Search This Blog

ဗေဒင်ဟောပြောခြင်းမှာ သင်မပါစေနဲ့ 

သင်သည် ဗေဒင်တော့ ဟောပါ။ သို့ ရာတွင် ဗေဒင်ဟောပြောခြင်းထဲတွင် သင်မပါ ပါစေနှင့်



" ကဲကဲ . . ဒီလောက်တောင် Alexandra လို့  အားပေးနေကြတာ . . သယ်ရင်း မင်း ဘယ်ဖက်က နေမလဲ . . . ငါ JLS ဘက်ကနေမယ် . . . ပေါင် ၂၀ ထည့်မယ် ။ "

သူငယ်ချင်းဖြစ်သူမှ X-factor final list ကြည့်နေသော အခြားသူငယ်ချင်းများမှာ Alexandra အား ၀ိုင်းဝန်း အားပေးနေသဖြင့် ပိုမို စိတ်ဝင်စားဖွယ်ဖြစ်စေရန် မဲဆွယ်စည်းရုံးလိုက်၏ ။ နေ့ ခင်းဖက်တုန်းက ရှမ်းကိုးမြီး ရိုက်သဖြင့် နိုင်ထားသော ငွေယားကလေးဖြင့် သူမှ စတင် လောင်းကြေးထပ်လိုက်လေ၏။ မိမိမှာလည်း အပေါင်းအသင်းများဖြင့် မတွေ့ ရသည်မှာ ကြာပြီဖြစ်သောကြောင့် သောကြာနေ့  ညနေဖက် အလုပ်ဆင်းပြီးကတည်းက Neasdan ရပ်ကွက်ရှိ ရောင်းရင်းများ အိမ်တွင် ရောက်နေခဲ့၏။ သူငယ်ချင်းများကား ယခင်တုန်းက Fulham ရပ်ကွက်တွင် အတူနေခဲ့ကြသော ရောင်းရင်းဟောင်းများဖြစ်၏ ။ သူငယ်ချင်း၏ သူငယ်ချင်းဖြစ်သူ မွေးနေ့ ပွဲလည်း ကျင်းပနေသဖြင့် သောက်ပွဲ စားပွဲများဖြင့် ရောင်းရင်းများ လန်း နေသလို Black Label ပုလင်း ၄ပုလင်း လည်း ကုန်ပြီးသည့်အချိန်လည်းဖြစ်၏။

Alexandra (
Hallelujah ) Song

JLS (Hallelujah ) Song


ပေါင် ၂၀ လောင်းကြေးထည့်ပြီး မိမိအား ဘယ်ဖက်တွင်နေမလဲဟု လှမ်းမေးလိုက်သည့် အသံကြောင့် နာရီအား လှမ်းကြည့်မိလိုက်၏ ။

ယူကေ စံတော်ချိန် စနေနေ့ ည ၉း၄၈ ကျော်ပြီ ။ X-factor finalist များဖြစ်သည့် Eogham, JLS boy band နှင့် Alexandra Burke တို့ တွင် Eogham တတိယ ရပြီးအချိန်လည်း ဖြစ်၏။ စနေနေ့ ည ၉း၄၈ သည် အင်္ဂ၀ိဇ္ဖ္ဖာတိုင် အရ အင်္ဂါ အခါဖြစ်သည်။ အင်္ဂါ အခါတိုင်အား စိတ်ထဲမှ ထူကြည့်လိုက်ရာ



၁ အလက်ဇန္ဒရာ
---

---


၅ ဘာခ့်

Alexandra Burke အမည်သည် အလယ်ချာ အင်္ဂါကို ကောင်းမွန်စေသော "သာစည်" ကိန်း မိနေပြီး JLS အမည်သည် အခိုက်တွင် ရောက်ရှိနေသည်ကို ကနဦး စဉ်းစားမိလိုက်၏။

အင်္ဂါ ပရိယာယ်သည် ဆန္ဒ အား ရည်ညွှန်းသည်။ X-factor ပြိုင်ပွဲအတွက် အကောင်းဆုံး သီဆိုသူအဖြစ် မဲပေးခြင်းသည် ဆန္ဒအား ကောက်ခံခြင်းလည်း ဖြစ်၏ ။ Alexandra Burke အမည် သည် အင်္ဂါကို ကောင်းမွန်စေသော အမည်မျိုးဖြစ်သဖြင့် အင်္ဂါပရိယာယ်ဖြစ်သည့် ဆန္ဒကို ပိုမိုကောင်းမွန်စေ၏ ။


ထိုကဲ့သို့ စဉ်းစားမိလိုက်သဖြင့် alexandra အား အနိုင်ရမည်ဟု ပြောလိုက်လျှင် အခြား သူငယ်ချင်းများက Alexandra Burek မှ Alexandra ဖြစ်နေသည့်အတွက် သံယောင်လိုက်နေသလို ဖြစ်မည်စိုးမိ၏။ ထို့ ပြင် သူငယ်ချင်းတစ်ယောက်မှလည်း
ဂီတသံစဉ် အား ထဲထဲဝင်ဝင် သိရှိသောကြောင့် ထိုအဆိုတော် ၂ယောက်၏ သီဆိုပုံအား နားထောင်လိုက်ယုံဖြင့် မည်သူနိုင်သည်ဟု ခန့် မှန်းနိုင်ကြောင်း ဆိုလာပြန်လေရာ အများ နှင့် ၂ယောက် ၊ မခံချင်စိတ်ကလည်း ၀င်လာပြန်သဖြင့် JLS ကို ဆက်လက်ကြည့်မိလိုက်၏ ။

