Search This Blog

ချစ်ချစ်အကြောင်း တစ်စေ့တစ်စောင်း (၄ )

ချစ်ချစ်အကြောင်း ... တစ်စေ့တစ်စောင်း ချစ်ချစ်အကြောင်း ... တစ်စေ့တစ်စောင်း ချစ်ချစ်အကြောင်း ... တစ်စေ့တစ်စောင်း .. စာစု (၄)




ယ ၊ လ ၊ ၀ ... ဖြင့် နာမည်အဖျားစာလုံးမှည့်ခေါ်ထားသော ချစ်ချစ်တို့အကြောင်း


သူတို့လို နာမည်ရှင်မျိုးတွေနဲ့ ချစ်မိထားသူတွေအဖို့ကတော့... နားငြီးဖို့သာပြင်ထားတော့လို့ ပြောရမလိုပါပဲ။ မူလမဟာဘုတ် အနေအထားကြောင့်ဖြစ်စေ၊ ဆွံ့အနေလို့ဖြစ်စေ .... ရှိခဲ့ရင်သာ နားငြီးသက်သာနိုင်ပါလိမ့်မယ်။ သူတို့က စကားပြောရတာကို သိပ်ခုံမင်ကြတတ်တယ်လေ။ တစ်ချို့ကျတော့လည်း မပြောရင် မြုံစိစိ၊ အေးအေးလေး၊ ပြောလည်းပြောရော .. ၀ီခေါ်ပြီး မရပ်တော့တာမျိုး .. တွေ့ရတတ်ပါတယ်။

သူတို့က .. တစ်ခုခုကို ပြုပြင်ပေးရတာကို ၀ါသနာ ထုံတတ်သလို၊ ကိုယ့်ကိုယ်ကိုပဲဖြစ်ဖြစ်၊ သူများကိုပဲဖြစ်ဖြစ် ပြုပြင်ချင်တဲ့ စိတ်အာသီသလည်း ရှိတတ်ကြသူတွေမို့၊ သင်သာ သူတို့လို နာမည်ရှင်မျိုးလေးတွေကို ချစ်ချစ်တော်မိရင် .. သင့်ကို ပြုပြင်ခိုင်းတာတွေ လုပ်လာမယ်ဆိုတာ ကြိုရိပ်မိထားဖို့လိုသလို၊ သူ့အလိုကျ လိုက်လျောညီထွေ ပြုပြင်နေထိုင်ပေးဖို့လည်း လိုအပ်မယ်လို့ ကြိုသတိပေးပါရစေ။ သူတို့ထဲက တစ်ချို့သော ချစ်ချစ်ကလေးတွေကတော့ ........ တစ်ကယ့် လူဆိုးနာမည်တွင်နေတဲ့ ... ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှာ နာမည်ဆိုးတွင်နေတဲ့ .. ဖူးစာဖက်မျိုးကို တမင်ရွေးခြယ်ပြီး၊ ပြုပြင်ပေးဖို့ ကြိုးစားတတ်ကြပြန်ပါသေးတယ်။

ဆွေးနွေး တိုင်ပင်ရခြင်းဆိုတာ သူတို့ရဲ့အဓိက ဦးတည်ချက် တစ်မျိုး ဖြစ်တာကြောင့်၊ သူတို့ကို စကားကောင်းကောင်း ပြောပေးတတ်ဖို့လည်း အရမ်းလိုအပ်ပါတယ်။ သူတို့အတွက် စကားပြောဖော်ဆိုတာ မရှိမဖြစ် လိုအပ်တဲ့အရာပဲ ဆိုပါစို့။ ဒါကြောင့် သူတို့နဲ့ စကားကောင်းကောင်း ပြန်ပြောနိုင်ဖို့အတွက် .. သူတို့ စိတ်ဝင်စားမယ့် အကြောင်းအရာလေးတွေကို လည်း ..၊ ရှာဖွေလေ့လာထားမယ်ဆိုရင် .. အရမ်းကို အဆင်ပြေနိုင်တာပေါ့။

သူတို့က များသောအားဖြင့် ရုပ်ရှင်သရုပ်ဆောင်တွေ၊ အမူအယာလုပ်ပုံတွေကိုလည်း စိတ်ဝင်စား တတ်ကြပါသေးတယ်။ ဒါလည်း သတိပြုထားသင့်ပါတယ်။ တစ်ချို့သော သူတို့ထဲက ချစ်ချစ်တို့ကတော့ ဥာဏ်ရည်ဥာဏ်သွေး နဲ့ အတွေး အခေါ်ပိုင်းတွေကို အလေးအနက် ထားတတ်ကြပြန်တယ်။ ဒီလိုမျိုး ချစ်ချစ်လေးတွေနဲ့ ဆုံဆည်းခဲ့မယ် ဆိုရင်လည်း ကိုယ့်ဘက်က .၊ နောလေ့ရှ်ပိုင်းမှာ .. ထက်မြက်နေဖို့လိုပြန်ရောဗျ။

