Search This Blog

နေရာလိုချင်ရင် နေရာပေး



နွေးထွေးလုံခြံမှုတည်းဟူသော အလှူ

နေရာလိုချင်ရင် နေရာပေး




24/11/2008 : ည ၉း၀၂ မိနစ်

ဗျို့  . . . ကိုတေး
ဗြေး . . . ကေးတို

" ဆောင်းပါးကိုပြောတာ စိတ်ဝင်စားဖို့ကောင်းတယ်နော် . . numerology သဘောတွေအများကြီးပါတယ်နော် "
" အင်း ဂဏန်းတွေနဲ့ နပန်းလုံးနေတာကိုးဗျ . . ဂဏန်းပညာသင်နေရတာပေါ့ ၀ိဇ္ဖာကတော့ လမ်းကြောင်းဟသွားတာကိုး"

" ဟုတ် . . . ဘာပဲဖြစ်ဖြစ် အမြင်တစ်မျိုးပိုသိရတာပေါ့ ။ ကျတော်တို့က သာမန်လူတွေလေ"
" သူသင်ပေးလို့ ကျနော်လည်း တတ်ရတာကိုး . . . တိုး၍သာကြံကြကုန်လော့ ပေါ့ ။ ဟိဟိ "

" ကိုတေးကို ဘယ်သူပြောတာလဲ ၊ တကယ့် ၀ိဇ္ဇာ လား။ အတည်မေးတာနော် "
" လက်ဆန်းဝိဇ္ဖာ ဇေယျာမောင် လေ။ ဟိဟိ"

"အော်အော် "
" ၀ိဇ္ဇာကို လိပ်စာမမေးနဲ့ က သူ့ ဆောင်းပါးလေ"

" ကိုတေး ကျတော် မန်နေဂျာရာထူး ရချင်တယ် ၊ အတည်ပြောတာနော် ၊ မန်နေဂျာကို ကျတော်က ကွယ်ရာမှာ
ဆရာသမား လို့ခေါ်တယ် "
" ဗမာတွေရှိလို့ လား ? "

" အသုံးအနှူန်းကို ကြိုပြောထားတာ၊ မန်နေဂျာဆိုရင် သူများကြားရင် မကောင်းမှာစိုးလို့ ၊ ကဲကဲ လိုရင်းပြောတော့မယ်နော် ၊ ဆရာသမားက ပြီးခဲ့တဲ့ အပါတ်က ခေါ်ပြောတယ် ၊ သူ ဒီဇင်ဘာဆိုရင် အခု ဒီဌာန မှာ မရှိတော့ဘူးတဲ့ ၊ သူပြောင်းတော့မယ်တဲ့ ၊ ဌာန အသစ် တစ်ခု ထပ်လုပ်မှာပေါ့ဗျာ ၊ အဲ့ဒီ ဌာန က မန်နေဂျာ တွေကို ပြန် ကြီးကြပ်မယ့် ဌာနပေါ့ ၊ သူက ထပ်ပြီး တစ်ဆင့်တက်တာပေါ့ အဲ့ဒီမှာ ကျတော်ကမေးလိုက်တယ် . . ဒါဆိုရင် အခု လက်ရှိနေရာ ကို ဘယ်သူလာမှာလဲပေါ့ . . သူက ပြောတယ် အပြင်က လူသစ်ကို အခု အချိန်မှာ မခန့်ချင်ဘူးတဲ့ . . ကျတော့်ကိုပဲ ဒီနေရာကို ရွေးမယ်လို့ ပြောတယ် ၊ တစ်ခုပဲ ။ မန်နေဂျာ ရာထူးကို
Master degree ရမှ ပေးတဲ့ထုံးစံရှိတယ် ။ ဒါကိုတော့ ဆရာသမားက သူ လုပ်ပေးနိုင်တယ်လို့ပြောတယ် "

" အင်း .. ဆက်ပြော "

" အင်း ကျတော် ကတော့ ဒီရာထူးကို ရချင်တယ်ဗျာ၊ အခုကတော့ အလုပ်ပိုကြိုးစားနေတယ်ပေါ့ဗျာ ၊ ဘာမှ တရားသေ ပြောလို့မရဘူးဗျ နည်းနည်းတော့ စိုးရိမ်တယ်ပေါ့ဗျာ ၊
" အင်း လိုချင်ရင် ရမှာပေါ့"

" ကိုတေး ကျတော် သေချာချင်တယ်ဗျာ"
" ပထမဇော ရအောင်ယူလေ "

" ဘာကိုပြောတာလဲ "
" မနေ့ က ပေးတဲ့စာအုပ်လေး ဒေါင်းထားလား . . စာမျက်နှာ ၁၇၇ မှာဖတ်ကြည့် "

