
နေထိုင်ခွင့် ရအောင်ဆိုရင် ကိုယ့်နံရဲ့  အမြစ်ပေါ်မှာ မွန်မြတ်တဲ့ ပစ္စည်းကို တင်ထား . . .
" မောင်ရေ . . . ဒီနေ့  ဆရာနဲ့ သွားတွေ့ လာတယ် သိလား . . . "
"ဟုတ်လား . . . ဘာကိစ္စရှိလို့ လဲ . . ."
" ဟွန်း . . . မောင်က အားမှ မကိုးရတာ . . ကိုယ့်မိန်းမဆိုရင် တစ်ခါမှ မဟောဘူး . . . သူများတွေကျတော့ ဟောပေးနေလိုက်တာ . ."
" ဟဲဟဲ . . မောင်ပြောပြီးသားလေ . . . ကောင်းတာလုပ်နေသရွေ့ ကောင်းတာတွေ ဖြစ်နေမှာပဲ . . . ကောင်းနေတဲ့သူတစ်ယောက်က ဘာဗေဒင်မေးနေစရာ လိုလို့ လဲ . . ."
" ကောင်းတယ်ဆိုပေမဲ့ သိချင်တာပေါ့ . . အခုလည်း အိမ်မှာ သုံးဖို့ စက်တစ်လုံး ၀ယ်မလို့  . . အဲဒါ စက် ၀င်လို့  ရမရ သွားမေးတာ . . မောင့်အတွက်ပါ မေးလာခဲ့တယ် . . "
" ဗုဒ္ဓေါ . . မောင့်အတွက်က ဘာမေးစရာရှိလို့ တုန်း . . "
" မောင် ဟိုမှာ နေရထိုင်ရတာ အဆင်ပြေအောင် လို့ ပေါ့ . . အဲဒါနဲ့  . .ဆရာက အဝေးရောက် တပည့်အတွက် ပညာခန်း ပေးလိုက်တယ် ။ မောင့်ကို သုတေသီမို့ လို့  .. ဒီပညာခန်းကို ပေးတာတဲ့  "
" ဟုတ်လား . . ပညာခန်း ဆိုရင်တော့ စိတ်ဝင်စားတယ် . . . "
" အင်း . .ဆရာက ပြောတယ် . . နေထိုင်ခွင့် ရအောင်ဆိုရင် မောင်နေတဲ့ အခန်းထဲမှာ . . . ကျောက်စိမ်းသားပေါ်မှာ ၁ ခုခု တင်ထားတဲ့ . . .မွန်မြတ်တဲ့ ပစ္စည်း တစ်ခုခု . . ဥပမာ . .ပုတီးတို့  . . ဘုရားပန်းအိုးတို့  . . ဘုရားစာအုပ်တို့ တဲ့ . . .မောင့်ကိုလည်း သေချာရှင်းပြပါလို့  မှာလိုက်တယ် . . မောင့်ရဲ့  အမြစ်ပေါ်မှာ မွန်မြတ်တဲ့ ပစ္စည်းကို တင်ထားတာလို့ ပြောလိုက်တဲ့ . . . အဲဒါတွေကို မောင့်ဘေးမှာ ထား . . . ခြေရင်း မှာလည်း မထားရဘူး . . ခေါင်းရင်းမှာလည်း မထားရဘူး .. မောင့်ဘေးမှာ ပဲ ထားတဲ့.. ကျောက်စိမ်းက ရတနာမို့ လို့  ဘေးမှာပဲ ထားခိုင်းတာ ။ "
" သြော် . . . အဲလိုလား . . "
" မသိပါဘူး မောင်ရယ် . .ဆရာပြောခိုင်းလိုက်တာ . . ."
