မြန်မာပြက္ခဒိန်ပဲဖြစ်ဖြစ် ၊ သိုးဆောင်းပြက္ခဒိန်ပဲဖြစ်ဖြစ်၊ အိုကွာ တကမ္ဘာလုံးက ပြက္ခဒိန်တွေအားလုံးမှာ ဒီနေ့ ခုနှစ်နေ့ ကိုပဲ အသုံးပြုထားတာကွာ၊ ရာဟုလည်းမပါဘူး၊ သံဒေါင်းလည်းမပါဘူး၊ ယူရေးနပ်စ်၊ နက်ပကျွန်း၊ ပလူတို ဘာမှ မပါဘူးကွာ
တကယ်တော့ တနင်္ဂနွေအစ စနေအဆုံး နေ့ ခုနှစ်နေ့ ကို အခြေခံထားတဲ့ ငါတို့ မြန်မာ့ရိုးရာ လက်ဆန်းဗေဒင်က ဂမ္ဘီရဆန်သလို အထင်လည်းမသေးနဲ့ မောင်ရင်ရေ့ 
ခုနှစ်ကြိမ် ခုနှစ်လီ လှည့်ကြည့်မိသူ ခုနှစ်လီ ခုနှစ်ကြိမ် အမှန်အတိုင်း ပြောလိုက်ရရင်. . .
ဟာ . . . ပျောက်ချက်သားကောင်းနေလိုက်တာ
ရောက်မယ့်ရောက်ပြန်တော့လည်း ကိုခင်မောင်တိုးရဲ့ ရောင်စဉ်ခုနှစ်သွယ်နဲ့ ရောက်လာပါလား
အဟဲ . . . မင်းထင်လို့ ပါကွာ၊ ဒီရက်ပိုင်းရဲ့ ထူးခြားမှုလေးတွေ မင်းမျက်ခြေပြတ်နေပြီထင်တယ်
ခုနှစ်တော့ ခုနှစ်ပဲ ဒါပေမယ့် ခင်မောင်တိုးမဟုတ်ဘူး၊ ခုနှစ်ပြည်ထောင် ဂန်ဖလားကွ
ခွီး. . . ၀ိဇ္ဇာကြီးကတော့ လုပ်ပြီ၊ ကိုယ့်ဘာသာ အေးအေးနေပါဆို၊ လုံးတီးဆန် စားချင်နေပြန်ပြီ
အဟီး . . . မင်းကိုပြောမှာနဲ့ ခုနှစ်ချင်း တိုက်ဆိုင်သွားလို့ ပါကွာ
အတော်ပဲ . . . ကျနော်လည်း ခုနှစ်ကို အာရုံကျနေတာ၊ ဒီရက်ပိုင်းမှာ ခုနှစ်တွေကို ဖိလိုက်မလို့ ဗျ
အခုတလော နည်းနည်းလေး တေ့လွဲ လွဲနေတာ အကြွေးတောင် တင်ချင်နေတယ်
ခွီးမှပဲ၊ နှစ်လုံးရောဂါနဲ့ တိုးနေပြန်ပြီ၊ ဖြတ်လမ်းမလိုက်ပါနဲ့ ငါလူရာ၊ ထီထိုးစားလို့ ချမ်းသာတဲ့လူ တွေ့ ဖူးပါဘူးကွာ
သိတော့ပါဘူးဗျာ၊ ဗေဒင်မေးလိုက် ထီထိုးလိုက် ဘိုးတော်ပင့်လိုက် ဘော်ပွဲလောင်းလိုက်နဲ့ ဘာမှ လုပ်မစားတတ်တော့ပါဘူးဗျာ
အေးပါကွာ၊ ခေတ်ကြီးကိုက မကောင်းပါဘူး၊ လုပ်စားတော့မိုးခေါင် ခိုးစားတော့ခွေးဟောင်ဆိုသလို ဖြစ်နေတာ ကြာလှပေါ့
မသမာသူတွေကတော့ ကောင်းစားလို့ ပါဗျာ၊ ဘုရားကြီးကိုတောင် အပေါင်ခံထားသေးသတဲ့
ကြံကြီးစည်ရာကွာ၊ မင်းဘယ်က အလေနတော အတင်းအဖျင်းတွေ ကြားလာပြန်ပလဲ
ဟုတ်ရင်လည်း ဟုတ်လောက်တယ် ၀ိဇ္ဇာကြီးရ၊ အီးမေးလ်ထဲ ဘလော့ထဲမှာ အဲဒီသတင်းက ပျံ့ လို့ 
ဟေ၊ ရှယ်စမ်းပါဦးကွာ ဟုတ်သော်ရှိ မဟုတ်သော်ရှိပေါ့