" ဆွဲတော့ချထားတယ် . . . အိမ်ကစက်မှာ ၊

" အိုကေ . . . ထွက်မဲ့မန်နေဂျာက အမည်အစက ဗုဒ္ဓဟူးလား ၊ တစ်ခြား မန်နေဂျာတွေထဲမှာ ဗုဒ္ဓဟူး တွေရှိလား "

" George Blake . . . ဘာနေ့သားလဲတော့ မသိဘူး "
" တနင်္လာပေါ့ အမည်ကိုပဲပြောတာ ပါ . . သူထွက်မယ်ပေါ့ "

" ဟုတ်တယ် ကိုတေး . "
" အင်း . . . ဒါဆိုရင်တော့ ၄ ပတ်အတွင်းမှာ ပေါ့ဗျာ ဖြစ်လာမှာပေါ့ . . သူက ဘယ်တော့ထွက်မလဲ ? "

" ဟုတ်တယ် .. ဒီဇင်ဘာဆိုရင် သူဒီဌာန မှာ မရှိတော့ဘူးလို့ပြောတယ် "
"အင်း ဋ္ဌာနအမည်က ဘာတဲ့လဲ "

"MIS - management information system ကိုတေး "
" အင်း "

" လောလောဆယ် ကျတော်က လွဲလို့ မျက်နှာလွဲလို့ရမယ့်သူတော့ မရှိဘူး . . . ဒါက လက်ရှိ အခြေအနေ ကို ပြောပြတာပါ ကိုတေး"

" ဒါဆိုရင်တော့ ကိုကျော်မင်းထွန်းက ရွှေသင်္ကန်းကပ်ထားတာကို အမြဲအာယုံပြုပေးပါ "

" ဟုတ်ကဲ့"
" ဘုန်းကြီးကျောင်းရှိလား အဲဒီမှာ "
" ရှိတယ် . . ကိုတေး . .. ကျတော် သိမ်အတွက်တောင် လှူထားသေးတယ်လေ ၊ သိမ်အတွက် သံပန်းတခါး "

" ကောင်းတာပေါ့ . . ဗုဒ္ဓဟူးနဲ့ ပတ်သက်တဲ့ အညံ့တွေ ဘုန်းကြီးကျောင်းမှာ သွားရှင်းပေးပါ ၊ ဆိုလိုတာက ရေညှိတွေဘာတွေပေါ့ ဘုန်းကြီးကျောင်းရဲ့ နံရံတွေမှာ ၊ ဒါပေမဲ့ ရှိချင်မှလည်းရှိမှာပါ "

" ဟုတ် ရှိတော့ မရှိလောက်ဘူးဗျ . . ပြီးတော့ ဘုန်းကြီးကျောင်းက ကျောင်းအကြီးကြီး မဟုတ်ဘူးဗျ..."
" ဒါဆိုရင် အဲဒီက လမ်းပေါ်မှာ အမှိုက်သွားလှည်းလိုက် "

" ဘုန်းကြီးကျောင်း အ၀င် မှာ အမှိုက်တွေ ဘာတွေ လှည်းလို့ရလား "
" အင်း အ၀င်လမ်းမှာ . . . အမှိုက်သာလှည်းလိုက်တော့ "

" အိမ်သာ ဘာညာ ဆေးရင်ကော ကိုတေး . . "
" အင်း အဲဒါလည်း ကောင်းပါတယ် . . လမ်းပေါ်က အမှိုက်တွေပဲ ရှင်းပါ ဗျာ ၊ အဲဒီမှာ ရေအိုးစင်တော့ မရှိလောက်ဘူးထင်တယ် ရေသန့် စက်တွေကို လည်း ဆေးကြောပေးလို့ ရရင် ဆေးပေးပေါ့ "

" ဟုတ် .. ရေသန့်စက် ကို သန့်ပေးလို့တော့ရတယ် . . ဒါဆိုရင် ကျောင်းအ၀င်လမ်းကို အမှိုက်လှည်း ၊ ရေသန့် စက်ကို သန့် ပေးပါ အဲဒါပဲ ပေါ့ "
" ဟုတ်ပါ့ဗျား "

" ကျေးဇူးပါပဲ ကိုတေးရယ် . . မန်နေဂျာရာထူးအတွက် ခက်ခဲလောက်တဲ့ အနှောင့်အယှက်ရှိနေတာလားဟင် "
" ရှိပါဘူးဗျာ . . ဗုဒ္ဓဟူးကို ပဲ ဂရုစိုက်ရမယ်၊

" နည်းနည်း မေးကြည့်မယ်နော် . . Rhonda ဆိုတဲ့ နာမည်က ဗုဒ္ဓဟူးလို့ ယူလို့ ရလား "
" အင်း အဲဒါ ဗုဒ္ဓဟူး ပေါ့ "

