အနိဋ္ဌ+အနိဋ္ဌ =ဣဋ္ဌ
" တေးအေးရိပ် . . . အားရင် ခဏလောက် လာခဲ့ပါအုံး . . စကားနည်းနည်းပြောချင်လို့ . . ."
"ဟုတ်ကဲ့ . . . လာပါပြီ . . ."
မန်နေဂျာမှ Internal ဖုန်းခေါ်ကာ မိမိအား တွေ့ လိုသည်ဟု ပြောသဖြင့် လုပ်နေဆဲ စာရင်းဇယားများအား ခဏ ပြစ်ထားပြီး မန်နေဂျာဆီသို့ ထွက်လာခဲ့၏ ။
" ဒီစာရင်းကို ငါပြန်စစ်ကြည့်တာ . . . စာရင်းဆွဲထားတာတော့ ဟုတ်ပါပြီ ။ ဘယ်မှာလဲ ဘဏ်စာရင်း . . ဖိုင်တွဲ
အထဲမှာလည်း မရှိဘူး ။ "
" ဗျာ . . အဲဒီ folder ထဲမှာပဲ ရှိမှာပါ ။ let me see ? "
မန်နေဂျာ စစ်ဆေးနေသည့် folder အား လှန်လှောကြည့်ရှုပြီး ဘဏ်စာရင်း စာရွက်အား ရှာကြည့်မိ၏။ မတွေ့  ။ နောက်တစ်ခေါက် ထပ်ကြည့်ပြန်၏ ။ မတွေ့ ရေးချ မတွေ့ ပေ။
" ဘဏ်စာရင်းစာရွက် မရှိဘဲ နဲ့ Accounts ဘယ်လို ဆွဲသလဲ ? ငါတော့ မစဉ်းစားတတ်ဘူး . . ဒါမှ မဟုတ်
အထားမှားလို့ လား ? ရော့  . အဲဒီ folder ပြန်ယူသွားချေ . . အားလုံးပြည့်စုံမှ checking လုပ်ဖို့ ပြန်လာပေး ..
"
ကိုယ့်ကိုယ်ကိုလည်း နားမလည်နိုင်တော့ ။ သေချာသည်ကား ဘဏ်စာရင်းစာရွက်မရှိဘဲ company accounts တစ်ခုအား မည်သို့ မျှ စာရင်းဆွဲ၍ မရ ။ မရှိခဲ့လျှင်လည်း မိမိမှ client ထံတွင် တောင်းမည်သာ။ အားလုံးပြီးပြည့်စုံမှလည်း စာရင်းဆွဲဖြစ်မည်။ ယခုတော့ ဤသို့ မဟုတ် ။ ဘဏ်စာရင်းစာရွက်က ပျောက်နေပြီ။ မှတ်လည်းမမှတ်မိ ။ ဆွဲရသည့် စာရင်းတွေကလည်း အမြောက်အများ ။ လူလည်း အူကြောင်ကြားဖြင့် folder အား ကိုင်ကာ နေရာတစ်ကျပြန်ထားလိုက်၏ ။ ထို့ နောက့်  မည်သည့်နေရာများ ထားမိပါလိမ့်ဟု ဇဝေဇ၀ါ အတွေးများစွာဖြင့် work-in-process အတွက် folder များထည့်သည့် pigeon hole များထဲတွင် ရှာဖွေနေမိ၏ ။ အဆိုပါ folder ကား မည်သည့်ချောင်ထဲတွင် ရောက်နေသည် မသိ ။ ကိုယ်ယောင်ဖျောက်နေလေတော့၏။
ခဏအကြာတွင် မန်နေဂျာ နှင့် လုပ်ဖော်ကိုင်ဖက် ပါတနာ ရောက်လာလေတော့သည်။
" တေးအေးရိပ် . . မင်း စာရင်းဆွဲတာ ဘဏ်စာရင်း မရှိဘဲ ဆွဲလိုက်တယ်လို့ ငါကြားတယ်။ ငါ့ကို ပြပါအုံး .. folder ပြန်သွားယူလာခဲ့ ။ "
အလုပ်စားပွဲဘေးနားမှ ခုံအား ဆွဲယူကာ မိမိဘေးနားတွင် ထိုင်ပြီး ပြောလိုက်သည့် ပါတနာ စကားကြောင့်
