်းက ကျနော့် ဘ၀ ကို ပြောင်းလဲ ပေးနိုင်ပါတယ်...ကျနော်ပြောတဲ့ ပညာဂုဏ် ဆရာဂုဏ် ကျေးဇူးပေါ"့
" တစ်ဖက်ကို အားတက်စေတာပေါ့ဗျာ . အတိုင်ပင်ခံဆရာဆိုတဲ့ ဂုဏ်နဲ့  ညီအောင် လိုက်နာတာပေါ့ "
" လေးစားပါတယ် . . မှန်တာပေါ့ . . တော်တော် အားရှိစေပါတယ် "
" အင်း အလုပ်လိုချင်တဲ့သူအတွက်ကတော့ အလုပ်ရ ရမှာပေါ့ဗျာ။ တစ်ကယ်တမ်းက ကိုယ်က ဒီ ကုမ္မဏီမှာ ပြန်လုပ်ချင်နေတာကိုး အဲဒီတော့ သူနားတဲ့အချိန် ကိုယ်နားရတာပေါ့ . . ပြီးတော့ အလုပ်ရှင်က ကိုယ့်ကို ပြန်စောင့်ခိုင်းထားတယ်ထင်တာပဲ.. အဲဒီတော့ ခန့် မှာပါ "
အထက်ပါ စကားများသည်ကား ဖြစ်နိုင်စွမ်း ဖြစ်နိုင်ချေ possibility, probability အစရှိသည့် ဖြစ်ပျက်မှု များအား တွက်ချက်ပြီး ပြောဆိုခြင်းလည်း ဖြစ်၏။
" ဘယ်အလုပ်သစ်ဘဲဖြစ်ဖြစ်ပါ..ဒါပေမယ့်သူက လက်မလွှတ်ချင်တာ။"
"အင်းပေါ့ . သေချာပါတယ် . . စိတ်မပူပါနဲ့ . "
"ကျေးဇူးဘဲဆရာ။ နောက်လည်း ဆက်သွယ်နေမှာပါ"
နောက်တစ်နေ့  ညနေခင်း တွင် . .

" ဆရာတေး... ကြက်ဥကြော်နဲ့ စားပြီးသွားပြီလား.....ကျနော်ဒီနေ့ ညနေ ခိုစာ သွားကျွေးဖြစ်ပါတယ် လမ်းမှာ တွေ့ ရတဲ့ နိမိတ်ရယ် ခိုစာကျွေးနေတုန်း တွေ့ ရတဲ့ နိမိတ်ရယ်ကို ပြောပြရမလားဆရာ...လိုအပ်မလား။"
"ပြောပြပါအုံး"
"လမ်းမှာ မိတ်ဆွေတဦးနဲ့ တွေ့ တယ် သူက ဆိုမာလီယာပါ သူကပြောတယ် သူ အခု အလုပ်သင် ဆင်းနေရတယ်တဲ့ . ပြီးရင် အမြဲတမ်း အလုပ် ခန့် ချင်ခန့် မယ်လို့  ပြောတယ်..ပြီးတော့ သူယုံကြည်တယ်တဲ့  သူ့ ကို အမြဲတမ်း အလုပ်ခန့် မယ်ပေါ့နော် ။ ခို စာကျွေးနေတုန်း အမျိုးသား၂.. အမျိုးသမီး၂ယောက် ခလေး တစ်ယောက် လာကြည့် တယ် ဒီမှာ ခိုစာကျွေးတာ အဆန်း မဟုတ်ပါဘူး... အခုက သက်သက်ကို လာ ရပ်ကြည့်ပါတယ်... ပြီးတော့  အဖြူ ၀မ်းဆက်ဝတ်ထားတဲ့  ခလေး အမေက ကျနော်ထိုင်နေတဲ့ ခုံတန်းမှာ လာကပ်ထိုင်ပါတယ်... ခလေးကလည်း အရမ်းပျော်ရွှင်နေပါတယ်..ပြန်ကာနီးတော့ နှုတ်ဆက်သွားပါတယ်. ဒီလောက်ပါဘဲဆရာ။"