" အဲ့ဒါ အသစ်ရောက်တဲ့ HR Manager အသစ်ဗျ ၊ သူ မကန့်ကွက် ဖို့ပဲလိုတယ် "
" ယှဉ်ပြိုင်ရမဲ့သူမျိုး ၊ သတိထားရမဲ့ သူမျိုးပေါ့ . . သူ့ ကို အသေသာ ကပ်ထား ပေတော့ . . . သူ့ ကို မေတ္တာ နာနာပို့ ပေး"

" ဟုတ်ကဲ့ . . ကိုတေး ကပ်တယ်ဆိုတာက နည်းနည်းခက်တယ် . . ကျတော် က မေတ္တာ ပဲ ပို့ပေးနိုင်မယ်ထင်တယ် ၊ ဘာလို့လည်းဆိုတော့ ပြီးရင် သူနဲ့ကိုယ်က တန်းတူ အလုပ်လုပ် ရမှာ "
"အင်း ဂရုစိုက်ပေါ့ .. သူ့ အလိုကျလေး ဖြစ်အောင် လုပ်ပေးပေါ့ . . အင်း . . . မေတ္တာသာပို့ ပေးပါ "

" ပြည်ပမှာ က သိတဲ့အတိုင်း ပဲ လေ .. အောက်က ၀င်ပြီးရင် တန်းတူဆက်ဆံရတာ တော်တော်ခက်တယ် . .
" ဒါပေါ့ဗျာ . . အဆင်ပြေအောင် ကြည့်ပေါင်းရမဲ့ သဘောပေါ့"

" ဟုတ်တယ် . . ကျတော့်ဆရာသမားကတော့ ကျတော့်မှာ Master ရှိတာ မရှိတာကိုတော့ သူလုပ်ပေးမယ်လို့ပြောတယ် . .
" အော် . . သူလည်း အရေးပါတာပေါ့ ဒါပေမဲ့ ခုနကလူ Rhonda က ပို အရေးပါမယ်

" ဟုတ်ကဲ့ .. finance manager ကတော့ ကပ်ထားပြီးပြီ ၊ Shirley တဲ့ .. သူလည်း ဗုဒ္ဓဟူး ဖြစ်နေပြီ . . ဟီးဟီး .. ဒါပေမဲ့ သူက ပြသနာမရှိလောက်ဘူးလို့ထင်တယ် ၊ မန်နေဂျာ အဟောင်းထဲမှာ ကျတော့်ကို ကန့်ကွက်လောက်မယ့်သူ မရှိဘူး အသစ် တစ်ယောက်ပဲ နည်းနည်း ဂရုစိုက်ရမယ် "

" Shirley ရှာလီပေါ့ . . အင်း သူလဲ ဗုဒ္ဓဟူး ပဲ . . ကပ်ထားပြီးသားဆို ကိစ္စမရှိပါဘူး

ဟုတ် . .ကျွန်တော် ပြီးခဲ့တဲ့ နှစ်ပါတ်က တစ်ခု လှူတယ် . . မန်းလေး မဟာမုနိဘုရားကြီးကို သင်္ကန်းလျှူတာ . .ညဆိုရင် ဘုရားကြီးကို ရုံပေးတာလေ . . သင်္ကန်းက အကြီးကြီးပဲ . . "

" အင်း . . အဲဒါဆို ဘ၀လုံတာပေါ့ "
"ဟုတ် အဲ့ဒီလိုပဲ . . ဒီက ဘုန်းကြီးကျောင်းကိုတော့ ကျောင်းထိုင် ဆရာတော်အတွက် တရားဟော ပလ္လင် လှူတယ် "

" ကောင်းတယ် လုပ်သာလုပ် .. . အလှူတွေ ကြားရတာနဲ့ တင် အားရစရာကြီး "
" သူငယ်ချင်း မိသားစုနဲ့ပေါင်းလှူတာ အင်းဒီ နှစ်လ အတွင်းမှာ တော်တော်လှူဖြစ်တယ်ဗျ ကျေနပ်တယ် ၊ မိဘတွေရဲ့ အကြွေးကို ဆပ်ပေးတယ် ၊ ကိုယ့်အတွက်တုန်းက ဟာတွေပါ .. ပြည်ပ ထွက်တုန်းက ကုန်ကျခဲ့တဲ့ စရိတ်တွေကိုပြောတာပါ။"


25/11/2008 နေ့ 

" ကိုတေး . . အားရဲ့လား . တစ်ခုမေးချင်လို့ "
" ဗျိုး အားပါ့ . . ပြော "