ယခုလေးတင် သိမ်းထားသော folder အား ပြန်လည် ထုတ်ပေးလိုက်သည်။ ငါတော့ ငါးပါးမှောက်ပြီထင်တယ်
ဟု စိတ်ထဲမှလည်း တွေးတော နေမိလေတော့၏ ။
" ဘဏ်စာရင်းမပါတာတော့ ဟုတ်ပြီ ။ Sales Invoices တွေကော "
င်္င်္Folder အား နောက်တစ်ခေါက် ပြန်လှန်လှောကြည့်မိပြန်၏ ။ မတွေ့  . . သွားပြီထင်၏ ။ Trial Balance အား ကြည့်နေရင်း ပါတနာမှ
" Sales Invoices တွေ မရှိဘဲ ဒီ ၀င်ငွေတွေကို ဘယ်ကနေဘယ်လို ရလာသလဲ ။ Debtors list တွေလည်း
ဘယ်ကနေရလာသလဲ ၊ မင်းလို ၇ နှစ်ကျော် လုပ်သက်နဲ့ ဒီလို စာရင်းမျိုးဆွဲတာ တစ်ခါမှ မတွေ့ ဖူးဘူး "
ပြောပြရန် စကားလုံးများ ဆွံ့ အနေလေတော့ပြန်သည်။ စကားလည်း ရှာမတွေ့ ။ သက်သေပြစရာ အဖြစ် ဘဏ်စာရင်း နှင့် Sales Invoices များပါသည့် folder က ပျောက်နေပြီဖြစ်၏။ ဘေးနားတွင်ထိုင်ကာ တစ်တွတ်တွတ်ဖြင့် တော်ကီပွားနေသော ပါတနာစကားများအား နားထောင်ရင်း သက်ပြင်းများအကြိမ်ကြိမ်
ချနေရလေ၏ ။ အဖြေမဲ့ ပုစ္ဆာများ ရင်ထဲတွင် ပွစာကြဲနေလေ၏ ။ ခဏအကြာတွင် ပါတနာလည်း သူမ၏ အလုပ်စားပွဲ ရှိရာသို့ ထွက်ခွာသွားလေတော့သည်။
သူမ ထွက်ခွာသွားတော့ မူလထားခဲ့သည့် နေရာသို့ folder အားပြန်ထည့်လိုက်ပြီး မကြေပွဲအဖြစ် လုပ်လက်စ အလုပ်များ ထားသော pigeon hole များအား တစ်ခုချင်း လိုက်ရှာနေလေတော့သည်။ သိပ်မကြာလိုက်ပါချေ။
တွေ့ လေပြီ။ မိမိ Supervisor မှ စာရင်းဆွဲပြီး ထားခဲ့ခြင်းပင်တည်း ။ ကုမ္မဏီ ၂ ခု နာမည်ချင်းဆင်သည့်အပြင်
ဒါရိုက်တာ မှာ တစ်ယောက်တည်း ဖြစ်သဖြင့် folder ခြင်းရောကာ နေရာမှားနေခြင်းဖြစ်၏ ။ ထားခဲ့သူကား ထားခဲ့ပြီ။ခံရမည့် သူကား မသက်သာလှ ။ အစည်းအဝေးထိုင်ပြီး disciplinary action လုပ်မည်လား ထင်ရ၏။
folder အား ပြန်ရှာတွေ့ သဖြင့် စစ်ကြည့်လိုက်ရာ ဘဏ်စာရွက်ရော ၊ Sales Invoices များပါ ရှာဖွေတွေ့ ရှိ
လိုက်ရ၏ ။ ၀မ်းသာအားရဖြင့် မန်နေဂျာ ဆီသို့ ယူသွားကာ
" ဒီမှာ တွေ့ ပြီဗျ . . . နေရာမှားပြီး သိမ်းထားတာ supervisor က . . အထဲမှာ အကုန်ပါတယ်။ "
" သြော် . . ဟုတ်လား . .တော်သေးတာပေါ့ . . . ဒါဆို လည်း ပြန်သိမ်းထားလိုက် . . ငါ အခုမအားသေးလို့ .