"အလုပ်ကိစ္စကြောင့် ယတြာသွားလုပ်ရာမှာ အလုပ်အကြောင်းလာပြောတော့ နိမိတ်ပေါ့ . . သူပြောတာက ကောင်းတဲ့နိမိတ်ဆိုတော့ ကောင်းတယ်ပေါ့ အလုပ်ရမယ်လို့ ထင်တာပဲ . . နောက် ကျား၂ မ၂ ကလေး ၁ ဆိုတော့ ၅ ခါလောက်ကျွေးပြီးရင်တော့ ရလောက်ပြီထင်တာပဲ . . နိမိတ်အပိုင်းကတော့ သိပ်ပြီး မကျွမ်းကျင်ဘူး"
" ဒါပေမယ့် ဆရာ အထောက်အကူပေးနိုင်ပါတယ် ကျနော်ကလည်း ပြောပြရုံပါ"
" အင်း.. ကောင်းတဲ့နိမိတ်ဆိုတော့ ကောင်းတာဖြစ်လာမှာပေါ့"
" ဟုတ်ကဲ့ ဆရာ "
၀၄.၀၉.၂၀၀၈
"ဆရာရေ....ထူးခြားပြီ၊ ကျနော်မနက်က ပြောမလို့ လုပ်တော့ ဆရာ ဂျီတော့ ပိတ်သွားလို့ "
" အဲ . ပြောပြပါအုံး "
" ဆရာနဲ့  မနက်က ပြောပြီး မကြာခင်ဘဲ ဖုန်းဝင်လာတယ် တနင်္လာနေ့  မနက် ၁၀ နာရီမှာ အလုပ်စကား သွားပြောရမယ် . . ကောဇောအခင်းတွေ ထုတ်လုပ်တဲ့ ဆီမှာ ဒီဇိုင်းတွေဆွဲဖို့  ထင်တာဘဲ "
" အော် ကောင်းတာပေါ့ . . ပိုင်တာပဲ . . အလုပ်အသစ်မှာပေါ့ "
" ဟုတ်ကဲ့ . . အလုပ် အသစ်မှာပါ ။ ဒီမှာကတော့ ပထမ အလုပ်သင် အစမ်းခန့် လုပ်ခိုင်းတယ်.. နောက်မှ သဘောကျရင် အမြဲတမ်း အလုပ်သမားပေါ့ . . . ဒီကထုံးစံပေါ့.....သေချာပြီဆိုရင်တော့ ဆရာကို ကျနော် ကျေးဇူးဆပ်ရမယ်...."
" အင်း အဲလိုပဲ လာမှာပေါ့ . . ကျေးဇူးဆပ်တာတွေလုပ်မနေနဲ့ . . အလုပ်သဘောအရ မေးတုန်းက ဥာဏ်ပူဇော်ကြေး ပေးထားပြီးသားလေ ။ "
" ဘယ်ကလာ မလိုရမှာလဲ...မဆိုင်ဘူးဗျ . . ကိုယ်တတ်တဲ့ ပညာနဲ့ ဟောပြောပေးတာက လူတစ်ယောက်ကို ကူညီတာလဲ ဟုတ်တယ်...ကျနော့် အတွက်က ဆရာ ပြောပြီးမှ တော်တော် အားတက်သွားတာ "
"အော် .. အဲဒါကတော့ ဆရာတွေ မေးသူအပေါ်ထားရမဲ့ အတတ်တွေပဲလေ . .ကိုယ့်ကြောင့် တစ်ဖက်သူ အားလျော့တာမျိုး မပြောရဘူး "
" ဟုတ်ပါတယ်...ဒါပေမယ့် လူလေ ...ကြားချင်တာပေါ့ . . ပိုအားရှိသွားတာပေါ့"
၁၉.၁၀.၂၀၀၈
"ဆရာပြန်ရောက်နေတာ ဟိုတစ်နေ့ လောက်ကမှ သိရတာ"
" ဟုတ်ကဲ့ . . ဘယ်လိုလဲ အလုပ် . . အဆင်ပြေရဲ့ လား "
" အလုပ်ရှင်က သဘောကျပါတယ်..."
