ချစ်သူ အင်္ဂါ . . . ကိုယ် တနင်္လာ
၁၃၇၁ ခုနှစ်မှာတော့ ချစ်သူက အင်္ဂါ သားသမီး ၊ ကိုယ်က တနင်္လာ သားသမီး ဆိုရင်တော့ ချစ်ရေးချစ်ရာတွေမှာ
ကိုယ့်ဒူးကိုယ်ချွန် ၊ ကိုယ့်အားကိုယ်ကိုး ၊ ကိုယ်စွမ်းကိုယ်စနဲ့  ကျူကျူပေးတာထက် အောင်သွယ်တော်တွေရဲ့ အကူအညီကို ယူရင် ပိုပြီး အဆင်ပြေပါလိမ့်မယ်. . .ကိုယ်စိတ်ဝင်စားနေတဲ့သူဟာ တစ်ခြားလူက အစပျိုးပြီးသားဖြစ်နေ၊ ရည်ငံပြီးသား ဖြစ်နေရင်တောင်မှ ကိုယ်က ကြားကားဆွဲနိုင်မဲ့ အခြေအနေမျိုးကို ရရှိပါလိမ့်မယ်။
ချစ်သူ ဖြစ်နေသူများ ၊ ဖြစ်ရန် ကျိုးစားနေသူများ အတွက် ဆောင်ရန် ၊ ရှောင်ရန် များ
ကျူကျူပေးမယ်
အမြတ်တနိုး ပြောဆိုတဲ့ စကားတွေမှာ " သြော် . . ၊ အင်း . . ၊ အဲလို. . ." အစရှိတဲ့ တနင်္ဂနွေနဲ့ စတဲ့ စကားလုံးလေးတွေကို ဂရုစိုက်ပါ။ " အချစ်လေး . . အသည်းလေး .. အာဘွား " အစရှိသဖြင့်ပေါ့ ။
"ချစ်အတွက် ကိုယ်ကိုယ်တိုင် သေချာစုံစမ်းပြီး ၀ယ်လာတာ ၊ . . မောင့်အတွက် . . ချစ် ကိုယ်တိုင် တစ်ကူးတစ်က လုပ်လာတာ" ဆိုတဲ့ ကိုယ်တိုင်လုပ်ခဲ့တဲ့ ၊ကိုယ်စွမ်း ကိုယ်စနဲ့ လုပ်တဲ့ ကိစ္စတွေ ... အကြောင်းအရာလေးတွေ ထက်.." သူငယ်ချင်းကို .. အကူအညီတောင်းထားတယ် ဆိုတာမျိုးတွေ၊ ချစ်ကိုလေ...တစ်ခုလောက် ကူညီပါအုံး .. မောင့်ကို ကူပါအုံး .. . အားကိုး ပါရစေ".. ဆိုတဲ့ အကူအညီတောင်းတဲ့ စကားမျိုးလေးတွေကို ပြောပေးပါ။
ကျန်းမာရေး ဂရုစိုက်နော် ၊ အားရှိအောင် စား ၊ နေပူထဲမသွားနဲ့  ဆိုတဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အပြောလေးတွေ လျှော့ပြီး ပြောပေးပါ။
အစားအသောက်
အအေးဆိုင် ၊ စားသောက်ဆိုင် ထိုင်ရင် အင်္ဂါ နဲ့ တနင်္လာ တွဲထားတဲ့ ဆိုင်မျိုးမှာ အတတ်နိုင်ဆုံး မထိုင်ပါနဲ့ ။
ဆောင်တော်ကူး ၊ စံရိပ်ငြိမ် အစရှိတဲ့ ဆိုင်နာမည်လေးတွေပေါ့ . ။
ချစ်သူနဲ့ စားသောက်မယ်ဆိုရင်လည်း ကိုယ် ကိုယ်တိုင် မှာတာထက် ချစ်သူ ကြိုက်တတ်တဲ့ ဟာလေးကို မေးပြီး ချစ်သူကိုပဲ မှာခိုင်းပါ။ " ချစ်ဘာကြိုက်လဲ . .ချစ်မှာတာ ပဲ ကိုယ်စားမယ်. . မောင် မှာပေးတာပဲ ချစ်စားမယ် " အစရှိတဲ့ အားကိုး ၊ ဦးစားပေးတဲ့ သဘောဆောင်တဲ့ အစားအသာက်တွေ မှာစားပါ ။ " ချစ်သူငယ်ချင်း ပြောတဲ့ ဆိုင်မှာ သွားစားချင်လို့ .. မောင် လိုက်ပို့ ပေးနော် .. အဲဒီဆိုင်က အရမ်းကောင်းတယ်ဆိုပြီး ညွှန်းလို့ " ဆိုတဲ့ တစ်ဆင့်စကား ကြားတဲ့ ဆိုင်မျိုးတွေ ရွေးချယ်ပြီး စားပါ။
