ချစ်ချစ်အကြောင်း ... တစ်စေ့တစ်စောင်း.. ချစ်ချစ်အကြောင်း ... တစ်စေ့တစ်စောင်း... ချစ်ချစ်အကြောင်း ... တစ်စေ့တစ်စောင်း .. စာစု (၃)
စ ၊ ဆ ၊ ဇ ၊ ဈ ၊ ည ... ဖြင့် နာမည်အဖျားစာလုံးမှည့်ခေါ်ထားသော ချစ်ချစ်တို့ အကြောင်း
စ ၊ ဆ ၊ ဇ ၊ ဈ ၊ ည ... ဖြင့် နာမည်အဖျားစာလုံးမှည့်ခေါ်ထားသော ချစ်ချစ်တို့အကြောင်း
သူတို့လို နာမည်ရှင်မျိုးတွေနဲ့ ချစ်မိထားသူတွေအဖို့ကတော့ .... ရုတ်ရုတ် ရုတ်ရုတ်မလုပ်ဝံ့အောင်ပါပဲ။ သူတို့က သိပ်လျှင်သလို၊ စုံစမ်း ထောက်လှမ်း ရတာကိုလည်း ၀ါသနာထုံတတ်ကြပါတယ်။ တစ်ချို့ဆို ..( မူလမဟာဘုတ်ဇာတာအရ) အင်္ဂါဂြိုဟ် အရမ်းအားကောင်းတဲ့ အနေအထားရှိသူတွေဖြစ်ခဲ့ရင် ... ဇိုးဇိုးဇတ်ဇတ်နဲ့ ကိုယ့်ကိုဦးဆောင် သွားမယ့်သူမျိုးတွေအဖြစ် တွေ့ကြရပါမယ်။ သူတို့က စိတ်မြန်သလို .. အီးလေးဆွဲနေတာ၊ စောင့်ဆိုင်းရတာ တွေကိုလည်း အရမ်းမုန်းတတ်ပါတယ်။ နာရီကို ရှေ့နဲနဲစောပြီး လှည့်ထားတတ်တာ သူတို့ပေါ့။
သူတို့ကို .. တားမြစ် ပိတ်ပင်ရတာ အရမ်းခက်ပါတယ်။ .. အဖြစ်နိုင်ဆုံးကတော့ ဖြောင်းဖြောင်းဖျဖျ ပြောဆိုပေးရုံလောက်ပဲ လုပ်ပါ။ သူတို့က အနိုင်ယူချင်တယ်။ ယှဉ်ပြိုင်လိုစိတ်လည်း ရှိတတ်ကြပါတယ်။
တစ်ကယ်လို့များ ဒီလိုချစ်သူလေးမျိုးရထားပြီး .. သူ့ကို တစ်ခြားတစ်ယောက်နဲ့ နှိုင်းယှဉ်ပြပြီး .. ဝေဖန် အပြစ်တင်တာမျိုး လုပ်မိမယ်ဆိုရင်တော့.. ......... နောင်ရေးအခြေအနေက .. ရင်လေးစရာ ဖြစ်သွားနိုင်တာမို့ တော်တော်ဂရုစိုက် ရှောင်ကျဉ်ပါလို့ပဲ သတိပေးရပါမယ်။
ဒီလိုနာမည်ရှင်မျိုးတွေဟာ စိတ်မြန်သလို၊ စိတ်ဆတ် စိတ်တိုမှုလည်း ရှိတတ်ကြပါတယ်။ ရုတ်တရက် ဖျတ်ကနဲ ကောက်ခါငင်ခါ လုပ်တတ်လေ့ရှိပြီး၊ ... အရမ်းသေချာတာကတော့..သူတို့မှာ ကိုယ်ပိုင် စံသတ်မှတ်မှု ပေတံတွေ ရှိနေကြတာပါပဲ။ ဒီလို စံသတ်မှတ်မှု ပေတံတွေဟာ...၊ သူတို့ရဲ့ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ အပြင်.... အိမ်ထောင်ဖက် ရွေူးခြယ်ရေး ကဏ္ဍမှာပါ .. ရှိနေမှာဖြစ်တဲ့အတွက် ... သူတို့နဲ့ချစ်ကြိုးသွယ်မိတဲ့ မောင်မောင် မမ တို့အနေနဲ့ သူတို့ရဲ့ပေတံတွေကို လိုက်မီ နေခြင်း၊ သူတို့သတ်မှတ်ထားတဲ့စံရည်စံသွေးမှာ အမြဲတည်နေခြင်းမျိုး ရှိနေဖို့လိုအပ်ပါတယ်။ သူတို့သတ်မှတ်ထားတဲ့ စကေးမကိုက်ရင်တော့... အပြေးလိုက်တာတောင်.. လွယ်မယ်မထင်ပါဘူး။ ( ကြည့်ပါလား..