အမှန်ကဒီအကြောင်းလေးကို စောစောပိုင်းထဲက ရေးဘို့ပါပဲ။
ကျွန်တော့်စိတ်ကူးလေးကဒီလိုပါ။ဒီဘလော့လေးကိုနည်းနည်းပါးပါး လူသိတဲ့အထိစောင့်ချင်တာလဲပါတယ်။
ပြီတော့ကာယကံရှင်တွေကိုလည်း ခွင့်တောင်းဘို့ မဆုံနိင်ဘူး ဖြစ်နေရတာကြောင့် အခုမှ
သေသေချာချာ ပြောဖြစ်တာပါ။
ဒီဘလော့လေးဖြစ်လာအောင် ကူညီပေးခဲ့တဲ့ မသဒ္ဒါ http://www.thadar.blogspot.com/
ကို ကျေးဇူးအထူးတင်ကြောင်းပြောချင်တာပါ.သူကူညီပေးလို့ ဒီလောက်ကြည့်ပျော်ရှုပျော် လေးဖြစ်လာရတာပါ.
တခါလေ error တွေပြရင်လည်း အပူကပ်နေရတုန်းပါပဲ .
နောက်တယောက် ကျေးဇူးတင်ကြောင်း ပြောရမှာက ကိုအာဇာနည် ပါ. ဘာကြောင့်ဆိုတော့
သူရဲ့ဘလော့ http://arzarni.blogspot.com/ မှာ ကျွန်တော့်ရဲ့ အရူးစာ ဆိုတဲ့ ပို့စ် လေးကို တင်ပေးခဲ့လို့ပါပဲ။
ဘယ်သူပဲဖြစ်ဖြစ်ပါ အောင်မြင်နေတဲ့ ဆိုဒ် လေးမှာ ကိုယ့်ပို့စ်လေးကို တင်ပေးတယ်ဆို ကျေနပ်ကြတာပါပဲ။
စာတွေလဲပိုပြီးရေးဖြစ်ခဲ့ ရပါတယ်. ကျေးဇူးတင်ပါတယ် မသဒ္ဒါ..ကျေးဇူးတင်ပါတယ် ကိုအာဇာနည်..
No comments:
Post a Comment