နောက်မှ ပြန်စစ်မယ် "
ယခုမှ သက်ပြင်း ချမိလေတော့သည် ။ ကိုယ့်အပြစ်မဟုတ် . . အထောင်းသက်သာပေလေတော့မည်။ Folder အား နေရာတစ်ကျ ပြန်ထားလိုက်ပြီး အလုပ်စာပွဲတွင် ၀င်ထိုင်ပြီး၍ ဖင်ပင် မပူသေး . . ပါတနာ ဆီမှ email တစ်စောင် ရောက်လာလေတော့၏ ။ ရှည်လျားထွေပြားစွာဖြင့် ပြစ်ချက်များ အား ဖော်ပြကာ အဆိုပါ စာရင်းအား နောက်တစ်ပတ်အကြာတွင် ပြန်လည် စစ်ဆေးမည်ဖြစ်ကြောင်း နှင့် တွေ့ ရှိချက်များအပေါ် အားရကျေနပ်မှုများမရှိပါက မိမိအား Disciplinary action ယူကာ ၀မ်နင် ထုတ်မည်ဖြစ်ကြောင်း ဖတ်လိုက်ရလေတော့၏။
အလုပ်ပင် မလုပ်ချင်တော့ ။ စာမေးပွဲကလည်း စစ်ဆေးမည့် ရက် မတိုင်ခင် တစ်ရက်အလိုတွင် ဖြေရမည်။ စာပင် ဖြောင့်အောင် လုပ်နိုင်တော့မည် မဟုတ်ဟု ထင်ရ၏ ။ အစည်းအဝေးတွင် မည်သည့်မေးခွန်းများအား မေး၍ မည်သို့ မည်ပုံ ဖြေရမည်ကို ကြိုတင် တွေးတောနေမိပြီး ရင်မောနေလေတော့ပေသည်။ အဆိုပါ ရက်ပိုင်းအတွင်းတွင်လည်း မျက်လုံးက မည်သို့ မည်ပုံဖြစ်သည် မသိ ။ infection ၀င်ကာ မျက်လုံးယောင်ပြီး မျက်ရည်ကျနေသည့် အတွက် မျက်စဉ်းခပ်နေရသည့် အချိန် ။ ဘယ်ဖက် မျက်လုံး ကောင်းသွားလျှင် ညာဖက် မျက်လုံး infection ဖြစ်လိုက်နှင့် တစ်လှည့်စီ ဒုက္ခပေးနေလေတော့၏ ။ ညဖက် ကွန်ပျူတာ ကြည့်ပြီး ညဥ့်နက်သွားပါက (သို့ ) တစ်နေ့ ၇ နာရီ မျက်စိ အနားမပေးပါက မနက်ဖက် အိပ်ရာထပါက မျက်လုံးယောင်ကာ မျက်ရည်ပူများ ထွက်နေသည့် အချိန်ပင် ။
တစ်ပတ်လုံးလုံး ဘယ်ဖက်ဖြစ်လိုက် ၊ ညာဖက် ဖြစ်လိုက် နှင့် တစ်လှည့်စီ အငိုမျက်လုံး အပြုံးမျက်နှာဖြစ်အောင် ပြုစားပြီးသကာလ အစည်းအဝေးထိုင်မည့် နေ့ မနက် တွင် မျက်လုံး ၂ ဖက်လုံး ယောင်ကာ မျက်ရည်များ ကျနေခဲ့၏ ။ မနက်စောစော အလုပ်သွားမည့် လမ်းတစ်လျှောက် အစည်းအဝေး အတွက် အခြေအနေ ကောင်းမကောင်း နိမိတ်ယူရန် စဉ်းစားလာခဲ့ရာ ယနေ့ မှ မိမိမျက်လုံး ၂ ဖက်စလုံးမှ မျက်ရည်ထွက်နေသည့် အတွက် နိမိတ်အဖြစ်ယူရန် သတိရလိုက်မိ၏ ။
ပုံမှန် မျက်လုံး တစ်ဖက်စီ မျက်ရည်ကျနေရာမှ Disiplinary action အတွက် အစည်းအဝေးလုပ်မည့် ရက်တွင်မှ မျက်လုံး ၂ဖက်စလုံး မျက်ရည်ကျသဖြင့် စိုးရိမ်နေရသော ကိစ္စများအတွက် အနိဋ္ဌ+အနိဋ္ဌ =ဣဋ္ဌ ဖြစ်လာနိုင်သည်ဟု သဘောထားကာ ကိုယ့်အတွေးဖြင့်ကိုယ် နိမိတ်ကောက်လိုက်လေတော့၏ ။
နိမိတ်ကောက်သည့်အတိုင်းပင် အလုပ်သို့ အရောက် အစည်းအဝေး လုပ်မည့် အချိန်တွင် ပါတနာအား သွားရောက်တွေ့ ဆုံရာ သူမမှ အစည်းအဝေး လုပ်စရာမလိုကြောင်း ၊ folder အား ပြန်လည်တွေ့ ပြီ ဖြစ်သဖြင့် ကျေနပ်ကြောင်း ၊ နောက်နောင်တွင် memory ကောင်းအောင် မှတ်ထားသင့်ကြောင်း ။ ဖေဖော်ဝါရီလတွင် ထရိန်နင် ထပ်ပေးမည်ဖြစ်ကြောင်း တို့ အား ပြောကြားခဲ့လေရာ မျက်ရည်ကျခြင်းသည် မကောင်းနိမိတ် ဟု ယူဆ၍ မရနိုင်ကြောင်း ၊ အခြေအနေ၊ အချိန်အခါ ၊ ဖြစ်ရပ်တို့ အပေါ်တွင် မူတည်ကြောင်းတို့ အား ဗဟုသုတ အလို့ ငှာ ဖော်ပြလိုက်ရပေသည်။
No comments:
Post a Comment