Search This Blog

ရွှေနားတော်သွင်း..လွမ်းချင်းများ

ငယ်ငယ်ကရည်ရွယ်သလိုစာရေးဆရာမဖြစ်ခဲ့ရပေမယ့်.ဖြစ်ဖို့ကံ ပါလာလို့နဲ့တူတယ်။
ကဗျာတွေ ၀တ္ထုတွေ အလွမ်းစာတွေ ရေးရတဲ့ သူဖြစ်လာခဲ့တယ်။
အများပိုင်စာရေးဆရာတော့မဟုတ်ပါဘူး။
အဝေးရောက်နေတဲ့ချစ်သူအတွက် ကျွန်တော်ကို မေ့မသွားအောင်ရယ်
အပြင်တွေ လျှောက်လည်ပြီး မြို့ပြမှာ သာယာတတ်သွားမှာ စိုးတာရယ်ကြောင့် ၀တ္ထုလေးတွေ
ကဗျာလေးတွေ ရေးပြီးပို့ပေး ရတယ်.လွမ်းတဲ့အကြောင်းတွေလည်း စာမှန်မှန် ထည့်ရတယ်။
မနေ့ကတော့ ချစ်သူဆီက ကျွန်တော်ပို့ပေးထားတဲ့ စာအုပ်လေးတွေ ခဏပြန်ငှားလိုက်တယ်။
ပြန်ဖတ်ကြည့်တော့ ကိုယ်ဘာသာတော့နှစ်သက်နေရတုန်းပါပဲ။ဒါကြောင့်ဖတ်ဘို့ အဆင်ပြေတာလေးတွေ
တင်မလားလို့ စဉ်းစားလိုက်မိတယ်။လွန်ခဲ့တဲ့ (၇)နှစ်လောက်က အရေးအသားလေးတွေပေါ့။

No comments:

Post a Comment