ဒီလိုဗျ၊ ရွှေတိဂုံဘုရားပေါ်က အလှူခံသေတ္တာပုံးတွေ အကုန်လုံးကို ဘာသာခြားသူဌေးကို တနှစ်စာအတွက် သိန်းငါးထောင် နဲ့  ကန်ထရိုက်ပေးထားတာတဲ့၊ ဘုရားပေါ်မှာ ညဦးပိုင်းပုံမှန်ဘုရားဝတ်ပြုလေ့ရှိတဲ့ ညီအမနှစ်ဦးက ညတိုင်းညတိုင်း ဘုရားပိတ်ချိန်ဆို အလှူခံပုံးတွေကို ထမ်းထမ်းပြီးသိမ်းနေတဲ့ ကောင်လေးကိုတွေ့ တော့ မေးကြည့်ရာကနေ သူ့ သူဌေးက သိမ်းခိုင်းလို့ လိုက်သိမ်းနေရတာဆိုပြီး ကောင်လေးက ရှင်းပြလို့ သိလာရတာလို့ ပြောတာပဲ။ သူတို့ ညီအမလည်း အဲဒီနောက်ပိုင်း အလှူခံပုံးထဲကို အလှူငွေမထည့်တော့ဘူးတဲ့၊ သူတို့ နဲ့ ရင်းနှီးတဲ့ ဘုရားဂေါပကတယောက်ကို မေးကြည့်တော့ အဲလို ကန်ထရိုက်ပေးထားတာ ဟုတ်တယ်လို့ ပြောသတဲ့
ဟေ . . ကျားသားမိုးကြိုးကွာ၊ မင်းသတင်းက ဟုတ်ပါ့မလားကွ
မယုံရင်လည်းနေပေါ့ ၀ိဇ္ဇာကြီးရာ၊ သံဃာတော်တွေတောင် ရိုက်သတ်နေတဲ့ခေတ်မှာ ဘုရားအလှူခံပုံးကို ကန်တရိုက်ပေးတာ ဖြစ်နိုင်တာပဲ အသေးစိတ်သိချင်ရင် ဒီလင့်မှာသွားဖတ်ကြည့်ပေါ့
အေး . . . အေး. . . ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်နဲ့ ပေါ့ကွာ၊ အချိန်တန်ရင် သူ့ တရား သူစီရင်ပါလိမ့်မယ်ကွာ
ကဲပါဗျာ၊ မြင်ရကြားရတဲ့သတင်းတွေကလည်း မကောင်းလှပါဘူး၊ လိုရင်းကိုသာ ပြောပါတော့ဗျာ
အင်း . . . ဒီတခါတော့ အရင်ပြောဖူးတာတွေရဲ့ အဆက်လို့ ပဲ ဆိုချင်ဆိုကွာ၊ နေ့ ခုနှစ်နေ့ ရဲ့ ဂမ္ဘီရသချာင်္အကြောင်း ဆက်ပြောပြမယ်
ရေးလို့ ဖတ်လို့ လွယ်အောင် နေ့ ခုနှစ်နေ့ ကို ဂဏန်းခုနှစ်လုံးအနေနဲ့ ပဲ မှတ်ထားပေါ့ကွာ
၁ ၂ ၃ ၄ ၅ ၆ ၀ ပေါ့၊ သုညကတော့ တို့ လောကမှ ၇ ကိုယ်စားရေးတာ
မြန်မာပြက္ခဒိန်ပဲဖြစ်ဖြစ် ၊ သိုးဆောင်းပြက္ခဒိန်ပဲဖြစ်ဖြစ်၊ အိုကွာ တကမ္ဘာလုံးက ပြက္ခဒိန်တွေအားလုံးမှာ ဒီနေ့ ခုနှစ်နေ့ ကိုပဲ အသုံးပြုထားတာကွာ၊ ရာဟုလည်းမပါဘူး၊ သံဒေါင်းလည်းမပါဘူး၊ ယူရေးနပ်စ်၊ နက်ပကျွန်း၊ ပလူတို ဘာမှ မပါဘူးကွာ
တကယ်တော့ တနင်္ဂနွေအစ စနေအဆုံး နေ့ ခုနှစ်နေ့ ကို အခြေခံထားတဲ့ ငါတို့ မြန်မာ့ရိုးရာ လက်ဆန်းဗေဒင်က ဂမ္ဘီရဆန်သလို အထင်လည်းမသေးနဲ့ မောင်ရင်ရေ့ 