" အဆင်ပြေဖို့ ပဲ အရေးကြီးပါတယ်"
" ဒီမှာ အစမ်းခန့် သဘောတွေ ရှိတယ်...ပုံမှန်ဆို ၆လ....ဒါပေမယ့် ခရစ်စမတ် မတိုင်ခင် စာချုပ်ဖို့ သေချာနေပါပြီ "
"အင်း ကောင်းတာပေါ့"
"ဆရာကို ပြောပြချင်နေတာ...ဆရာ့ကို ကျနော်တော်တော် လေးစားမိတယ်..."
"အချင်းချင်း မြှောက်နေပြန်ပြီ"

"ဗုဒ္ဓဟူးနံ တွေ သတိထားဆိုတာလေ... လုပ်ငန်းနာမည်က ၀ူလင်း...အလုပ်ရှင်နာမည်က ယွန်...သူ့ အမျိုးသမီးက လီယာ...တကယ် တော်တယ် ဆရာတေး . . ကျနော် မမြှောက်ပါဘူး...ဆရာ့ပညာကို ချီးကျုးတာ. . တော်တော်အံ့သြတာ "
" တိုက်ဆိုင်သွားတာပါ"
" တိုက်ဆိုင်မယ်ဆိုတာကို ဆရာက ကြိုသိတာလေ ကျနော်က ဘာသိမှာတုန်း"
" ကြိုမသိပါဘူးဗျာ.. ကြိုသိနေရင် ကျနော် လည်း ရှေ့ ဖြစ်ဟောစားတော့မှာပေါ့ ကိန်းလေးတွေ ကို ပြောတာပါ"
"မဟုတ်ဘူးလေ ဗုဒ္ဓဟူးနံတွေကို ကြိုသိတာကို ပြောတာပါ.."
" အော် အဲဒါကလည်း အဲဒီ ကာလ ကြားထဲမှာ အကျိုးပေးမဲ့ နံမျိုးကို သတိထားကြည့်ခိုင်းတာပါ ဗုဒ္ဓဟူးနံ အ၀င်ပြရင် အလုပ်အဆင်ပြေမယ်ပေါ့ အခုဟာက လုပ်ငန်းက ဗုဒ္ဓဟူးဆိုတော့ တိုက်ဆိုင်သွားတာပေါ့ "
" အင်း..အမျိုးသမီးက မထင်မှတ်ဘဲ ကျနော့်ကို ရွှေဆွဲကြိုးတစ်ကုံး လက်ဆောင်ပေးတယ်... ဇနီးကလေ "
"အမျိုးသမီးက ချစ်တာကိုး ပေးမှာပေါ့ . . ပိုင်တာပဲ ဟဲဟဲ "
"ဆရာပြောထားတော့ ရွှေက ဗုဒ္ဓဟူးနံဘဲဆိုပြီး ကျနော်လဲ ဆွဲထားလိုက်ပါတယ်"
" ဟုတ်တာပေါ့ အဲဒါလည်း အထောက်အကူဖြစ်တဲ့သဘောပေါ့ အကြောင်းတရားတွေ ပေါင်းဆုံသွားတာပါ "

"အခြေအနေက တော်တော်ကောင်းပါတယ် ... အလုပ်ရှင်က ခုထဲက ရှေ့ အတွက် အကွက်ချပြီး နေပြီ... ကိုယ်ကတော့ ၁လကျော်လောက် စောင့်ရမှာပါ "
" အင်း အခြေအနေကောင်းဖို့ ပဲ အရေးကြီးပါတယ် ကိုယ့်ပရိတ်သတ်တွေ အဆင်ပြေတော့ ပီတိဖြစ်တာပေါ့ဗျာ"

No comments:
Post a Comment