Search This Blog

ချစ်ချစ်အကြောင်း တစ်စေ့တစ်စောင်း (၂ )

ချစ်ချစ်အကြောင်း ... တစ်စေ့တစ်စောင်း . . . ချစ်ချစ်အကြောင်း ... တစ်စေ့တစ်စောင်း . . . ချစ်ချစ်အကြောင်း ... တစ်စေ့တစ်စောင်း ..စာစု (၂)
က ၊ ခ ၊ ဂ ၊ ဃ ၊ င ... ဖြင့် နာမည်အဖျားစာလုံးမှည့်ခေါ်ထားသော ချစ်ချစ်တို့အကြောင်း







ဒီတစ်ခါကတော့..... နာမည်အဖျားစာလုံးကို က၊ ခ၊ ဂ၊ ဃ၊ င နဲ့ မှည့်ခေါ်ထားတဲ့ချစ်ချစ်တို့အကြောင်းပါ။

သူတို့ကတော့ စိတ်ကူးယဉ်ဆန်တဲ့ သူတွေ ဖြစ်ကြပါတယ်။ အကူအညီပေးတာမျိုး၊ တစ်ခြားသူတွေရဲ့ ကဏ္ဍတွေကို ကြားဝင် ဆောင်ရွက်ပေးရတာမျိုး မကြာမကြာလုပ်လေ့ ရှိကြတဲ့အတွက် .... သူတို့နဲ့ ချစ်သူလေးများ ဖြစ်မိကြမယ်ဆိုရင်တော့ ကိုယ်ကိုယ်တိုင်ကလည်း သူနဲ့အတူ ကူညီတတ်ဖို့လိုပါလိမ့်မယ်။

သူတို့က ..များသောအားဖြင့်... စိတ်ကြည်လင်စရာလေးတွေ ပေါ့ပေါ့ပါးပါးလေးတွေပဲ နေတတ်ထိုင်တတ်၊ လိုလားတတ်ကြတယ်။ ဒါကြောင့် သူတို့ကို တာဝန်တွေ ပရက်ရှာတွေ၊ စိတ်ညစ်စရာတွေ ရင်ဖွင့်ပြလို့ မသင့်လျော်ဖူး။ သူတို့က အဲဒါမျိုးဆို ရှောင်ကျဉ်သွားတတ်တယ်။ သူတို့ကို ချစ်သူအဖြစ် အိမ်ထောင်ဖက်အဖြစ် ရွေးခြယ်မယ်ဆိုရင် ကြိုသိထားဖို့ အဓိက အရေးကြီးတာ တစ်ခုတော့ရှိပါတယ်။ တခြားမဟုတ်ပါဘူး။ သူတို့ကို ပျော်အောင် ထားနိုင်မလားလို့သာ ... ကိုယ့်ကိုယ်ကို ပထမဦးစွာမေးကြည့်ထားဖို့ လိုအပ်ပါတယ်။ သူတို့က အများအားဖြင့် တော်ရာမှာထက် ပျော်ရာမှာမွေ့တတ်ကြတဲ့သူတွေလို့ ဆိုနိုင်ပါတယ်။

ကလေးကလား ဆန်တတ်သလို ....... သူတို့ရဲ့ ဘ၀ဦးတည်ချက်ကလည်း မကြာခဏဆိုသလို ပြောင်းလည်းနေတတ်ကြပါတယ်။ တစ်ခါတစ်ခါ အရမ်း စိတ်ဓါတ်ကျနေတတ်သလို တစ်ခါတစ်ခါ အရမ်း စိတ်ရွှင်မြူးနေ တတ်တာလည်း သူတို့လေးတွေပါပဲ။ တစ်ကယ့်ကို လွတ်လပ်ပေါ့ပါးမှုကို နှစ်သက်တတ်သူတွေ ဖြစ်ပြီး၊ ချုပ်ချယ်မှုကို လုံးဝ ကြောက်တတ်သူတွေလည်း ဖြစ်တဲ့အတွက်၊ အနှောင်အတွယ်တွေ ဖိနှိပ်မှုတွေကို သူတို့က ခါးသီးတတ်ပါတယ်။

သူတို့က ..ဘယ်အရာကိုပဲဖြစ်ဖြစ် စကောစက အခြေအနေမျိုးတွေကို နှစ်သက်လေ့ ရှိတတ်ကြတဲ့အတွက် ......... သူတို့ကို ချစ်ခွင့်ပန်တဲ့အခါမှာလည်း အများအားဖြင့် ...မပြတ်မသား ဖြေလေ့ရှိကြပါတယ်။ ဟိုလိုလို သည်လိုလိုလုပ်လို့ဆိုပြီး ... ဒေါမကန်လိုက်ပါနဲ့။ သူတို့ရဲ့ သဘာဝမို့ ခွင့်လွှတ် နားလည်ပေးနိုင်မှပဲ ဖြစ်ပါလိမ့်မယ်။ တစ်ခါတစ်ခါ ဂွကျတာမျိုးလေးတွေကတော့ ...... သူတို့ကို လေးလေးနက်နက် တွေးခိုင်း နေခိုင်း လုပ်ကိုင်ခိုင်းရ ခက်တာလေးတွေပါပဲ။