အင်း . . . ဟုတ်တယ်နော်၊ ကိန်းဂဏန်းသေးပေမယ့် အားလုံးလက်ခံထားတဲ့ နေ့ တွေကို အခြေခံတည်ဆောက်ထားတာ တီထွင်ခဲ့တဲ့ ရှေးပညာရှင်တွေကို လေးစားဖို့ ကောင်းသဗျာ
အိန်း . . . ဟုတ်သကွ၊ ဟောဒီမှာကြည့် သူရဇ္ဇတိုင်ကို နမူနာပြပေးမယ်ကွာ

မတလုံးကြေ အတုလဆရာတော် ခင်ကြီးဖျော်က ကျမ်းရင်းလကာင်္အနေနဲ့ (သစ်ဆိမ့်ပန်းယသူရဇ္ဇ နေထကောင်းကြွယ်ရာ၊ လင်းပြစည်သာ အစဉ်သာ ရှောင်ခွာဝေးစွသူရဇ္ဇ) ဆိုပြီး န၀င်းတွဲတွေကို ပြခဲ့တယ်လေကွာ
အင်း . . . သိတယ်လေ၊ အမြစ်အညွန့် မတွန့် စေရလို့ လည်း ဆိုခဲ့သေးတယ် မဟုတ်လား
ဟုတ်တော့ဟုတ်တယ်ကွ၊ ဒါပေမယ့် မဟုတ်သေးဖူးကွ
ဟာဗျာ . . . ရှင်းရှင်းပြောပါဗျာ၊ နဂိုတည်းကမှ မရှင်းလို့ ရှုတ်နေရတဲ့ကြားထဲ
ဒီလိုလေကွာ၊ ဟုတ်တယ်ဆိုတာက န၀င်းတွဲတူတာကိုပြောတာ၊ မဟုတ်သေးဖူးဆိုတာက အားချင်းမတူတာကိုပြောတာ
မင်းနားလည်အောင် ရှင်းပြရမယ်ဆိုရင်
မူလအချာ ၁ ကို ၅+၄ န၀င်းတွဲက ကောင်းစေတယ်
မူလအချာ ၁ ကို ၆+၃ န၀င်းတွဲက ကောင်းစေတယ်
မူလအချာ ၁ ကို ၀+၂ န၀င်းတွဲက ကောင်းစေတယ် ဆိုတာ မင်းသိပြီးသားပဲနော်
ဟုတ်ကဲ့ . . . အပြင်န၀င်း၊ အတွင်းန၀င်း၊ ဓါတ်န၀င်းတွဲတွေလေ
အေး . . . နောက်တဆင့်ရှင်းပြမယ်
မူလအချာ ၁ ကို ကောင်းစေပါတယ်ဆိုတဲ့ ၅+၄ န၀င်းတွဲမှာ အရင်းလုံးဖြစ်တဲ့ ၅ ကနေ စတင်ရေတွက်ရင် အဖျားလုံးဖြစ်တဲ့ ၄ ကို ရောက်ဖို့ အတွက် ၇ ကြိမ် (အမြစ်) ရေတွက်ရသလို၊ အဖျားလုံးဖြစ်တဲ့ ၄ ကနေ အရင်းလုံးဖြစ်တဲ့ ၅ကို ရောက်ဖို့ အတွက် ၂ကြိမ် (အညွန့် ) ရေတွက်ရတယ်ကွ၊ ဒါကြောင့် ပန်းယန၀င်းတွဲဟာ အမြစ်အညွန့် ပြန်ရလို့ န၀င်းမှန်တယ်ကွ
မူလအချာ ၁ ကို ကောင်းစေပါတယ်ဆိုတဲ့ ၆+၃ န၀င်းတွဲမှာ အရင်းလုံးဖြစ်တဲ့ ၆ ကနေ စတင်ရေတွက်ရင် အဖျားလုံးဖြစ်တဲ့ ၃ ကို ရောက်ဖို့ အတွက် ၅ ကြိမ် (ပဉ္စပွတ်) ရေတွက်ရသလို၊ အဖျားလုံးဖြစ်တဲ့ ၃ ကနေ အရင်းလုံးဖြစ်တဲ့ ၆ ကို ရောက်ဖို့ အတွက် ၄ ကြိမ် (စတုရန်း) ရေတွက်ရတယ်ကွ၊ ဒါကြောင့် သစ်ဆိမ့်န၀င်းတွဲဟာလည်း ပန်းယန၀င်းတွဲ ပြန်ရလို့ န၀င်းမှန်တယ်ကွ
အင်း . . . ရေးတေးတေးတော့ သဘောပေါက်သလိုလိုပဲ အဟီး
ကောင်းပြီ၊ အမြစ်အညွန့် တွဲကို ဆက်ကြည့်ကွ