"မနေ့က HR manager ကို ကပ်ပြီးပြီ ဗမာပြည်က ပါလာတဲ့ ပန်းချီကား တစ်ချပ်ပေးလိုက်တယ်
သူက ကံကောင်းခြင်းတွေ လိုချင်တာတဲ့ ၊ အင်းလေးဖောင်တော်ဦးဘုရား ပုံ ပေးလိုက်တယ် . .
" အင်း . . ရှယ်ပေါ့ . . ဟဲဟဲ . . ကံကောင်းခြင်းတွေလိုချင်ရင် ဘုရားရှိခိုးလို့  "

" ဟဲဟဲ . . တစ်ခုက ဘုန်းကြီးကျောင်းမှာ လုပ်မဲ့ကိတ်စက နည်းနည်းတော့ ခက်နေတယ်
ပြသနာက အခု ပိတ်ရက်က လွဲလို့ သွားဖို့ အချိန်မရှိဘူး . .အခု ပိတ်ရက်တွေမှာလည်း အနည်းဆုံး
၂ ပါတ်အတွင်းသွားလို့ မဖြစ်နိုင်သေးဘူး "

" ညနေဖက်မရဘူးလား "
" ရတော့ရတယ် ၊ အခု မိုးတွေ ရွာနေတော့ လှည်းလို့မရဘူး . .တစ်ခုတော့ လုပ်လို့ရတယ် ၊
ဘုန်းကြီးကျောင်း အတွင်းမှာ ဖိနပ်ချွတ်နေရာ ရှိတယ် . . အဲ့ဒီနေရာ လှည်းရင်ရောဖြစ်လား "

" ရတယ် . . လမ်းဖြစ်နေတဲ့နေရာမှန်သမျှ လှည်း . . အင်း လမ်းလို့ပဲပြောရမှာပဲ . . ဗုဒ္ဓဟူးညံ့နေတာကို အထောက်အပံ့ဖြစ်အောင် လုပ်နေတာကိုး . . "
" ဟုတ် ကိုတေး . . ဒါဆို ညနေဖက် သွားလို့ရသွားပြီ "

" အင်း သွားသွား . . အဆင်ပြေတဲ့နေ့  ကို ဖြစ်အောင် သွား . . ကိုယ်လုပ်မှ ကိုယ်ရမှာ "


28/11/2008 နေ့ 

" ကိုတေး "
" ခညာ "
" ကျတော် လုပ်စရာ ရှိတာ လုပ်ပြီးပြီ ၊ ဘုန်းကြီးကျောင်းမှာ အာဂန်တု ဘုန်းကြီးတစ်ပါး ကြွမယ့် အခန်းကို ဖုံသုတ် တံမြက်စည်း လှည်းခွင့် ရလိုက်တယ် "
" အင်း လုပ်ပေါ့ ၊ကောင်းပါ့ဗျား ။ ကုသိုလ်တွေ အများကြီး ရနေတာပေါ့ "

" နောက် ဒီက ကျောင်းထိုင်အတွက် နွားနို့ ၁၂ ဗူး လည်း လှူလိုက်တယ် . 1 case ပေါ့ "
" အင်း တွေးတွေးနေပေါ့ ၊ ကိုယ်ပြုခဲ့တဲ့ ကုသိုလ်တွေကို .. ပြီးတော့လည်း လှူဒါန်းရသော အကျိုးကြောင့် မန်နေဂျာရာထူးကို ရရပါစေလို၏ ပေါ့

" ဟုတ် . . ကျနော့် ဆရာသမားက ထပ်ပြောတယ် . . လာမယ့် အပါတ်ထဲမှာ MD ကိုပြောမယ်တဲ့ ၊ သူ့အနေနဲ့ကတော့ ပြသနာမရှိဘူးလို့မြင်တယ်ပေါ့ MD လည်း လက်ခံ လောက်မယ်လို့ သူထင်ပါတယ်ပေါ့ ၊ အဲ့ဒီလိုတော့ပြောတာပဲ "
" အင်း အဆင်ပြေမှာပေါ့ဗျာ . စိတ်သိပ်ပူမနေပါနဲ့ . . ဒီရက်ပိုင်း ကျိုးစားပြရမှာပေါ့ ဟဲဟဲ "

" ဟဲဟဲ . . . လူလည်းပင်ပန်းလိုက်တာ ပြောမနေနဲ့ "
" တံမြက် လှည်းတာက နည်းနည်းတော့ ပင်ပန်းတာပေါ့ . . ချွေးထွက်မှဗျ . . ဟဲဟဲ . . အခန့် သား ကုသိုလ်ထက် ပိုအကျိုးပေးခွင့် သာတာပေါ့ဗျာ . ."
" မဟုတ်ဘူး . .တံမြက်လှည်းတာက မပင်ပန်းပါဘူး ပြောင်ပြီးသားကို လှည်းရတာ. . ရုံးအလုပ်ပင်ပန်းတာကိုပြောတာ"