လည်လည်သွားမယ်
ချစ်သူနဲ့ လျှောက်လည်မယ်ဆိုရင် မျက်စိအေးတဲ့ ဒီဇိုင်းမျိုးလေးတွေနဲ့ လည်လည်ထွက်ပါ။ ချစ်သူကြိုက်တတ်တဲ့ အရောင်လေးကို မေးပြီး ၀တ်ပါ။ " ဒီနေ့ ဘာဝတ်လာရမလဲ... ပုဆိုးနဲ့ လား ဘောင်းဘီလား ၊ စကတ်ထမိန်လား ၊ ရိုးရိုးထမိန်လား ၊ ဂျင်းပင်လား " အဲသလိုမျိုး ချစ်သူကို မေးပြီးတော့ ၀တ်ပါ။ အဖြူ နဲ့ အစိမ်းရောင် တွဲဖက် ၀တ်ဆင်တာမျိုး သတိပြုပါ။ သူငယ်ချင်းတွေနဲ့ ၊ ကိုယ် နဲ့ ချစ်သူနဲ့ အတူတူ လျှောက်လည်ကြမယ်ဆိုရင် ၅ ယောက်ဖြစ်နေတာမျိုး ကိုလည်း ရှောင်ပါ။ ရုပ်ရှင်ကြည့်မယ်ဆိုရင် ကိုယ့်ဒူးကိုယ်ချွန် ကားမျိုးတွေ၊ မင်းသားက ဆင်းရဲရာကနေ ကြိုးစားလို့ သူဋ္ဌေးဖြစ်သွားတဲ့ကားမျိုးတွေ ရှောင်ကြည့်ပါ။
ချော့ရအောင်
အကြောင်းပြချက် ပေးတော့မယ်ဆိုရင် မနက်ဖက်ဆိုရင်တော့ ရန်ဖြစ်နေတာကို အကြောင်းပြပါ။ ညနေဖက်ဆိုရင်တော့ ကျန်းမာရေးကို အကြောင်းပြပါ။ " မနက်က အိမ်မှာ အဆင်မပြေဖြစ်နေလို့  ။ ဖေဖေ နဲ့ မေမေ နောင်ဂျိန်ပလေးနေလို့ " . . ." ညနေက အဖေ့ကို ဆေးခန်းလိုက်ပို့ နေရလို့ . . ချစ် ညနေက ဟိုဟာဖြစ်နေလို့  .. ကိုယ်ညနေတုန်းက သွေးတိုးနေလို့ " အဲသလို မျိုးလေးတွေပေါ့ . . ။ ချစ်သူကို ပန်းလက်ဆောင် ပေးပြီး ချော့ပါ။ ချစ်သူ စိတ်တိုင်းကျ ရွေးချယ်စေချင်ရင်တော့ ကြာသပတေးနေ့ ကို ချိန်းပါ။
Night out & First Date
ကြာသပတေးနေ့ ကို ချိန်းပါ။ ချစ်သူကို လာကြိုခိုင်းပါ။ တွေ့ ရင်လည်း အာဘွား လေးတော့ မမေ့နဲ့ အုံးနော် . . အင်္ဂါနေ့ မှာတော့ ချိန်းမတွေ့ သင့်ပါ။
ချစ်သူတိုင်း သစ္စာရှိရှိ ချစ်ကြပါစေ . . .
တေးအေးရိပ်
x x x
အကြံပေးချက်အတွက် နေ့ သားသမီးများကို ကြိုတင်ပြောထားပါရစေ . . ကိုယ့်နေ့ သားသမီးတွေမှာ ကိုယ့်ချစ်သူနေ့ သားသမီး မပါဘူးဆိုရင်တော့ ဒီအကြံပြုချက်မှာ ရေးမှာမဟုတ်ပါဘူး . .
နေ့ သားသမီးတွေကတော့
၁) ချစ်သူ သောကြာ . . . ကိုယ် သောကြာ
၂) ချစ်သူ တနင်္လာ . . .ကိုယ် အင်္ဂါ
၃) ချစ်သူ အင်္ဂါ . . . ကိုယ် တနင်္လာ
၎) ချစ်သူ ကြာသပတေး . . . ကိုယ် စနေ
၅) ချစ်သူ စနေ . . ကိုယ် ကြာသပတေး
၆) ချစ်သူ တနင်္ဂနွေ . . . ကိုယ် ဗုဒ္ဓဟူး
၇) ချစ်သူ ဗုဒ္ဓဟူး . . . ကိုယ် တနင်္ဂနွေ
တို့ ပဲ ဖြစ်ပါတယ် . .

No comments:
Post a Comment