Search This Blog

ဣစ္ဆာသယ ဤ ၆ လ

Visa အတွက် စိတ်ပူနေသလား ၊ ဟိုနိုင်ငံ ဒီနိုင်ငံလျှောက်လို့ Visa မရမှာ ၊ Immigration ရစ်မှာ စိုးရိမ်နေသူများ ၊ စည်းစိမ်ဥစ္စာတွေကို အမိန့်  အာာနဲ့  အသိမ်းခံရမှာ ကြောက်နေသူများ၊ အ၀တ်အစား အမျိုးမျိုး ၊ အသစ်အဆန်းတွေနဲ့  ဖက်ရှင်ထုတ်ခြင်သူများ အစာအဆိပ်သင့်မှာ ၊ ဆေးမတိုးမှာ ကြောက်ပြီး စားချင်တဲ့အစား မစားရတဲ့ ရောဂါဝေဒနာသည်များ၊ လုပ်ငန်းအတွက် မှာထားတဲ့ ပစ္စည်းတွေ မရောက်မှာ ၊ လျော့နည်းနေမှာ စိုးရိမ်နေကြသူများ

ကထိန်အာနိသင် ၅ မျိုး ကို ပုရိမ၀ါ ကပ်ပြီး ပထမ၀ါကျွတ်ပြီးတဲ့ ရဟန်းတိုင်း ကထိန်ခင်းပြီး ရရှိခံစားပိုင်ခွင့်ရှိတယ်လို့ ဆိုပါတယ်. . အဲဒီ အာနိသင် ၅ မျိုးကတော့

၁။ အနာမန္တစာရ ၊ ၂။ အသမာဒါနစာရ၃။ ယာဝဒတ္ထစီဝရ၄။ ဂဏ ဘောဇန ၅။ ယော စ တတ္ထ စီဝရုပ္ပါဒ

၁။ အနာမန္တစာရ - ဒါယိကာ၊ ဒါယိကာမတွေက ရဟန်း၊ သံဃာတော်တို့ကို “ထမင်းစားကြွပါ၊ မုန့်စားကြွပါ” စသဖြင့် သာသနာတော်ဝေါဟာရနဲ့ မအပ်စပ်တဲ့စကားတို့ဖြင့် ဆွမ်းစားဖိတ်မန်ခဲ့သော် အနီးရှိ ရဟန်းတို့ကို မပန်ကြား၊ မပြောဆိုဘဲ၊ မြို့ထဲ၊ ရွာထဲသို့ ကြွသွားနိုင်ခြင်း။
(ကထိန်ခင်းပြီး၍သာ သွားနိုင်ခွင့်ရှိခြင်းဖြစ်ပါတယ်။ ကထိန်မခင်းရသေးပဲ အသိပေး၊ ပြောဆိုပန်ကြားခြင်း မရှိဘဲ ကြွသွားပါက ပါစိတ်အာပတ် သင့်ပြီးတော့ ကထိန်အာနိသင် ရလျှင် ပါစိတ်အာပတ် မသင့်တော့ပါ)

၂။ အသမာဒါနစာရ - တိစီဝရိတ် အဓိဠာန်တင်ထားသောသင်္ကန်းကို သွားလေရာ မယူဆောင်ဘဲ သွားလိုရာသို့ လှည့်ပတ်သွားလာနိုင်ခြင်း၊ ၄င်းသင်္ကန်းနှင့် ညစဉ် အနီးအနား၌ မဆောင်ထားဘဲ ညဥ့်ကင်း၍ နေနိုင်ခြင်း
(ကထိန်အာနိသင်မရခဲ့လျှင် ထိုသင်္ကန်းနှင့် ညဥ့်ကင်း၍မရပါ။ ထိုသို့နေခဲ့လျှင် နိဿဂ္ဂိပါစိတ် အာပတ်သင့်ပြီး ကထိန်အာနိသင်ရလျှင် ညဥ့်ကင်းသော်လည်း အာပတ် မသင့်တော့ပါ)