မူလအချာ ၁ ကို ကောင်းစေပါတယ်ဆိုတဲ့ ၀+၂ န၀င်းတွဲမှာ အရင်းလုံးဖြစ်တဲ့ ၀ ကနေ စတင်ရေတွက်ရင် အဖျားလုံးဖြစ်တဲ့ ၂ ကို ရောက်ဖို့ အတွက် ၃ ကြိမ် (တြိရန်း) ရေတွက်ရသလို၊ အဖျားလုံးဖြစ်တဲ့ ၂ ကနေ အရင်းလုံးဖြစ်တဲ့ ၀ ကို ရောက်ဖို့ အတွက် ၆ ကြိမ် (ဆပွတ်) ရေတွက်ရတယ်ကွ၊ ဒါကြောင့် အမြစ်အညွန့် န၀င်းတွဲကျတော့ သစ်ဆိမ့်မဖြစ်ပဲ စည်သာဆိုပြီး ပြောင်းပြန်တွဲ ဖြစ်နေတယ်ကွ၊
ဒါကြောင့် ဆရာတော်က သစ်ဆိမ့်ပန်းယသူရဇ္ဇ နေထကောင်းကြွယ်ရာလို့ ပဲပြခဲ့တာ၊ န၀င်းချင်းတူပေမယ့် အမြစ်အညွန့် ကျတော့ အားချင်းမတူဖူးလို့ ဒါကြောင့် ငါပြောတာပေါ့ကွ
ဒါဆိုရင်တော့ ဒုက္ခပါပဲ၊ အင်္ဂ၀ိဇ္ဇာကလည်း ရှုတ်နေတာပဲ၊ ယတြာဓါတ်ရိုက်ဓါတ်ဆင်လေးတောင် မလုပ်ရဲတော့ဖူးဗျာ
အေးပေါ့ကွာ၊ ပညာဆိုတာ ဒီလောက်လွယ်မှတော့ လူတိုင်းတတ်ပြီး လူတိုင်းအသုံးချနေမှာပေါ့ကွ၊ တွေးတောကြံဆ ဆင်ခြင်သုံးသပ်ပြီးမှာ အနာနဲ့ ဆေး တည့်အောင်ပေးတတ်ဖို့ လိုတယ်၊ သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေးပေါ့ကွာ
ဒါဆိုရင် အမြစ်အညွန့် က သစ်ဆိမ့်ပန်းယလောက် မကောင်းဖူးပေါ့
ငါက ဒီလိုလဲ မပြောဖူးလေကွာ၊ သဇင်နဲ့ မြတ်လေးကို အဆောင်အရွက်ပြုတာနဲ့ နေကြာကို အဆောင်အရွက်ပြုရာမှာ အားချင်းမတူလို့ သူ့ နေရာနဲ့ သူ မှန်မှန်ကန်ကန် အသုံးချတတ်ဖို့ လိုတယ်လို့ ပဲ ပြောတာလေကွာ
အဲဒီသူ့ နေရာနဲ့ သူအသုံးချတတ်ဖို့ လိုတယ်ဆိုတာ ရှင်းပြလေဗျာ၊ မရှင်းပြရင် ဘယ်သိပါ့မလဲ
မင်းလည်း ကျောင်းနေဖူးတာပဲကွာ၊ ဆရာဆိုတာ နည်းလမ်းကိုပြပေးတာလေ၊ နည်းလမ်းရပြီဆိုရင် လက်တွေ့ အသုံးချတတ်အောင် ကိုယ်ပိုင်ဥာဏ်လေးဘာလေး ထုတ်ပြီး ကြိုးစားကြည့်ပေါ့ကွ၊ အစအဆုံး အားကိုးရှာနေမှတော့ ဘယ်လိုလုပ် တက်လမ်းရှိတော့မှာလဲ၊ မသိကြလျှင်တွေးဆဦးပေါ့ကွာ
အင်း. . . အင်း . . . ထားပါတော့ဗျာ၊ အခုတော့ ခေါင်းမူးသွားပြီ၊ တရေးအိပ်လိုက်ဦးမယ်ဗျို့ 
ကောင်းပါ့ကွာ၊ တပည့်တယောက်မွေးပါတယ်၊ အပျင်းပြိုင်မလားဆိုရင် ပြိုင်ရမှာတောင် ပျင်းသေးတယ်ဆိုတဲ့ကောင်နဲ့ လာတွေ့ နေတယ်၊ ကဲ . . . ကဲ အိပ်ပါကျေးဇူးရှင်ရယ် . . .
No comments:
Post a Comment