သမီးလေးက တနင်္လာနေ့ ည ၁၂း၀၀ မှာမွေးတာ
နံတော်စဉ် အယူအဆ အင်္ဂ၀ိဇ္ဖာ ဆောင်းပါး ၏ နောက်ဆက်တွဲ
" ဟိုင်း ဘယ်ရောက်"
" ဟာ. . .သမီးကြီး .. နေကောင်းလား.. ရှိပါ့ဗျာ အွန်လိုင်းမှာ"
" ကောင်းမှကောင်း . . ဗေဒင် မှန်တယ် . .တစ်မှတ်ပေးလိုက်ပြီ"
" ပျော်နေတယ်ပေါ့လေ.. သမီးလေးနဲ့  . . "
" ဟဲဟဲ.. ဘယ်လိုထင်လဲ . . ဆက်ဟောပါဦး "
"ဘာဟောရမှာလဲ . .ကလေးက လူလားတောင်မမြောက်သေးဘူး .. ဟောဖို့ ဘာမှ မရှိဘူး.. အမည်ပေး ဆိုရင်တော့ တွက်ပေးလို့ ရတယ် . . "
" ကလေးက တနင်္ဂါသမီးလေ"
" လာနောက်မနေနဲ့ . . . တနင်္လာဆိုလည်း တနင်္လာ ၊ အင်္ဂါဆိုလည်း အင်္ဂါပေါ့ .. ဘယ့်နှယ် "
" သမီးလေးက တနင်္လာနေ့ ည ၁၂း၀၀ မှာမွေးတာ . အဲဒါ စပြီးတော့ ဂွကျတာပဲ.. . ဗေဒင်တွက်ရ ခက်တယ်"
" အမ် . . ဗုဒ္ဓေါ .."
" အဲဒါပြောတာပေါ့ . . နေ့ အကူး ၊ နက္ခတ်အကူး ၊ ရာသီခွင် အကူးမှာ မွေးတာ ၊ သောကြာညကတည်းက ဗိုက်နာလိုက်တာ မမွေးနိုင်ဘဲ တနင်္လာည ကိုးနာရီမှာ ဆေးရုံရောက်ရော.. သန်းခေါင်မှာ မွေးတာပဲလေ.. ကလေးကို အနှီးထုပ်ပြီးတော့ အင်္ဂါမနက် ဆိုပြီး ဆေးရုံက အင်္ဂါလို့ ရေးထည့်လိုက်တယ် . . "
" ကျနော်က တနင်္ဂနွေသမီး ဆိုပြီးတော့ ထင်နေတာဗျ . . ။ အခုမှ တနင်္လာလိုလို အင်္ဂါလိုလို ဖြစ်နေပါလား .. တနင်္လာဆိုရင် အဓိပတိဖွားပေါ့ ၊ အင်္ဂါဆိုရင် ရာဇဖွား . . အင်္ဂါက ပိုကောင်းမယ်ထင်တာပဲ . ."
" ကလေးအသံက ခြင်္သေ့ဟောက်တဲ့အတိုင်းပဲ၊ ဘေးက အသံတွေ ကြိုက်သလောက် ဆူလို့  လည်း ရတယ်. ဂရုကို မစိုက်တာ ၊ တရုတ် နှစ်ကူး ဗျောက်ဖောက်တာ လှုပ်တောင် မလှုပ်ဘူး ။ နို့ ဆာချိန် မတိုက်သေးဘဲ စောင့်ကြည့်နေရင် နို့ ကို မစို့ တော့ဘဲ ၀ူးဝါးနဲ့ ရန်တွေ့ ပြီး ရင်ဘတ်ကို လက်သီးနဲ့ ထုတာ"
" လတ္တီတွဒ် နဲ့ လောင်ဂျီတွဒ် ပေးပါအုံး "
" အန် .. မသိဘူး .. နေရာက ချင်းမိုင် "
" အင်္ဂ၀ိဇ္ဇာ နာရီပိုင်းပုံအရဆိုရင် ၁နာရီခွဲပိုင်းပုံအရ နောက်နေ့ မနက် ၆ နာရီအထိ တနင်္လာပဲ။ တနင်္လာနေ့  ညသန်းခေါင် နဲ့ အင်္ဂါနေ့ မနက် စောစော ဘယ်ဟာ ပိုလှလဲ"
" မနက်က လှတာပေါ့ .. သန်းခေါင်ထက် ညဥ့်မနက်ဘူးဆိုတာကြီးက တစ်မျိုးကြီးပဲ "
" ဟဲဟဲ မထူးဇတ်ခင်းတာပေါ့ ပြီးတော့ ညအမှောင် ထု သိပ်သည်းဆုံးက သန်းခေါင်အချိန်၊ အမိုက်မှောင် ပိုများတာပေါ့ . . ကဲ နက္ခတ်ဆရာနဲ့ တိုင်ပင်လိုက်အုံးမယ် . . သမီးလေးက တနင်္လာဖွားလား အင်္ဂါဖွားလားဆိုတာ သိပ္ပံနည်းကျကျ ပေါ့..."