" ရာထူးရရင် လုပ်ပြစရာမလိုပါဘူး ကိုကျော်ရယ် . ဟဲဟဲ"
" ပိုဆိုးလိမ့်မယ်ထင်တယ် . ဟိ . . လခက ကောင်းလိမ့် မယ်ထင်တယ်ဗျ ? အနည်းဆုံးတော့ မျှော်လင့်တာ
အသားတင် ၃၅၀၀ ကနေ ၄၀၀၀ ပဲ"

" အင်း ကောင်းသားပဲ . . . မိသားစုအတွက် ပိုအဆင်ပြေလာမှာပေါ့"


05/12/2008

" ကိုတေး ဒီနေ့ နည်းနည်းထူးခြားတယ် . . အားလား အခု "
" အင်း ပြောလေ . . အားပါတယ် "

" ကျနော့် ဆရာသမားက လာမယ့်တင်္နလာနေ့ကစပြီး ဌာနမှာ မရှိတော့ဘူး . . ဒီနေ့ ဌာန အစည်းအဝေး မှာ ပြောတာ ဒါပေမဲ့ ဘယ်သူ သူ့နေရာမှာ လာမလဲဆိုတာ မပြောဘူး . . မန်နေဂျာ အသစ်လို့ပဲ ပြောထားတယ် "
" ဟင် . . အဲဒါဆို ခန့် ထားပြီးသားလား ? "

" မဟုတ်ဘူး . . ဘာမှ ကို မခန့်ထားသေးတာ . . ကျတော်က အစည်းအဝေးပြီးတော့ သူ့ရုံးခန်းကို သွားပြီး ဒဲ့ ပဲ မေးလိုက်တယ် . ကျတော့် ကိစ္စက ဘယ်လိုလဲပေါ့ . . သူက MD နဲ့ သေချာ မထိုင်ရသေးဘူးတဲ့ . . အဲ့ဒီ master degree နဲ့ language ကိစ္စ ကို သူစိတ်ပူတယ်ပေါ့ . . ဒါပေမဲ့ သူက တစ်ခုထပ်စဉ်းစားတာက ကျတော့်ကို Acting ပေးလုပ်မယ် . . . ၂ လ ၃လ လောက်လုပ်ပြီး တိုးလို့လဲ ရတယ်ပေါ့ . အဲ့လိုဆိုရင်ရော အဆင်ပြေလားလို့မေးတယ် . . . ကျတော်က ရွေးချယ်စရာမှ မရှိတာ . . လုပ်မယ်ပဲပြောရတာပေါ့"

" အော် အဲသလိုဆိုတော့ လည်း အစမ်းခန့် ကာလဖြစ်သွားမယ်ထင်တယ် "
" အင်း ဟုတ်တယ် ကိုတေး အဲ့ဒီ လိုပဲပြောရမှာပေါ့ "

" သူက ဆက်ပြောပါတယ် . . . ကျတော့်နေရာမှာ ဘယ်သူကို အစားထိုးမလဲ ဆိုတဲ့ကိစ္စတွေပါ လာမယ့် အပါတ်ထဲမှာ ဆွေးနွေးမယ်ပေါ့ . . သူ့ ကြည့်ရမှာ ကျတော့်ကိစ္စ အပေါ်နည်းနည်းခက်ခဲနေပုံ ရတယ် . . "
" ဟုတ်မယ် ... Degree နဲ့  Language အခက်အခဲ ဖြစ်နေတော့ ကျိုးစားပေါ့ ဆရာကျော်ရေ . . လုပ်စရာရှိတာလည်း လုပ်ထားတာပဲလေ "

" အင်းလေ . . ဒီရာထူးက လွယ်တဲ့ကိစ္စမှ မဟုတ်တာလေ . . ကိုတေးပြောသလို လုပ်စရာ ရှိတာလည်းလုပ်ပြီးပြီ"
" အင်း . . လွယ်တာမဟုတ်ပေမဲ့ အခွင့်အရေးကတော့ ရှိနေတယ်လေ ရအောင်လုပ်ရမှာပေါ့နော "

" ကိုတေး တွက်တော့လည်း အရမ်းကြီး ခက်ခဲနေတာမျိုးလည်း မတွေ့ဘူးမလား "
" အဲသလိုတော့ မတွက်ပါဘူး . . . မေးတဲ့အချိန်မှာ မူတည်ပြီးပြောလိုက်တာပါပဲ . . စိတ်မပူပါနဲ့  . . . တတ်နိုင်တဲ့အပိုင်း က လုပ်ထားပြီးပြီပဲလေ"

" အခုမှတော့ ပူလို့မရတော့ဘူးလေ . . ဖောင်က ဖျက်ပြီးသားပေါ့ "