သူနော် ဇွတ်ပဲ) အဲလိုမျိုး မကြာခဏဟန့်ရတာ ... သူတို့လို နာမည်ရှင်မျိုးတွေပါ။ ဇွတ်တရွတ် လုပ်တာ၊ သူတို့ကစပြီး ကျူးကျော်တတ်တာ၊ တစ်ခါတစ်လေ မိုက်မိုက်ကန်းကန်း လုပ်ဆောင်တတ်တာ၊ မာနကြီးတာ၊ တစ်ခါတစ်လေ .. ရိုင်းရိုင်းပြပြဆက်ဆံတတ်တာ၊ .... တစ်ခါတစ်လေ စွန့်စွန့်စားစားလုပ်တတ်တာ၊ အလျင်လိုတတ်တာ၊ အစရှိတဲ့ ဂုဏ်အရည်သွေးတွေနဲ့ ပြည့်ဝနေတတ်တဲ့ ချစ်ချစ်အမျိုးအစားပဲ ဆိုကြပါစို့။
သူတို့ရဲ့လက်သုံးစကားကတော့ အရည်အသွေး ပဲဖြစ်ပြီး၊ ကွာလတီမန်း ၊ ကွာလတီလေဒီ တွေလို့တောင် ခေါ်နိုင်သူတွေပါ။ လက်ရဲဇက်ရဲ နိုင်တာလည်း သူတို့ပါပဲ။ ဒီတော့ သူတို့ရဲ့ချစ်ချစ် လုပ်မယ်ဆိုရင်တော့ ......... နဲနဲတော့ သတိထားဖို့ လိုပါမယ်။ ကိုယ်က မိန်းကလေး ဆိုရင်လည်း .. လက်ရဲဇက်ရဲ နိုင်တဲ့သူတို့လို .. ချစ်ချစ်မျိုးက.... အင်း... ဟိုဒင်း.. ဟုတ်ကဲ့။ သတိထားဖို့လိုပါတယ်။
ကိုယ်ကယောကျာ်းလေးဆိုရင်တော့ ...... လက်ရဲဇက်ရဲ ချစ်ချစ်လေးရဲ့...ဆွဲဆိတ်တာ၊ ထုထောင်းတာ။ ဗိုက်ခေါက်လိမ်တာ၊ စသည်ဖြင့်..တော်တော်များများကို ခံရဖို့များတာကြောင့်... အရှောင်အတိမ်းတတ်ဖို့ လိုပါတယ်။
အနှစ်ချုပ်ပြန်စုပေးပါ့မယ်။ ဒီလိုနာမည်မျိုးနဲ့ ချစ်ချစ်တစ်ယောက်လောက်နဲ့ ဆုံဆည်းဖို့ ဖြစ်လာခဲ့ရင်တော့ အရည်အသွေး နံပတ်တစ်ပါ။ စုံစမ်းထောက်လှမ်းမယ့် သူမျိုးမို့ ... အမှားလုပ်ထားတာ၊ ဖုံးဖိဖို့လိုတာတွေကို ..၊ ဖုံးမှာ ဆိုရင်လည်း ပိပိရိရိသေသေသပ်သပ်နဲ့ဖြစ်အောင်တင်ကြိုပြင်ဆင်ထားသင့်ပါတယ်။ သိပ်မနောက်ကျစေပါနဲ့။ ဘာကိုပဲဖြစ်ဖြစ်ပေါ့။ နောက်ကျတာ။ တောကျတာ၊ ဂိုက်ဆိုက်က ခေတ်မမီတာ၊ မော်ဒယ် အောက်တာမျိုးတွေကို မဖြစ်အောင်ဂရုစိုက်ပါ။ အဲဗားအပ်ဒိတ် ဖြစ်နေဖို့လိုတဲ့ ချစ်ချစ်မျိုးဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
ချမ်းမြေ့ကြပါစေသောဝ်။
သုတေသီ ဝေသာလီမောင်ဖုန်း

No comments:
Post a Comment