Search This Blog

ပထမဇော

ဓိဋ္ဌဓမ္မ အကျိုးပေးအောင်



မျက်မှောက်ဘ၀ အကျိုးပေးခြင်း ၏ အကြောင်းတရားများ ၊

(၁) စေတနာ မဟန္တ၊ (၂) ဂုဏာတိရေက၊ (၃) နိရောဓ သမာပတ္တိ၊ (၄) ဓမ္မိယလဒ္ဓ



ချက်ခြင်း လက်ငင်း ကို ဒိဋ္ဌဓမ္မ လို့ ဆိုကြပါတယ်။ ချက်ခြင်း လက်ငင်း အကျိုးပေးတဲ့ ကံကို ဒိဋ္ဌဓမ္မဝေဒနီယ ကံလို့ ခေါ်ပါတယ်။

အဲဒီလို ချက်ခြင်း လက်ငင်း အကျိုးပေးစေဖို့ အတွက် မြတ်စွာဘုရားရှင် များဖြစ်ကြတဲ့ ကဿပ မြတ်စွာဘုရား .. ဂေါတမ မြတ်စွားဘုရားရှင် ၊ ရှင်သာရိပုတ္တရာ၊ ရှင်မဟာကဿပ အစရှိတဲ့ ရဟန္တာ ကိုယ်တော်မြတ်ကြီးတွေတောင်မှ သမာပတ် ၀င်စားတော်မူရပါသေးတယ်။ အဲဒီသမာပတ်ကို နိရောဓသမာပတ် လို့ ခေါ်ပါတယ်။ သမာပတ် ၀င်စားတော်မူပြီးမှ ဆွမ်းခံတာ၊ အလှူခံတာတွေ လုပ်ပါတယ်။ ဒါကြောင့် အဲဒီအလှူဟာ အတော်လေးကို အကျိုးပေးသွားပါတယ်။

ဘုရားရှင်ဖြစ်နေတာတောင်မှ ဘာဖြစ်လို့  နိရောဓသမာပတ်ကို ထပ်ပြီးတော့ ၀င်စားရသေးသလဲဆိုတော့ အလှူခံပုဂ္ဂိုလ်အနေနဲ့ ပိုပြီး သန့် ရှင်း စင်ကြယ်အောင်လို့ ပါ ။ နဂို သန့် ရှင်းပြီးသား
ဘုရားရှင်ကိုယ်တော်မြတ်၊ ရဟန္တာ ပုဂ္ဂိုလ်ကြီးတွေ မှာ ဘာအပြစ်မှ မရှိပေမဲ့ ပိုပြီးတော့ အကျိုးများအောင် လှူတဲ့ပုဂ္ဂိုလ်အပေါ်မှာ မဟာဂရုဏာတော်ထားပြီး အကျိုးထူးခံစားရအောင်လို့  သမာပတ် ၀င်စားတော်မူတာပါ။

ဒါကြောင့် ဂုဏာတိရေက (ဘုရား၊ ရဟန္တာဖြစ်ခြင်း ) ၊နိရောဓ သမာပတ္တိ (နိရောဓ သမာပတ် ၀င်စားခြင်း) မျက်မှောက်ဘ၀ အကျိုးပေးခြင်းဆိုတဲ့ အကြောင်းတရား တွေပါပဲ။ အခုခေတ်မှာ ရဟန္တာပုဂ္ဂိုလ်ထူးများကို ဆည်းကပ်ပူဇော်ခြင်း ၊ လှူဒါန်းပြီး ဆုတောင်းခြင်းဟာလည်းပဲ ချက်ခြင်းလက်ငင်း အကျိုးပေးစေမှာပါပဲ။



ရဟန္တာ တွေကို ဖူးရဖို့ ဆိုတာ အခုခေတ်မှာ အတော်လေးတော့ ရှားပါးသွားပါပြီ ။ ဒါပေမဲ့ အားမငယ်ပါနဲ့  ။ ကုသိုလ်ပြုနေတဲ့သူတွေကို ပထမဇောက အကျိုးပေးနေပါသေးတယ်။ ပထမဇော တစ်ခုတည်းနဲ့  မတတ်နိုင်ရင်တော့ ရှေး ကုသိုလ်ကံ နဲ့  ပေါင်းစပ်ပြီး အကျိုးပေးပါတယ်။


လှူဒါန်းပူဇော် ၊ ကပ်လှူတဲ့ ပစ္စည်းဟာ တရားသဖြင့် ရှာဖွေရရှိထားတဲ့ ပစ္စည်းဥစ္စာဖြစ်ပါမှ (ဓမ္မိယလဒ္ဓ) မျက်မှောက်ဘ၀ အကျိုးပေးအခွင့်သန်ပါလိမ့်မယ်။ သမ္မာအာဇီဝ မဟုတ်တဲ့  နည်းနဲ့ ရှာဖွေထားတာ၊
မတရားသိမ်းပိုက်ထားတဲ့ ပစ္စည်းဥစ္စာ ၊ ခိုးဆိုးလုယက်ထားတဲ့ ပစ္စည်းဥစ္စာ မဖြစ်ရပါ။ ပြည်ပမှာ စီးပွားရှာနေသူများ သမ္မာအာဇီဝဖြစ်ဖို့ ၉၉% သေချာပါတယ်။ ဒါကြောင့် ရလာတဲ့  လုပ်အား လခ ထဲကနေ ဦးဦးဖျားဖျား လှူဒါန်းပေးပါ။

နောက်ဆုံး တစ်ခုအနေနဲ့ စေတနာ အားကြီးခြင်း ဆိုတဲ့ ပထမ ဇော စေတနာ ဖြစ်အောင် စိတ်ကို ထားရပါမယ်။ ပထမဇောဟာ ဒီဘ၀ ၊ မျက်မှောက်ဘ၀မှာကိုပဲ အကျိုးပေးပါတယ် ။ ပထမဇော အားကြီးလို့  ချက်ခြင်းလက်ငင်းအကျိုးပေးတဲ့ "မဟာဒုဂ်" ၊ " ကာက ၀လ္လိယ" တို့ လို သူဆင်းရဲကနေ သူဋ္ဌေးဖြစ်သွားတဲ့ ပုံဝတ္ထုတွေ ရှိပါတယ်။

ကုသိုလ်ဖြစ်ဖြစ် ၊ အကုသိုလ် ဖြစ်ဖြစ် ပထမဇော ကပ်ရင် ၇ ရက်အတွင်း အကျိုးပေးပါတယ်။


ပထမဇောဆိုတဲ့နေရာမှာလည်း
ဒါန ပထမဇော ၊ သီလပထမဇော တွေက ဒီဘ၀မှာ ပစ္စည်းပေါအောင် အသက်ရှည်အောင်သာ တတ်နိုင်ပါတယ်။ စိတ်ချမ်းသာအောင်ကတော့ ၀ိပဿနာ ပထမဇော တစ်ခုကပဲ လုပ်ဆောင်ပေးနိုင်ပါတယ်။


မမေ့အောင် ဒါလေးကို မှတ်ထားကြပါအုံး . . .

၁) ဘုရား ရဟန္တာ ဖြစ်ခြင်း
၂) နိရောဓ သမာပတ်မှ ထပြီးသား အလွန်စင်ကြယ်သော ပုဂ္ဂိုလ်မျိုး ဖြစ်ခြင်း
၃) မိမိလှူဒါန်းသော ပစ္စည်း သန့် ရှင်း စင်ကြယ်ခြင်း
၎) ပထမဇော စေတနာ အားကြီးခြင်း

စာကိုး - အခြေပြုပဋ္ဌာန်း

No comments:

Post a Comment