" လုပ်စရာရှိတာသာ လုပ်ထားပါ ကိုကျော်ရာ . . "

" ဟုတ်ကဲ့ ဒါပေမဲ့ ကိုတေး ထူးတော့ထူးတယ်နော် "
" ဘယ်လိုထူးတာလဲ "

" ကိုတေး အရင်တွက်ထားသလောက်တော့ ဆိုးဆိုးဝါးဝါး မဖြစ်ဘူးလို့ပြောရမယ် . . အချိန်ကာလနဲ့ တွက်တာ ကိုပြောတာလေ .. ဘုရားတရား လုပ်ထားတာတွေက ကယ်နေတာပဲဖြစ်ရမယ် . . "
" ဘာသာတရားဖက်တော့ အဆင်ပြေမှာပါ "

" ဟုတ်ကဲ့ ကျတော်လည်းဒီလိုပဲမျှော်လင့်ပါတယ်


08/01/2008 ၂၁း၁၃ မိနစ်

" ဗျို့ ကိုတေး "
" ဗျို့ ကိုကျော် "

" နည်းနည်း ရှုပ်မယ်နော် . . ကိုတေး အခု ရှုပ်နေလား "
" ရပါတယ် . . . မရှုပ်ပါဘူး "

" ကနေ့ပဲ ဆရာသမားနဲ့ အစည်းအဝေးလုပ်တယ် . . ကျတော့်ကို အစမ်းခန့်ကာလ ၃ လ စခန့်မယ်တဲ့ "
" ဟဲဟဲ . . အဲဒီအတိုင်းပဲပေါ့ဗျာ . . ဒါက သူတို့ သဘာဝပဲလေ "

" ဟုတ် . ကိုတေး . . effective ကတော့ 1 January တဲ့ . ပြီးခဲ့တဲ့ အပတ်ပေါ့
နှစ်သစ်က စတာပေါ့ . . တစ်ခု မေးစရာ ရှိတယ် . . အခု ကျတော့်နေရာမှာ လူထည့်ရမယ်လေ
" အင်း . . အဲဒီတော့ ? ? "

" ကျတော်က အောက်က သူတစ်ယောက်ကိုစဉ်းစားတယ် . . ဒါပေမဲ့ အရင်က ကျတော့် supervisor က
သူ့ လက်ရှိ အလုပ်ပြုတ်တော့မယ်ပေါ့ဗျာ . . အဲ့ဒီတော့ ဆရာသမားကို ကူညီချင်တဲ့ ဆန်ဒ နည်းနည်းတော့ ရှိတယ် ၊ ဒါပေမဲ့ ဒီလူ ပြန်ဝင်ရင် ကျတော့် အောက်မှာ လုပ်ရမှာ

" ဘယ့်နှယ် ဖြစ်တာလဲ . . . ဆရာသမား ဆိုတဲ့သူက အလုပ်ထွက်မှာ မဟုတ်ဘူးလား "

" ဒီလိုဗျာ ကျတော် junior ဘ၀ တုန်းက သူက supervisor ၊ ကျတော် senior ဖြစ်တော့ သူက အလုပ်ထွက်သွားတယ် "

" ဘယ်တုန်းကတုန်း "

" တခြားနေရာမှာ မန်နေဂျာ ရာထူးရမယ်ဆိုလို့ . . . ကြာပြီဗျ . . ပြီးတော့ အဲ့ဒီ နေရာမှာ သူအဆင်မပြေ တော့ ပြန်လာတယ် . . သူ ဒီနေရာကို ပြန်ဝင်လို့ မရတော့ဘူး . . . ဘာလို့လဲ ဆိုတော့ ကျတော့်ကို အစားထိုးလိုက်လို့ . . အခု ကျတော်က မန်နေဂျာဖြစ်မှာဆိုတော့ လွတ်သွားမယ့်နေရာကို သူ့ကို ပြန်သုံးလို့တော့ ရကောင်းရမယ်ပေါ့ "

" အင်း . . အဲဒီတော့ သူ့ ကို တစ်ခုခု လုပ်ပေးချင်တယ်ပေါ့ "

" ဟုတ်တယ် . . ဒါပေမဲ့ ကျတော့်အနေနဲ့ တစ်မျိုးကြီးဗျ . . သူ့အနေနဲ့လည်း စိတ်ထဲမှာ ခံပြင်းနိုင်တယ် . . ဒီတော့ အလုပ်ထဲမှာ မလိုလားအပ်တဲ့ ပြသနာတွေ ပေါ်လာနိုင်တယ် . . . ဒီတော့ ကျတော်က စဉ်းစားတာ . . သူဟာ ရုံးကိုသာ သစ္စာ စောင့်ပြီး တစ်နေရာ မထွက်သွားရင် အခု ရာထူးက သူပဲရမှာ ဟုတ်တယ်ဟုတ်"