" အင်း . . . အမြစ် ဆိုတော့ ခြေကုပ်ယူတာလေ . . . အမြစ်ပေါ်ကို မွန်မြတ်တဲ့  ပစ္စည်းတင်ထားတော့ အဲဒီနေရာလေးက မွန်မြတ်တဲ့ နေရာ ၊ မွန်မြတ်တဲ့အမြစ် ဖြစ်သွားတော့တာပေါ့ . . အမြစ်ကောင်းမှ ပင်စည်ကောင်းမှာမဟုတ်လား . . ပင်စည်ကောင်းတော့ အကိုင်းအခက် အသီးအပွင့်တွေနဲ့ ဝေဆာသွားတာပေါ့ . . အင်း . .မောင်လည်း သဘောပေါက်သလိုတော့ ရှိသား . . ခြေရင်းမှာကတော့ ရတနာဖြစ်နေလို့  မထားသင့်ဘူးပေါ့ . .ခေါင်းရင်းကျပြန်တော့လည်း ရတနာတော့ ရတနာပဲ .. ဘုရား တရား သံဃာ ဆိုတဲ့ ရတနာ ၃ ပါးမဟုတ်လို့ ခေါင်းရင်းလည်း မသင့်တော်ဘူး .. အဲဒါကြောင့် ဘေးမှာ ထားခိုင်းတယ်ထင်တာပဲ။"
"ဒါဆိုရင် နွယ်တို့ လို စနေသားသမီးတွေ နေထိုင်ခွင့်အတွက် ကြိုပြီး ပြင်ဆင်ထားချင်ရင် ဘယ်လို စီရင်ရမလဲ . . "
" အင်း . . စနေ ဆိုတော့ စနေရဲ့ အမြစ်က သောကြာလေ ။ သောကြာ နဲ့ စတဲ့ ရတနာ ပစ္စည်း တစ်ခုခု ကို ရှာရမှာပေါ့ ။ သန္တာကျောက် ၊ သလင်း ကျောက် ၊ Alexandrite လို့ ခေါ်တဲ့  သုံးပန်လှ ကျောက် ကို ရှာရမှာပေါ့ ။ အဲဒါကို အောက်ခံ ဖြစ်ဖြစ်၊ ဘုရားစာအုပ်တင်တဲ့ ခေါက်လို့  ရတဲ့ စင်ကလေး ဖြစ်ဖြစ် ဥာဏ်ရှိသလို အသုံးချရမှာပေါ့ နွယ် . . ."
" သြော် . . . ဒါဆို အမြစ်နေရာမှာ စိန် တို့ ရွှေတို့ ဆိုရင် ဈေးကြီးတော့ ဘယ်လို လုပ်ရမလဲ . . . "
" ဈေးကြီးတာ ကြီးပလေ့စေပေါ့ . . . ဟိတ် ဆိုတဲ့ စွမ်းအားကလည်း လိုသေးတာကိုး . . . မတတ်နိုင်ရင်လည်း တစ်ခြားသက်သာတဲ့ ရတနာ ပစ္စည်းလေးတွေ ရှာပေါ့ .. ."
တနင်္ဂနွေအမည်ပေါက်ဆိုရင် နီလာ
တနင်္လာ အမည်ပေါက်ဆိုရင် ဥဿဖရား
အင်္ဂါ အမည်ပေါက်ဆိုရင် ကျောက်စိမ်း
ဗုဒ္ဓဟူး အမည်ပေါက်ဆိုရင် စိန် ၊
ကြာသပတေး အမည်ပေါက်ဆိုရင် ရွှေ
သောကြာ အမည်ပေါက်ဆိုရင် မြ ၊ ပတ္တမြား
စနေ အမည်ပေါက်ဆိုရင် သန္တာ ၊ သလင်း
" အဲသလိုလေးတွေ ထွက်လာမှာပေါ့ . . အဲဒီ ရတနာ တွေ ပေါ်မှာ မွန်မြတ်တဲ့ ပစ္စည်း ဖြစ်တဲ့  ပုတီး ၊ ဘုရားစာအုပ် ၊ ဘုရားပန်းအိုး အစရှိတာတွေ တင်ထားရမှာပေါ့ ။ နောက်တော့ ကော ဘာတွေ ရွတ်ဖတ်ရအုံးမလဲ .. . "
" အင်း . . . ပထ၀ီဇယ မန္တာန်ကို ရွတ်ခိုင်းတယ် ။ "
" အဲဒီ မန္တာန်ကတော့ ဒီမှာ ရေးထားပြီးသား ရှိတယ် ။ ကျက်မှတ်ပြီး ရွတ်ရမှာပေါ့ . . . အင်း . . . ဆရာကတော့ အဝေးရောက် တပည့်ကို ပညာတွေ ပေးလိုက်ပြန်ပြီ . . . "
ဆရာ ဦးမောင်မောင်သန်းအား ဂါရ၀ ပြုလျှက်
No comments:
Post a Comment