ချစ်သူ တနင်္လာ . . . . ကိုယ် အင်္ဂါ
၁၃၇၁ ခုနှစ်မှာတော့ ချစ်သူက တနင်္လာ သားသမီး ၊ ကိုယ်က အင်္ဂါ သားသမီး ဆိုရင်တော့ ကြိုးရှည်ရှည်နဲ့  လှန်ထားတာတွေ ၊ အရိပ်ပြပြီး အကောင်မြင်နေပေမဲ့ ကိုယ့်ကို မပြောရဲဘဲ သွေးနည်းနေတဲ့ ကိစ္စတွေ၊ မျှော်တော်မောနဲ့ ဘယ်နေ့ ကိုယ့်ကို ချစ်ရေးဆိုလာမလဲ ဆိုတဲ့ ကိစ္စတွေဟာ လယ်ပြင်မှာ ဆင်သွားသလို ၊ ပန်းပုဆရာထုလုပ်တဲ့ ပန်းပုရုပ်လို ၊ ထင်ရှား ရုပ်လုံးကြွလာပါလိမ့်မယ်။ ကိုယ့်ချစ်သူဟာ ex နဲ့ အဆက်အသွယ် ပြန်လုပ်တာတွေ၊ သူ့ ရဲ့ ex က ကိုယ့်ချစ်သူကို အဆက်အသွယ် လုပ်လာတာတွေ ကြုံရတတ်ပါတယ် ။ ကိုယ့်ချစ်သူဟာ တစ်ခြားသူတွေရဲ့ ချစ်ရေးချစ်ရာတွေမှာ အောင်သွယ်တော် ပြန်ကြားရေး ၀န်ကြီး အနေနဲ့  လည်း စိတ်ဝင်တစ်စား ကူညီချင်တာလေးတွေကို တွေ့ ရတတ်ပါမယ်။ ချစ်ခွင့်တောင်းဆိုမဲ့သူ၊ ချစ်ရမဲ့သူဟာ ရည်းစားဦး မဟုတ်ဘဲ တစ်ပါးသူ ဦးထားပြီး ဖြစ်သား၊ အမှန်လေး လို့  ကိုယ်က ထင်နေပေမဲ့ .. ဟိုကောင်လေးတွေ ဆိုထားတဲ့ သီချင်းလို ၊ ဒုတိယသူ တို့ ၊ အသည်းမှာ တစ်နေရာစာ ဦးထားပြီးသား သူတို့  ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်မို့  ချစ်ရေးမဆိုခင်၊ အဖြေမပေးခင်မှာ နောက်ကြောင်းကိုလည်း စုံစမ်းကြပါ ။
ချစ်သူ ဖြစ်နေသူများ ၊ ဖြစ်ရန် ကျိုးစားနေသူများ အတွက်
ဆောင်ရန် ၊ရှောင်ရန်များ
ဆောင်ရန် ၊ရှောင်ရန်များ
ကျူကျူပေးမယ်
အမြတ်တစ်နိုးနဲ့ ပြောဆိုတဲ့ စကားတွေမှာ " တို့ ကလေ . . .၊ တို့ ကတော့ ၊ ဒီက .. " အစရှိတဲ့ စနေ နဲ့ စတဲ့  စကားလုံးတွေကို ဂရုစိုက်ပါ။ " ထားလိုက်တော့ .. ၊ နာတော့မှာပဲ . .ဆိုတာမျိုး လေးတွေ၊ " နင် ...နားစမ်းပါ .၊ ဒါလေးများ" ဆိုတဲ့ စကားလေးတွေ ရှောင်လိုက်ပါ ။
" ချစ်ကို မောင်ကလေ ရှေးရေစက်ကြောင့်ထင်တယ် .. စတွေ့ ကတည်းက ချစ်ခဲ့တာ . . . မောင့်ကိုလေ မေက ဟိုးငယ်ငယ်လေးကတည်း က အိပ်မက်ထဲမှာ ချစ်နေတာ ၊ ချစ်ကိုလေ မတွေ့ ရတာ ကြာလို့  အရမ်းလွမ်းတယ်ကွာ . . ၊ ကျောင်းတုန်းကလေ . . ဒီလို ပေါ့..၊ အရင်တုန်းက . .. ဟိုလို ပေါ့ ... " အဲသလိုမျိုး အရင့် အရင်တုန်းက အကြောင်း အရာလေးတွေ၊ စကားဟောင်းလေးတွေနဲ့ ပြောဆိုတာမျိုး ရှောင်ပါ။
အစားအသောက်
အအေးဆိုင် ၊ စားသောက်ဆိုင် ထိုင်ရင် တနင်္လာနဲ့ အင်္ဂါ တွဲထားတဲ့ ဆိုင်မျိုးမှာ အတတ်နိုင်ဆုံး မထိုင်ပါနဲ့ ။ ကြယ်စင်၊ ငွေဆောင် ၊ ချစ်လွန်းဆွေ ဆိုတဲ့ ဆိုင်မျိုးတွေပေါ့ ။ ကြာဆံ ကြော် ၊ ကြာဆံဟင်းခါး အစရှိတဲ့ အစားအသောက်တွေကိုလည်း တတ်နိုင်ရင် ရှောင်ပေးပါ။