၃။ ယာဝဒတ္ထစီဝရ - ရရှိသမျှ သင်္ကန်းတို့အား အဓိဌာန် ၀ကပ္ပနာမပြုဘဲ အလိုရှိသလို ထားရှိသုံးဆောင်နိုင်ခြင်း။
(ကထိန်အာနိသင်မရခဲ့လျှင် အဓိဌာန် သကပ္ပနာမပြုဘဲ သုံးစွဲပါက နိဿဂ္ဂိပါစိတ် အာပတ်သင့်ပြီး ကထိန် အာနိသင်ရလျှင် အဓိဋ္ဌာန် သကပ္ပနာ မပြုဘဲ သုံးစွဲသော်လည်း
အာပတ်မသင့်တော့ပါ)

၎။ ဂဏဘောဇန - မအပ်စပ်သော တောင်းခံခြင်း၊ ဖိတ်မန်ခြင်းမျိုးဖြင့် တောင်းခံပင့်ဖိတ်အပ်သောဆွမ်းဖြစ် လျက် လေးပါးနှင့် အထက်လွန်၍ စုပေါင်းခံယူ စားသုံးနိုင်ခြင်း။

(ကထိန်အာနိသင်မရခဲ့လျှင် ထိုသို့ မအပ်စပ်သော ဆွမ်းကို စုပေါင်းခံယူ စားသုံးပါက သုဒ္ဓပါစိတ် အာပတ် သင့်ပြီး ကထိန် အာနိသင်ရသဖြင့် သုဒ္ဓပါစိတ် အာပတ် မသင့်တော့ပါ)

၅။ ယော စတတ္ထ စီဝရုပ္ပါဒ - ကထိန်ခင်းရာကျောင်းတိုက်၌ ဖြစ်ပေါ်ရရှိလာသမျှ သင်္ကန်းတို့ကိုကထိန်အာနိသင် ရသော ရဟန်း၊ သံဃာတော်တို့သာ သုံးစွဲခွင့်ရနိုင်ခြင်းတို့ ဖြစ်ပါတယ်။

ကထိန်ခင်းလိုက်သဖြင့် ရရှိနိုင်သော အကျိုးငါးပါးတို့ကို ကထိန်ခင်းသော ရဟန်းနှင့် နှုတ်မြွက် သာဓု အနုမောဒနာပြုသော ရဟန်းတို့သာ ရယူခံစားခွင့်ရှိကြပါတယ်။ ခံစားနိုင်ခွင့်ကာလကတော့ ကထိန်ခင်းသည့် နေ့မှစ၍ တပေါင်းလပြည့်နေ့အထိဖြစ်ပါတယ်။

ကထိန်သင်္ကန်းရဲ့ အကျိုးကို ရဟန်းတော်တွေမှာသာ ရယူခံစားခွင့် ရှိတာမဟုတ်ပါဘူး ။ ကထိန်သင်္ကန်း ကပ်လှူတဲ့ ဒါယိကာ ၊ ဒါယိကာမ တွေမှာလည်း အကျိုး ၅ မျိုးကို ရယူခံစားခွင့်ရှိပါတယ်။

ကထိန်အကျိုး ၅ ပါး

၁ ။သွားချင်တဲ့ နေရာတိုင်း သွားလို့ရပါတယ်။ သူများကိုယ့်ကို မသွားရဘူးလို့မတားနိုင်တဲ့ အကျိုး ၊
၂ ။ ကိုယ့်ပစ္စည်းဥစ္စာတွေကို ကြိုက်တဲ့နေရာမှာထား၊ ဘယ်သူမှ မဖျက်ဆီးနိုင် မယူနိုင်၊ ရေမီးလည်းမဖျက်နိုင်ခြင်း
၃ ။ အ၀တ်အစား အသစ်အဆန်း အမျိုးမျိုးဝတ်ရခြင်း
၎ ။ စုန်းမတွေ အောက်လမ်းဆရာတွေက ကိုယ့်ကို အပင်းထည့်ပြီး မပြုစားနိုင်ခြင်း၊
၅ ။ ကိုယ့်ကို သူများများ လက်ဆောင်ပေးတဲ့ ပစ္စည်းကို ကိုယ့်ဆီမရောက်ခင် ကြားလူက ဖြတ်မယူနိုင်ခြင်း၊
ကိုယ့်ဆီ တန်တန်းမတ်မတ်ရောက်လာခြင်း

အစရှိတာတွေကို ရယူခံစားနိုင်ပါတယ်။

ဆန္ဒမပါတဲ့ ကုသိုလ်စိတ်နဲ့ လှူဖို့ ဆိုတာတော့ လောကီသား ဖြစ်နေတော့ အကျယ်အကျယ် အငြင်းပွားမနေတော့ပါဘူး . . .

