ကျေးဇူးတင်ပါတယ်ဝိဇ္ဇာကြီးရယ် . . . အခုဆို ကျနော်တောင် တော်တော်သဘောပေါက်လာပါပြီ၊ မြန်မာ့ရိုးရာဗေဒင်က ရှေးတုန်းက ပညာရှင်ကြီးတွေရဲ့ ဂမ္ဘီရဆန်တဲ့ သချာင်္ဗေဒလို့ တောင် ပြောရမလို ဖြစ်နေပြီ
လွတ်လပ်ရေး လွတ်လပ်ရေး အနှစ် ၆၀ ကျော်လွတ်လပ်ရေး ရို့ ရို့ 
မင်းလည်းလွတ်လပ် ငါလည်းလွတ်လပ် အားလုံးလွတ်လပ် . . . လွတ်လပ်ရဲ့ လား
လွတ်လပ်မှုရဲ့ နောက်မှာ တရားမျှတမှုရှိရမယ်
တရားမျှတမှုရဲ့ နောက်မှာ ညီမျှမှုလည်း ရှိရမယ်
လွတ်လပ် ညီမျှ တရားမျှတမှ လောကပါလပြည့်ဝမယ် ရို့ ရို့ 
ဟ . . ဟ
ဘယ်လိုဖြစ်လာရပြန်တာတုန်းဗျ ရက်ပါကြီးရ၊ အဲလေ . . . ၀ိဇ္ဇာကြီးရ
၂၀၀၉ ကိုခြေဖို့ ၉၀၀၂ကိုလွှတ်လို့ 
၁၁မီးကိုငြိမ်းဖို့ ၆၅နှစ်ချလို့ . . . ရို့ . . . ရို့ 
အော် . . . ဒုက္ခပါပဲ . . . မကြီးမငယ်နဲ့ အက်စစ်အဖွဲ့ ထဲ ၀င်မလို့ လား
ဟီး . . ဟီး . . အက်စစ်အဖွဲ့ ဝင်တော့ မဖြစ်ပါရစေနဲ့ . . . မဆိုနဲ့ ဆိုရင်လည်း မဆိုတော့ပါဘူး
ဘယ့်နယ် စိတ်ကူးပေါက်ပြီး ရက်ပါလိုလို နိုင်ငံရေးသမားလိုလို ဖြစ်လာတာတုန်းဗျာ
အာ . . . မင်းကလဲကွာ
ရက်ပါဆိုတာက မော်ဒန်ကဗျာလို စကားလုံးတွေနဲ့ ခေတ်ကို ဖောက်ခွဲသရော်နေတာပါကွ
ဒီခေတ်ထဲမှာကတော့ကွာ . . . တိုင်းပြည်ချစ်တဲ့သူတိုင်း နိုင်ငံရေးသမားလို့ ပြောချင်ပြောလို့  ရပါတယ်ကွ . . . အေး . . . နိုင်ငံရေးကို ခုတုံးလုပ် ကိုယ်ကျိုးရှာ အမြတ်ထုတ်တဲ့ နိုင်ငံရေး စားဖားတွေကိုတော့ ရွံတယ်ကွာ . . .