" အဲလိုလည်းမဟုတ်ဘူးလေ . . သူက သူ့ အခွင့်အရေးသူ ရချင်လို့ သူလုပ်တာလေ. . ဟိုမှာအလုပ်မရရင် ဒီနေရာမှာ ပြန်ရဖို့ မလွယ်ဘူးဆိုတာ သူလည်း သိမှာပေါ့ . . ဒါသဘာဝပဲလေ .. နိုင်ငံခြားသားတွေကို မြန်မာစိတ်မျိုး မခံစားပေးနဲ့ လေ"

" ဒီတော့ ကျတော်က ကျတော့်အောက် က Senior တစ်ယောက်ကို ပေးချင်တယ် ? ဒါပေမဲ့ ကျတော်အတွက်လည်း မလိုလားအပ်တဲ့ အုပ်ချူပ်မှု ပြသနာတွေ မဖြစ်ချင်ဘူး"

" နေရာခွဲပေးလို့ မရဘူးလား .. ကိုယ့် အရင် ဆရာသမားကို တစ်နေရာ ၊ ကိုယ့်အောက်က Senior ကို တစ်နေရာဆိုပြီးတော့ ခွဲပေးလိုက်"

" ခွဲပေးလို့က မရဘူးလေ . . တစ်ယောက်ပဲရမှာ. . ဌာန ပုံစံအရ မရဘူးဗျ. . ကျတော်တော့ ကျနော့် အောက်က ကောင်လေးကိုပဲ ပေးတော့မယ် . . လုပ်စရာ တွေ လုပ်ရမယ့် ဟာကို စိတ်ရှုပ်မခံတော့ဘူးဗျာ

" အောက်က လူ အမည်ပြော
" Odvar Donald "

" ထွက်ပြီး ပြန်ဝင်လာတဲ့ လူနာမည်ကကော "
" Paul Reid "

ပေါလ် လို့ ပဲခေါ်တာလား
yes

" ဟိုလူကို ကော "
" အော့ဗာ . . . ဒီကောင်လေးကတော့ အစကတည်းက ကိုယ့်ဆိုရင် ရိုကျိုးပါတယ်"

"အင်း အော့ဗာက ပိုသင့်လျှော်မယ် ထင်တယ် . . . မွေးနေ့ ပြန်ပြောအုံး , , ဘယ်တော့ ခန့် ရမလဲ"

" တနင်္လာသား ၃၀ ထဲမှာ ၊ ဖေဖော်ဝါရီ ဆို ၃၁ ပေါ့ . . ကျတော့်ကိတ်စပြီးတာနဲ့ ခန့်လို့ရပြီ "

" မွေးလကျော်မှ ခန့် "

" ကိုတေး အဲ့ဒီလောက်အထိ တော့ ဆွဲလို့မရဘူးဗျ "

" အဲဒါဆိုရင်တော့ odvar Donald က ပို သင့်တော်တယ် . . . သူ့ ကိုပဲ ခန့် လိုက် paul က သိပ်ကံမလိုက်ဘူး ၊ paul က အမှားများတယ် "

" အော့ဗာ လား paul မှန်း မကွဲဘူးဖြစ်နေလို့ ကိုတေးရေ . . "

" 2 ယောက်လုံးက ဒီ အသက် ၃၀ ထဲမှာ မကောင်းဘူး . . . ၃၁ ကိုရောက်ရင်
အော့ဗာက ပိုကောင်းတယ် "

" ဒါဆို ကျတော် မန်နေဂျာ ရာထူးတည် မြဲဖို့ အတွက် အော့ဗာ က ပိုကောင်းတယ်ပေါ့ "

" အဲလိုလည်း မဟုတ်ဘူး .. . ၂ ယောက်လုံးက တစ်မျိုးစီပဲ ၊ Paul က ဧပြီ ၁၆ အထိ အကျိုးမပေးဘူး
Odvar ကတော့ မွေးလကျော်ရင် ကောင်းနေပြီ .. Paul ရဲ့ အခန်းကဏ္ဍ ကလည်း အရေးပါလာမယ် "

" ဟုတ်လား . . . Paul က လက်ရှိအလုပ်ထဲမှာ မဟုတ်ဘူးနော် . . .တခြား အလုပ်မှာ . . . "

ဒါပေမဲ့ သူ ကလည်း သင်္ကြန်အထိ မကောင်းဘူး . . . Paul ကိုခန့် ရင် သူနဲ့ ပတ်သက်ပြီး ပရက်ရှာတွေ လာမယ်
အလုပ်ထဲမှာ မရှိလည်း ကိုယ့်လက်အောက်ကို လာရင် တွေ့ ရမှာ "