ဝ လူစုလူဝေး

၁ အက်စ်
---

---

၂ ဂျေအယ်လ် (အခိုက်)





JLS သည် အခိုက်တွင် ရောက်နေသဖြင့် န၀င်းအား လှမ်းကြည့်လိုက်ပြန်ရာ စနေ ကို တွေ့ ရ၏။ စနေသည် လူစုလူဝေး ပရိယာယ်ကို ညွှန်ပြသည့် ဂြိုဟ်လည်း ဖြစ်ပြန်ရာ ယခုဆန္ဒမဲပေးပွဲသည် လူစုလူဝေး အားကိုးရမည် ဖြစ်သဖြင့် န၀င်း ရှိ စနေသည် အားကောင်းသည် ဟု မှတ်ယူလိုက်ပြန်၏။

အများနှင့် တစ်ဖက် ၊ မခံချင်စိတ် ကြီးစိုးခြင်းဖြင့် ဗေဒင်ဟောခြင်းထဲသို့ ကိုယ်တိုင်ဝင်ရောက်ခံစားသွား၏ ။ ထိုအခါတွင် ပညာသည် ကွယ်လေတော့ရာ . . န၀င်းစွမ်းအား ကို ကိုယ်လိုရာ ကိုယ် ဆွဲတွေးလေတော့၏ ။ ထိုန၀င်းသည် အခိုက်ကြောင့် ပေါ်ပေါက်လာသော န၀င်း ဖြစ်ကြောင့် မစဉ်းစားမိတော့ . . အခိုက်ရှိ JLS သည် န၀င်းစွမ်းအားကြောင့် ကောင်းမည်ဟု မြင်လာတော့သည်။

" ငါကတော့ ပြတ်တယ်ဟေ့ . . JLS မှ JLS ပဲ . . ဒီမှာ ပေါင် ၂၀ . . လာထား . . . တစ်ပတ်စာ Travel ဖိုးတော့ ရပြီ "

" ဟဲဟဲ .. ဆရာတေး . . . ဗေဒင်ကော သေချာတွက်ပြီးပြီလား . . ကျွန်တော်တို့ ကတော့ Alexandra လေးပဲနော် .. နောက်မှ ပိုက်ဆံ ပြန်မတောင်းနဲ့  .. "

" ဟင်းဟင်း . . . မပိုင်ရင် ခြင်တောင်မရိုက်ဘူးကွ . . . ဂီတသံစဉ် လောက်ကတော့ကွာ . .. ဗေဒင်ပညာက အသာလေးပါ . . . ကြည့်ထား . . . ဆရာ နာမည်ပျက်သွားမှာပေါ့ကွာ .. ဟားဟားဟား"

ဤ သို့ ဖြင့် voting result ကို ဆက်လက်ကြည့်ရှုရာ . . နောက်ဆုံးတွင် သူငယ်ချင်းများမှ အနိုင်ရရှိသွားကာ လောင်းကြေး ပေါင်၂၀လည်း Black Label ပုလင်းအဖြစ် အသွင်ပြောင်းသွားလေတော့၏ ။

ထို့ ကြောင့် ဆရာမင်းသိင်္ခ ပြောခဲ့သည့်
" သင်သည် ဗေဒင်တော့ ဟောပါ။ သို့ ရာတွင် ဗေဒင်ဟောပြောခြင်းထဲတွင် သင်မပါ ပါစေနှင့် " ဟု အဆိုအမိန့် သည် လက်တွေ့ သင်ခန်းစာ အဖြစ် အမှတ်ရမိသွားလေတော့၏ ။ ဟောပြောနေကြသည့် ပညာရှင်များ အနေဖြင့် ဗေဒင်ပညာထဲမှ ပြသသည့် ဟောကွက်များအား ကျော်လွှားကာ မိမိတို့ ၏ စိတ်ခံစားမှုများ အား နှုတ်မှ ထုတ်ဖော်ဟောပြောသည့် အပြုအမူမျိုး မပြုမိစေရန် သတိချပ်သင့်ပေသည်။

လက်တွေ့ အနေဖြင့်
ပြတ်သားရဲရင့်သော ဟောကိန်းများ အင်တာဗျူးတွင်
ဆရာဒေါင်းစင်္ကြာ ၊ ဆရာမင်းဟိန္ဒြ ၊ ဆရာဦးထွန်းကျော် နှင့် မြန်မာပညာရှင် တစ်ဦး တို့ ၏ ဟောပြောချက် အချို့  သည် စိတ်ခံစားမှု ပါဝင်နေသည့် ဟောပြောချက်များ ဖြစ်နေသဖြင့် တိမ်းစောင်းမှုများ ရှိခဲ့ရာ . . . ပညာရှင် ဆရာများအနေဖြင့် ယခု လာမည့် ၂၀၀၉ ဟောကိန်းများတွင် ခံစားမှုမပါသော ဟောကိန်းများ ဆက်လက် ဖော်ထုတ်နိုင်ပါစေကြာင်း ဆန္ဒပြုလျှက် . . .

No comments:

Post a Comment