ဒါဆိုရင် ဒီလိုလေးစဉ်းစားကြည့်လိုက်ကြပါစို့  . . .

- Visa အတွက် စိတ်ပူနေသလား ၊ ဟိုနိုင်ငံ ဒီနိုင်ငံလျှောက်လို့ Visa မရမှာ ၊ နိုင်ငံအ၀င်မှာ Immigration ရစ်မှာ စိုးရိမ်နေသူများ ၊ စည်းစိမ်ဥစ္စာတွေကို အမိန့် အာဏာနဲ့ အသိမ်းခံရမှာ ကြောက်နေသူများ၊ အ၀တ်အစားအမျိုးမျိုး ၊ အသစ်အဆန်းတွေနဲ့ ဖက်ရှင်ထုတ်ချင်သူများ၊ အစာအဆိပ်သင့်မှာ ၊ ဆေးမတိုးမှာ ၊ ရောဂါတိုးမှာ ကြောက်ပြီး စားချင်တဲ့အစာ မစားရတဲ့ ရောဂါဝေဒနာသည်များ၊ လုပ်ငန်းအတွက် မှာထားတဲ့ ပစ္စည်းတွေ မရောက်မှာ ၊ လျော့နည်းနေမှာ စိုးရိမ်နေကြသူများ

ကထိန်သင်္ကန်း ကို ပထမဇော နဲ့ ကပ်လှူကြပါလို့  . . .

ဒါပေမဲ့ လည်း အဲဒီအကျိုးတွေကို အပြည့်အ၀လိုချင်ရင်တော့ ဒီအချက်တွေကိုလည်း သိထားသင့်ပါသေးတယ်
  • ပထမ၀ါမဆိုရသေးသော ရဟန်း
  • ၀ါကျိုးဝါပြတ်ရဟန်း
  • ပစ္ဆိမ၀ါကပ်ရဟန်း (ဒုတိယ၀ါဆို၊ ၀ါကပ်ရဟန်း)နှင့်
  • အခြား ကျောင်းတိုက်၌ နေသော ရဟန်းများ
အစရှိသူတို့ ဟာ ကထိန်အာနိသင် ငါးပါးကို မရရှိနိုင်ပါဘူး . . .

အာနိသင်ရဖို့ အတွက် ကပ်လှုရမဲ့ နေ့ တွေကတော့ 
သီတင်းကျွတ်လပြည့်ကျော် ၁ ရက် နေ့  ကနေ တန်ဆောင်မုန်းလပြည့်နေ့ အတွင်း ကပ်လှူရမှာ ဖြစ်ပြီးတော့

အာနိသင်ကတော့
သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့ ကနေ တပေါင်းလပြည့်နေ့ အထိ ၆ လ အာနိသင်ကို ရရှိမှာဖြစ်ပါတယ်။

ဒါကြောင့် ဣစ္ဆာသယ ဤ ၆ လ လို့ ခေါ်တဲ့ အဲဒီ ၆ လအတွင်းမှာ အထက်က ဖော်ပြခဲ့တဲ့ အခက်အခဲ ၅ ချက် တွေ ရှိနေခဲ့ရင် ကထိန်သင်္ကန်း ကပ်လှူကြဖို့  ဘီလိတ်တက် ကထိန်သင်္ကန်း အာနိသင် ကို ရေးသားလိုက်ရပါတယ် ။

အကြောင်းအရာနဲ့  ပုံ တွေကို မီးလေး ဆီက မှီငြမ်းပါတယ်

No comments:

Post a Comment