" အင်း စောင့်နေမယ် .."
.
.
.
"ကဲ နက္ခတ်ဆရာရဲ့ အကြံပေးချက်အရတော့ဒီလိုဗျ ..
Thailand ရဲ့  Time Zone က GMT +7 hour ဆိုတော့ အဲဒီ GMT က လောင်ဂျီတွဒ် ၁၀၅ ဒီဂရီကို စံ ထား တယ်။ ချင်းမိုင်က လောင်ဂျီတွဒ်အေ၇ှ့  ၉၉ ဒီဂရီ မှာတည်နေတာမို့ ၆ ဒီ ဂရီ ကွာဟနေတယ်။
ဒိတော့ + 7 X 15 = 105 က အရှေ့ လောင်ဂျီ တွဒ်ပေါ့။ အဲဒီ လောင်ဂျီတွဒ်မှာ မွေးမှ ၁၂း၀၀ နာရီ ဖြစ်မယ် ။ ဒီ လောင်ဂျီ တွဒ် 105 အောက်မှာမွေးရင်တော့ midnight မဖြစ်နိုင်တော့ ဘူးလေ၊ ဒါကြောင့် ဒီခလေးရဲ့  မွေးချိန် ၀၀း၀၀ နာရီဟာ ချင်းမိုင်စံတော်ချိန် အရ ဆိုရင် တနလာင်္နေ့ ည ၁၁း၂၄ ဖြစ်တာမို့  တနလာင်္ ဖွားပေါ့ . . အင်္ဂါ မဟုတ်ပါဘူးတဲ့။
အဲဒီတော့ အမည်ပေးဖို့ ပါ တစ်ဆက်တည်း ပြောလိုက်မယ် . . .
မွေးမဟာဘုတ်အရ - အဓိပတိဖွား
ပုတိ ၊ ဘင်္ဂ ၊ မရဏ - ၆ ၊ ၅ ၊ ၁
ပက္ခ = ၅+၅ ၊ ၁+၂ ၊ ၂+၁၊ ၄+၆၊ ၆+၄ ၊ ၀+၃၊ ၃+ဝ
နက္ခတ်အရ အညံ့ဂြိုဟ် - အင်္ဂါ၊ စနေ၊ သောကြာ
ဒါကြောင့် တနင်္လာသမီးကို သာစည် ကိန်းမိတဲ့ အမည် ၊ မဟာဘုတ်အရ အထွန်း နောက်ပိတ် ၄ဟူး နဲ့ ဆုံးတဲ့အမည်၊ နာမည်တိုင်မှာလည်း အထက်တက်တဲ့အမည် ဖြစ်တဲ့
ပထမ ဦးစားပေး - စနေ အစ ၊ ဗုဒ္ဓဟူး နောက်ပိတ်
ဒုတိယ ဦးစားပေး - တနင်္လာအစ ဗုဒ္ဓဟူး နောက်ပိတ်
တွေကို ပေးနိုင်ပါတယ်လို့ အကြံပြုလိုက်တယ်နော် ..
စနေ က ဗျဂစ္ဆာ ကျင့်နေလို့ စနေအမည် ပါတာနဲ့ မှည့်မယ်ဆိုရင် ကလေးကို ကျန်းမာရေး ဂရုစိုက်ပေးရမယ်။ သင်္ကြန်မတိုင်ခင်အထိ သောကြာနံ ပစ္စည်းမျိုး ဆင်မြန်းပေးတာ ၊ ပုလဲ ဆင်မြန်းပေးတာ ရှောင်ရမယ်။ သင်္ကြန်ကျော်ရင်တော့ စနေနံ ပစ္စည်းတွေ ၊ အနက်ရောင် တွေ ဆင်မြန်းပေးတာ ရှောင်ရမယ် . . .
အကျိုးပေးတဲ့ အမည် လှလှလေး ပေးနိုင်ပါစေဗျား . . .
No comments:
Post a Comment