သူတို့က သိပ်ဟဲဗီးဖြစ်တာတွေကို မှ လက်မခံနို်င်တာကိုး။ ဒါကြောင့် လေးနက်စွာ သဘောထားဖို့ ဆိုတာ သူတို့အတွက် သာမန်ကနေ ကြီးမားတဲ့ အခက်အခဲမျိုးတွေအထိ ဖြစ်နေနိုင်ပါတယ်။ အကယ်လို့များ ကိုယ်က ဒီလို နာမည်အဖျားစာလုံးရှိတဲ့ ချစ်ချစ်ကလေးတစ်ယောက်ကို နီးစပ်ဖို့ကြိုးစားတော့မယ်ဆိုရင်တော့ ....... သင့်ကိုယ်သင် .. ဦးစွာ ဒီလိုနေပေးတတ်ဖို့လိုပါတယ်။

ပျော်ပျော်ပါးပါး ပေါ့ပေါ့ပါးပါးစတိုင်မျိုး ဖန်တီးထားပါ။ ကျူတာဆရာ/ဆရာမ စတိုင်မျိုး ၊ စည်းကမ်းသေ၀ပ် သူပုံစံမျိုး ဖြစ်နေလို့မရပါဘူး။ စိတ်ချမ်းသာစရာ အကြောင်းတွေ။ ဟာသလေးတွေ။ ရုပ်ရှင် အနုပညာ အကြောင်းတွေ ....... အသင်းအဖွဲ့ဆိုင်ရာ ကဏ္ဍလေးတွေ၊ သင်တန်းနဲ့ ဆိုင်တဲ့ စကားလေးတွေ ......... ဒါမျိုးလေးတွေနဲ့ သူတို့ကို ချဉ်းကပ်ရင် ပိုမိုလွယ်ကူပါလိမ့်မယ်။ သြော်.. ဖြစ်နိုင်ရင် သူတို့နဲ့တွေ့တဲ့အခါ အရောင်မှိုင်းမှိုင်းကြီးတွေထက် အရောင်လွင်လွင်လေးတွေကို ပိုဝတ်ဆင်သုံးစွဲသင့်တယ်။ သူတို့နဲ့ ရည်းစားဖြစ်တဲ့အခါမှာ တတ်နိုင်သလို အလုပ်အားရက် ကြားရက်ကလေးတွေဖန်တီးပြီး......... ရေနဲ့နီးစပ်တဲ့ နေရာမျိုးလေးတွေမှာ .... ချစ်သူနှစ်ဦး အနားယူပေးသင့်တာပေါ့။ ( ရေထဲတော့မခုန်ချနဲ့နော်) သူတို့က မီဒီယာ ကဏ္ဍတွေကိုလည်း အရမ်း စိတ်ဝင်စားတတ်ပါတယ်။ ဟိုဘက်ကနေ သည်ဘက်ကို ... ကူးပေးဖို့က သူတို့ဝါသနာပေါ့။ အောင်သွယ်တို့ ..ဂျွိုင်းပေးတာတို့ကိုလည်း အလျဉ်းသင့်သလိုလုပ်တတ်ကြပါသေးတယ်။ အဲလိုလုပ်ပေးရင်းက ....ကိုယ့်အနေနဲ့ အထင်လွဲစရာမျိုးလေးတွေ လာလာပြီး ကြုံခဲ့ရင်လည်း ..... သူ့သဘာဝကို နားလည်ပေးပြီး... ခွင့်လွှတ်ပေးနိုင်ဖို့လိုပါတယ်။

ကဲ အနှစ်ချုပ်ပြန်စုပေးပါ့မယ်။

သူတို့လို နာမည်ရှင်မျိုးလေးတွေကို ချစ်ချစ်တော်မိမယ်ဆိုရင်တော့. .......... ကိုယ်တိုင်ကလည်း ပျော်တတ်ဖို့ လိုတယ်။ သူတို့ကိုလည်း ပျော်အောင်ထားတတ်ရပါမယ်။ တာဝန်တွေ၊ တားမြစ်တာတွေ .... အရမ်းများတာနဲ့ သူကသင့်ကို ရှောင်ရှားဖို့ကြိုးစားပါလိမ့်မယ်။ စိတ်ညစ်စရာတွေ သိပ်မပြောမိပါစေနဲ့။ ကလေးကလား လုပ်တာမျိုးကို နှစ်ခြိုက်တတ်သူတွေဆိုတော့ ....... ကိုယ်တိုင်ကလည်း ကလေးလို သူ့ကိုဆက်ဆံနိုင်ရင် ပိုကောင်းပါတယ်။ .... အရမ်းမချုပ်ချယ်မိအောင် ကြိုးစားမှတော်ရုံကြမယ့်ချစ်ချစ်မျိုးလေးတွေပါ။ ဟဲဟဲ ............. လွှတ်သာထားလိုက်တော့လို့ ပြောရမလိုပါပဲ။ ......... နည်းနည်းတော့ သီးခံပေးဖို့လိုမယ်ထင်ပါတယ်။ တစ်ခါတစ်ခါတော့လည်း သူလောက်ချစ်တတ်တာ......နုညံ့သိမ်မွေ့တာ မရှိဘူးထင်ရလောက်အောင် ... ချစ်ဖို့ကောင်းတဲ့ ချစ်ချစ်ကလေးတွေဆိုပါတော့။

ဥပမာဆိုရရင်တော့ ဒီလိုနာမည်မျိုးလေးတွေပါ။

လင်းလင်းခိုင်၊ သူရကျော်၊ သိမ့်သိမ့်ခင်၊ ချမ်းငြိမ်း .........စတဲ့ အမည်မျိုးလေးတွေ ဆိုပါတော့။

ချမ်းမြေ့ကြပါစေ။
သုတေသီ ဝေသာလီမောင်ဖုန်း

No comments:

Post a Comment