" သူ့ကိုခန့်ဖို့က စဉ်းစားဦးမှာ ဖြစ်နိုင်ရင်တော့ မခန့်ချင်ဘူးဗျာ . .သူ့ကို ခန့်ရင် supervisor ရာထူးကို တော့ မပေးချင်ဘူးဗျ "


" အဲသလိုဖြစ်တတ်ပါတယ် . . ဒါပေမဲ့ လည်း ထွက်သွားတဲ့သူတစ်ယောက်ကလည်း ကောင်းတတ်ပါတယ် . . . လာထိမှာစိုးလို့ လား . . ဟင်းဟင်း . . . ကိုယ့်ကိုယ်ကို မယုံဘူးလား "

" ယုံတယ် "

" ယုံရင် ဘာလို့ မခန့် ရဲလဲ . . . ကြောက်စရာမလိုဘူး ရဲရဲသာချ "

" ဒါပေမဲ့ ကိုတေးရ ဒီကိတ်စက အခု ရက်ပိုင်းအတွင်းလုပ်ရမှာ . . သူ့ကို မခန့်တော့ပါဘူး . . အော့ဗာကိုပဲ ခန့်လိုက်မယ် . . သူ ဒါကိုမှ ၀င်ချင်ရင် သူ့ကို senior programmer ပဲပေးလိုက်တော့မယ်လေ "

" မခန့် ချင်ဘူးဆို . . . အော့ဗာကို "

" မဟုတ်ဘူး ကိုတေး . .. အော့ဗာကို ဆန်ဒ ရှိတယ်လို့ပြောတာ "

" မသိပါဘူး ဒီမှာလည်း လည်နေပြီ . . . ဟားဟား ဟား .. ဘာပဲဖြစ်ဖြစ် အော်ဗာပဲ ကောင်းတယ် အလုပ်လည်း ကျွမ်းကျင်တာပဲလေ ကိုယ့်ဋ္ဌာနမှာ လုပ်ဖူးခဲ့တာပဲ"

" ဟုတ် ဟုတ် . . . ကိုတေး က ဆပ်ပြာ ကြော်ညာ ကျ နေတာပဲ .. ဟိ . . ဘာပဲဖြစ်ဖြစ် သူပဲကောင်းတယ်တဲ့

" အင်း . . သူမှ သူပဲ . . . ကိုကျော့်ဇာတာအရ ပြောတာပါ "


" ကိုတေးရေ ကျတော့်ကို ကံကောင်းခြင်းတွေ လာနေပြီဗျာ"

" ဖြစ်ရမှာပေါ့ဗျာ . . . "

" တကယ်ပြောတာ အရမ်းပျော်တယ် ဘ၀မှာ အကြီးဆုံး milestone ပဲ"

" အလုပ်ကောင်းရင် ကံကောင်းတယ်လေ . . အလုပ်ဆိုတာ = job မဟုတ်ဘူး ၊ အလုပ် = ပြုတဲ့ ကံ "

" ကိုတေး ကူညီပေးတာတွေကို တကယ်ကျေးဇူးတယ် . . ချောက်တိချောက်ချက် ချက် ပရိုဂရမ်မာ ဘ၀ ကနေ ဘယ်လို အဆင့်အထိကို ဘယ်လောက်ကျိုးစားပြီး တက်ခဲ့သလဲဆိုတာ ၊ ကံ ဥာဏ် ဘာသာရေး အကုန်ပါတယ် . . "


" ဒါပေါ့ အကုန်ပါရမယ်

- မဟာမုနိဘုရား ကို သင်္ကန်လးကပ် လှုတဲ့ နွေးထွေးလုံခြုံမှု တည်းဟူသော အလှူ
- သိမ် အတွက် သံပန်းတံခါး လှူတဲ့  အရံအတားတည်းဟူသော အလှူ
- ဘုန်းကြီးဟော ဖို့ တရားဟော ပလ္လင် လှူတဲ့ နေရာထိုင်ခင်း တည်းဟူသော အလှူ
- မိဘ တွေကို ပြန်လည်စောင့်ရှောက်ပေးတဲ့ ကုသိုလ်

အစရှိသဖြင့်ပေါ့ဗျာ . . အဲဒီအထဲက မန်နေဂျာနေရာလိုချင်တော့ နေရာထိုင်ခင်း အလှူဆိုတဲ့ ပထမဇော စေတနာ အကျိုးပေးသွားတာပဲ . .

နေရာပေးမှ နေရာရတယ် မဟုတ်လား ဗျ.. ...

( လေ့လာနေသူများ အင်္ဂ၀ိဇ္ဖာ၊ ဆန်းကျမ်း ဟောကွက်များ မိမိဖာသာ သီးသန့် တွက်ခ

No comments:

Post a Comment