ဝိဇ္ဇာကြီးကလည်းဗျာ . . . ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး မနေဘူး . . . ကိုယ့်ထမင်း ကိုစားပြီး ကိုယ့်အလုပ်ကို ငြိမ်ငြိမ်လေးလုပ် ကိုယ့်အကျိုးကိုရှာပေါ့ဗျာ
အေး . . . အေး . . . မင်းပြောတဲ့အယူအဆက မှန်သလိုလိုရှိပေမယ့် အတ္တဗဟိုပြုတဲ့ အတွေးအခေါ်ပေါ့ကွာ
မင်းပြောသလိုဆို တို့ ဂေါတမဗုဒ္ဓက သိဒ္ဓတ္ထမင်းသားဘ၀နဲ့ ရွှေနန်းတော်ကြီးမှာစံ ယသော်ဒယာနဲ့ ရွှေလက်တွဲချစ်ပွဲဝင်၊ စကြာဝတေးမင်းဘ၀နဲ့  ချမ်းသာသုခတွေ တဘ၀လုံး ပျော်ပျော်ကြီးခံစား . . . ဒါပဲမဟုတ်လား
ဒါကတော့ . . . ဒီလိုရှိတယ်လေ
ဒီလိုတွေ . . . ဟိုလိုတွေ လုပ်မနေပါနဲ့ ကွာ
ဒီမှာဟေ့ကောင် . . . ရေနွေးနွေးထဲမှာ ကူးခတ်ပျော်ပါးနေတဲ့ ဖါးတွေလိုပေါ့ကွာ . . . ပူလို့ ပူမှန်းမသိ . . . ပူမှန်းသိနေပေမယ့်လည်း . . . ခံနိုင်ရည်ရှိတဲ့အပူလောက်ဆိုတော့ ဒီလိုပဲ ကူးနေခတ်နေ ပျော်ပါးနေတာပေါ့ . . . အေး . . . အေး . . ကောင်းပါတယ်ကွာ (စိတ်ပျက်ဖို့ )
ထားလိုက်ပါဗျာ
ကျနော်ကြားဖူးတာကတော့ ပြည်သူတွေဟာ သူတို့ နဲ့ ထိုက်တန်တဲ့အစိုးရပဲ ရသတဲ့
မညီညွတ်လို့ မလွတ်လပ်တဲ့သဘော ကြောက်ရင်လွဲ ရဲမင်းဖြစ်ဆိုတာ ဒါမျိုးထင်ပါတယ်
ထားလိုက်ပါဗျာ ဆိုပြီး မင်းက တိုင်ပတ်နေပြန်ပြီ
ကမ္ဘာ့စီးပွားရေးကျလို့ တိုင်မပတ်နိုင်ကြတော့ဘူးဗျ၊ အဲလေ . . . ယောင်လို့ 
ကဲကွာ . . . ငါလာတာ ပညာစကားပြောဖို့ လာတာ၊ မင်းတို့ ဘလော့ကိုဖတ်ပြီး ဇာတိမာန်တွေ ကြွလာလို့ လာရင်းကိစ္စတောင် ပျောက်သွားတယ်
ပြောပါဗျာ . . . နာခံလျှက်ပါ
မင်းကိုငါ ပြီးခဲ့တဲ့အပတ်က အပေါ်သုံးလုံးအကြောင်း အမြည်းပေးခဲ့တာ မှတ်မိတယ် မဟုတ်လား
အင်းလေ . . . သီကုံးပြည့်အောင်လှတန်ဆောင်၊ နောင်ဆိုသည်ကားမြအလား ဆိုပြီး မဟာဘုတ်ကိန်းနဲ့ ကောင်းကင်နက္ခတ် အချိတ်အဆက်လေး ရှင်းပြခဲ့တယ်လေ
ပါးပါးလေးပဲ ရှိပါသေးတယ်ကွာ . . .
အခု အောက်လေးလုံးအကြောင်းကို ဆက်ရှင်းပြမယ်ကွာ . . . သေခြာနားထောင်
တနင်္ဂနွေနံသားအတွက် န၀င်းတိုင်က ဒီလိုရှိတယ် မဟုတ်လား
၅
၂
၆
၁*
၎
ဝ
၃
အင်း . . . သိတယ်လေ ဆက်ပြောပါဦး
ဒီတော့ အောက်လေးလုံး (၁+၄+၀+၃) ကို ပေါင်းလိုက်ရင် ၁၅ ရမယ်ကွာ၊ သုညကို ၇ ယူပေါ့ကွာ၊ ပေါင်းကိန်း ၁၅ ကို ၇နဲ့ စားရင် အကြွင်း ၁ ရမယ်ကွ၊ အဲဒီအကြွင်း ၁ က တနင်္ဂနွေကို ကိုယ်စားပြုတာပေါ့ကွာ၊ ဒီတော့ တနင်္ဂနွေတိုင်မှာ ၁ လို့ မှတ်ထားပေါ့
ဒီတော့ . . . မဟာဘုတ်ကိန်း အောင်လံထူစစ်သူကြီးပွဲကို ငါချပြမယ်

မင်းမြင်ပြီမဟုတ်လား . . . အောက်လေးလုံးကိုပေါင်းပြီး ၇ နဲ့ စားကြည့်ကွာ . .