ဟူးးးးးးးးးးးး ။

ကဲ သူတို့လိုနာမည်ရှင်မျိုးတွေနဲ့ ချစ်ချစ်တော်ဖို့ စိတ်ကူးများရှိကြရင်တော့... တော်ကီကောင်းဖို့က နံပတ်တစ်ပဲဗျို့။ တော်ကီကောင်းလေ သူတို့ကအကြိုက်တွေ့လေပါပဲ။ အပြုသဘောဆန်တဲ့ ချစ်သူမျိုးလေးတွေလို့လည်း ပြောလို့ရတာမို့ .... သူတို့က ဘယ်အရာကိုပဲပျက်ပျက် အလွယ်တစ်ကူ ပစ်ထားလိုက်တာမျိုးကိုလည်း မနှစ်သက်တတ်ဖူးဆိုတာ ကိုယ်ကသိထားဖို့လိုပါတယ်။ ဖိနပ်ကလေး ပြတ်တာကအစ ... စီးလာတဲ့ကား ပျက်တာအဆုံး၊ .. ကိုယ့်ဆရာက ယောကျာ်းလေးဆိုရင်တော့ ..ချစ်သူရှေ့မှာ ဟိုကလိ သည်ကလှည့် လုပ်ကြည့်တတ်ဖို့လိုပါတယ်။ ဖိနပ်ပြတ်ခဲ့ရင်လည်း တွယ်ချိတ်ကလေးနဲ့ ပြုပြင်ပေးလိုက်တာမျိုး လုပ်ပေးနိုင်လို့ကတော့....အမှတ်တွေ တစ်လှေကြီး ရမှာကျိန်းသေပါပဲ။ နောက်တစ်ခုကတော့ အပေးအယူ အလဲအလှယ် လုပ်တတ်တဲ့ သဘာဝစရိုက်တစ်မျိုးပါ။ ဒါကို သိထားဖို့လည်း လိုပါတယ်။ သူတို့ရဲ့ သဘာဝမှာ ၊ သူတို့ရဲ့ ဦးတည်ချက်မှာကို အဲဒါမျိုးက ပါလာပြီးသားဖြစ်နေတာပါ။ အရောင်းအ၀ယ်နဲ့ ကုန်သွယ်မှုဆိုင်ရာ... အခြေခံစိတ်တစ်မျိုးလို့လည်း ဆိုနိုင်ပါတယ်။ ဖလှယ်ရတာ၊ အလဲအလှယ်လုပ်ရတာကို ၀ါသနာထုံတတ်တဲ့ သူတွေမို့ ( ဟိုနေ့ကလိုမျိုး နောက်မလုပ်တော့ဘူးဆိုရင် ... ချစ်လည်း နောက်ကို မောင်မကြိုက်တဲ့ ဟိုဥစ္စာကို မလုပ်တော့ဘူးနော်) ဆိုတာမျိုး ... အလဲအလှယ် သဘောမျိုးနဲ့လည်း တောင်းဆိုတတ်ကြတာကို ကြိုတင်သိထားဖို့လိုပါလိမ့်မယ်။

ကဲ ... အနှစ်ချုပ်ပေးပါ့မယ်။

အဓိကအနေနဲ့ သူတို့လို နာမည်ရှင်မျိုးလေးတွေကို ချစ်ချစ်တော်မိမယ်ဆိုရင် ........ စာပေဗဟုသုတကြွယ်ဝဖို့လိုသလို၊ စကားပြောကောင်းဖို့ လိုပါတယ်။ အထူးသဖြင့် ... ဆွေးနွေးပေးတာ၊ အယူအဆ အတွေးအခေါ်ခြင်း ဖလှယ်ပေးရတာလေး တွေကို အထူး စိတ်ပါဝင်စားတတ်သူတွေဖြစ်တဲ့အတွက်. ...........၊ အစိမ်းသက်သက်ကနေ စပြီးချဉ်းကပ်မယ်ဆိုရင်တောင်မှ .... စကားစမြည်ပြောဆိုဆွေးနွေးခြင်း တစ်ခုခုနဲ့ ၀င်ရောက်ချဉ်းကပ်တာဟာ အကောင်းဆုံးဖြစ်မှာပါ။ တော်ကီ ကောင်းဖို့ လိုတယ်ဗျို့။ တော်ကီ....တော်ကီ၊ အင်း တော်ကီ ချစ်ချစ် လို့ပဲ ဆိုကြပါစို့ရဲ့။

ဥပမာအားဖြင့်တော့ သည်လိုနာမည်ရှင်မျိုးလေးတွေပေါ့။
နွယ်နွယ်ဝေ၊ အောင်လင်း၊ ကျော်ဇေယျာ၊ မင်းဇော်ဝေ။ လင်းလင်း၊ ဖြူလဲ့။

ချမ်းမြေ့သုခ ..ရှိကြပါစေ။
သုတေသီ ဝေသာလီမောင်ဖုန်း


No comments:

Post a Comment