Search This Blog

ဇနီးကို လွန်ခဲ့သည့် သုံးနှစ်က သတ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားခဲ့သူကို ထောင်ချပြီ

အင်္ဂလန်နိုင်ငံ ဆာရေးရှိ ကော့လ်ဟန် မြို့ တွင် ပီတာ ဝယ်လ်နာ ဆိုသူက ၎င်း၏ ဇနီးအား လွန်ခဲ့သည့် ၃ နှစ်က သတ်ပြီး ရေခဲ သေတ္တာ တစ်ခု အတွင်း ထည့်ထား ခဲ့မှုကြောင့် ဇွန်လ ၄ ရက်က ထောင်ချ ခံ လိုက် ရပြီးဖြစ်သည်။ မိန်းမ ပွေရုပ်သူ ဖြစ်သည့် ပီတာသည် အသက် ၃၀ အရွယ်ရှိ တောင် အာဖရိကဖွား ဇနီးဖြစ်သူ မီလာနီကို သတ်ပြီး ရေခဲ သေတ္တာထဲထည့် ၍ ဥယျာဉ်ထဲရှိ အဆောက်အအုံ ငယ်ထဲတွင် ထားကာ သူ၏ ရည်စား အသစ်ဖြင့် နိုင်ငံခြားကို ထွက်သွား ခဲ့သည်။ ၎င်း၏ အိမ်ကို မြေပိုင်ရှင်က သန့်ရှင်းရေး လုပ်ခိုင်းစဉ် အမှိုက်သိမ်း သမားများက ထို ရေခဲ သေတ္တာမှာ လေးလွန်း၍ မ၍ မရနိုင်ကြောင်း ငြင်းဆန် ကာ မှ ပိုင်ရှင်က အတွင်းမှ လူခြေချင်း ဝတ်ကို မြင်သွားခြင်း ဖြစ်သည်။ ထိုကြောင့် အသက် ၃၄ နှစ်ရှိ ပီတာသည် ပြီးခဲ့သည့် နှစ် ဇွန်လက နိုင်ငံသို့ ပြန်လာချိန်တွင် အဖမ်းခံရသည်။ သူ့အား အပြစ် ရှိကြောင်း တရားသူကြီးက ဆုံးဖြတ်ပြီး ထောင်ဒဏ် အနည်းဆုံး အနှစ် ၂၀ ကျခံရန် အမိန့်ချခဲ့သည်။ ပီတာကမူ သူ့ဇနီးအား ကြိုတင် ကြံစည် ပြီး သတ်ဖြတ် ခဲ့ခြင်း မဟုတ်ကြောင်း အခြား အမျိုးသမီး တစ်ဦး ထံမှ လာသော မက်ဆေ့ခ်ျ တစ်ခု ကိုမြင်ပြီး တလိမ့်တုံး တစ်ခုဖြင့် ၄င်းအား ပစ်ပေါက် သောကြောင့် တန်ပြန် တိုက်ခိုက် ရင်း လက်လွန်သွားခြင်း သာဖြစ်ကြောင်း ပြောကြားခဲ့သည်။

No comments:

Post a Comment