အဖြေမှာ . . . သူရဇ္ဇ သောကြ ဗုဒ္ဓ စနြေ္ဒာ သောရီ ဂုရု ဘောမ ဆိုတဲ့ အင်္ဂ၀ိဇ္ဇာကိန်းကို ရတယ်ကွ
ဟာ . . . ဟုတ်တယ် ဟုတ်တယ်
အကြွင်းတွေက ၁ ၊ ၆ ၊ ၄ ၊ ၂ ၊ ၀ ၊ ၅ ၊ ၃ ဆိုပြီး ရတယ်ဗျ
နောက်တော့ရော . . ဘာထပ်တွေ့ သေးလဲ
အင်း . . . နောက်ပြီးတော . . . အင်း
မင်းကလည်းကွာ . . တအင်းအင်းနဲ့ ယောင်တောင်ပေါင်တောင် ဖြစ်နေပြန်ပြီ
သင်ပြရှင်းပြတဲ့သူက ဒီလောက်ချပြနေတာတောင် သဘောမပေါက်ချင်သေးဘူး
ဟာ . . . တွေ့ ပြီ တွေ့ ပြီ
အကြွင်းဂဏန်းတွေ ပြေးနေတဲ့ပုံက န၀င်းတိုင် တည်ပုံနဲ့ ပြောရရင် ရှေ့ ဆုံးကနေ ရေမယ်ဆိုရင် တြိရန်းရိုက်ထားတာပဲ၊ တကယ်လို့ နောက်ဆုံးကနေ ပြန်ရေမယ်ဆိုရင် ဆပွတ်ရိုက်ထားတာပဲ အင်္ဂ၀ိဇ္ဇာကိန်းပဲဗျ
အေးပေါ့ကွ . . မင်းမြင်တာမှန်ပါတယ်၊ ကြည့်သောသူမြင်၏ပေါ့ကွာ၊ အမြင်မှန်အောင် ကြည့်တတ်ဖို့ လဲ လိုသေးသကွ
အောင်လံထူစစ်သူကြီးပွဲဆိုတဲ့ မဟာဘုတ်ကိန်းနဲ့ သူရဇ္ဇ သောကြဆိုတဲ့ အင်္ဂ၀ိဇ္ဇာကိန်းတို့ ရဲ့  ဆက်သွယ်ပုံကို မင်းကိုမြင်စေချင်လို့ ငါသေခြာရှင်းပြတာကွ
ကျေးဇူးတင်ပါတယ်ဝိဇ္ဇာကြီးရယ် . . . အခုဆို ကျနော်တောင် တော်တော်သဘောပေါက်လာပါပြီ၊ မြန်မာ့ရိုးရာဗေဒင်က ရှေးတုန်းက ပညာရှင်ကြီးတွေရဲ့ ဂမ္ဘီရဆန်တဲ့ သချာင်္ဗေဒလို့ တောင် ပြောရမလို ဖြစ်နေပြီ
ဒါပေါ့ကွ . . . မင်းက ရှင်းပြပြီးရင်တော့ ဖော်လိုလိုက်တာ ကောင်းသလားပဲ
ဟဲ . . . ဟဲ
ဘာ ဟဲ ဟဲ လဲ . . . မင်း ဟဲ ဟဲ ကို ငါသိတယ်နော်
အာ . . . မဟုတ်တာ ကျနော် ဘာမှ မကြံစည်ပါဘူး၊ နှမ်းဖြူးမလာလို့ စဉ်းစားနေတာပါ
ငါသိတယ်နော် . . . မင်းက စာရေးကောင်းတယ်ဆိုပြီးတော့ ပြည်တွင်းက ဂမ္ဘီရ မဂ္ဂဇင်းတွေမှာ ရေးလိုက်ရရင်တော့ နံမည်ကြီးရသေးရဲ့ လို့ တွေးနေတာ မဟုတ်လား
ဟီး . . . ဟီး
ဟီးဟီးဟဲဟဲနဲ့ . . . ရေးချင်ရေးပေါ့ကွာ
မင်းရေးတော့လည်း ၀ါသနာရှင်တွေ ပညာအမြင်တိုးတာပေါ့၊ ဒါပေမယ့် တခုတော့ ရှိတယ်ကွ
ကိုယ်တိုင်တီထွင်သလိုလို အိပ်မက်ရသလိုလို ဘာလိုလိုနဲ့ မူရင်းရေးတဲ့သူကို အသိအမှတ် မပြုရင်တော့ ပညာဂိုဏ်းသင့်လိမ့်မယ်နော်
No comments:
Post a Comment