ချစ်သူနဲ့ စားသောက်မယ်ဆိုရင်လည်း ထိုင်နေကျ ဆိုင်မှာပဲ ချစ်သူ အရင်တုန်းက မှာစားခဲ့တဲ့ အစားမျိုးတွေကို သူ့ ကိုမှာပေးတာမျိုး ၊ "ချစ် အတွက် ၊ ကို့ အတွက် ...ကြိုက်တတ်မှန်းသိလို့  အိမ်ကယူလာတာ .. ဟိုနေ့  က၀ယ်ထားတာပေါ့ ... " အစရှိတဲ့ စားနေကျ ၊ သောက်နေကျ ဟာလေးတွေ ၊ သကြားလုံးကို တစ်ယောက်တစ်ဝက် စုပ်စားတာမျိုး လေးတွေ ရှောင်ပါ။ ချစ်သူအတွက် ဆိုင်အသစ် ၊ အစားအသောက်အသစ်လေးတွေရတဲ့ နေရာမျိုးလေးတွေ ခေါ်သွားပေးပါ။
လည်လည်သွားမယ်
ချစ်သူနဲ့ အတူ လျှောက်လည်မယ် ဆိုရင် ရိုးရိုးယဉ်ယဉ် ဒီဇိုင်းမျိုး မဟုတ်ဘဲ သစ်ဆန်းနေမဲ့ ဒီဇိုင်းမျိုးလေးနဲ့ လည်ပါ။ ဒါပေမဲ့ သီရိ ကျက်သရေကို ပျက်ပြားစေမဲ့ ဒီဇိုင်းတွေ၊ လမ်းသွားနေတုန်း အိန္ဒြမရ ဟိုထိုး ၊ ဒီထိုး ၊ ဟိုကလိ ၊ ဒီကလိ လုပ်တာမျိုး ရှောင်ပေးပါ။ ချစ်သူနဲ့  လက်ချင်းချိတ် ၊ လက်မောင်းလေး ကိုင်ပြီး အသာလေးပေါ့။ အစိမ်းရောင် နဲ့  အဖြူရောင် တွဲပြီး ၀တ်ဆင်တာမျိုး ရှောင်ရှားပေးပါ။ အဲဒီလို ၀တ်စားမိရင်တော့ လူမိတာတွေ ဖြစ်ပါလိမ့်မယ်။ သူငယ်ချင်းတွေနဲ့ ၊ ကိုယ် နဲ့ ချစ်သူနဲ့ အတူတူ လျှောက်လည်ကြမယ်ဆိုရင် ၅ ယောက်ဖြစ်နေတာမျိုး ကိုလည်း ရှောင်ပါ။ ရုပ်ရှင်ကြည့်ရင် ရုံတင်တင်ချင်း ၊ ဇာတ်ကား အသစ်တွေ ကြည့်ပါ။ ရာဇ၀င်ကား ၊ ရှေးဟောင်းကား ၊ ရှေးတုန်းက ရိုက်ကူးခဲ့တဲ့ကားကို မင်းသား မင်းသမီး အသစ်နဲ့ ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားမျိုးတွေ ရှောင်ပါ။
ချော့ရအောင်
အကြောင်းပြချက် ပေးတော့မယ်ဆိုရင် ကိုယ်... ဗိုက်အောင့်နေလို့ ၊ ချစ်လေ .. ဒီနေ့  ဟိုဟာဖြစ်နေလို့ . . ဒီဟာဖြစ်နေလို့  အစရှိတဲ့ ကျန်းမာရေးနဲ့ ပတ်သက်တာကို အကြောင်းပြပြီး ကျေနပ်အောင် ချော့ပါ။ ရွှေရောင်၊ အ၀ါရောင် နဲ့ ပတ်သက်တဲ့ ယုန်ရုပ်တို့ ၊ လွယ်အိတ်တို့ နဲ့  ချော့မယ်။ ချစ်သူ စိတ်တိုင်းကျ ရွေးဝယ်စေချင်ရင်တော့ ဗုဒ္ဓဟူးနေ့ ကို ချိန်းပါ။
Night Out & First Date
တနင်္ဂနွေနေ့ မှာ တွေ့ ပါ။ အသစ်အဆန်းဖြစ်အောင် ချိန်း နေကျနေရာမှာ မတွေ့ ဘဲ နေရာပြောင်းပြီး ချိန်းတွေ့  ပါ။ တွေ့ ရင်လည်း အာဘွား အသစ်အဆန်းတွေနဲ့ လန်းအောင် ကျိုးစားပါ။ တနင်္လာနေ့ မှာတော့ ချိန်းမတွေ့  သင့်ပါ . .
ချစ်သူတိုင်း သစ္စာရှိရှိ ချစ်ကြပါစေ . . .
တေးအေးရိပ်
x x x
အကြံပေးချက်အတွက် နေ့ သားသမီးများကို ကြိုတင်ပြောထားပါရစေ . . ကိုယ့်နေ့ သားသမီးတွေမှာ ကိုယ့်ချစ်သူနေ့ သားသမီး မပါဘူးဆိုရင်တော့ ဒီအကြံပြုချက်မှာ ရေးမှာမဟုတ်ပါဘူး . .
နေ့ သားသမီးတွေကတော့
၁) ချစ်သူ သောကြာ . . . ကိုယ် သောကြာ
၂) ချစ်သူ တနင်္လာ . . .ကိုယ် အင်္ဂါ
၃) ချစ်သူ အင်္ဂါ . . . ကိုယ် တနင်္လာ
၎) ချစ်သူ ကြာသပတေး . . . ကိုယ် စနေ
၅) ချစ်သူ စနေ . . ကိုယ် ကြာသပတေး
၆) ချစ်သူ တနင်္ဂနွေ . . . ကိုယ် ဗုဒ္ဓဟူး
၇) ချစ်သူ ဗုဒ္ဓဟူး . . . ကိုယ် တနင်္ဂနွေ
တို့ ပဲ ဖြစ်ပါတယ် . .

No comments:
Post a Comment