Search This Blog

ဝိဇ္ဇာကို လိပ်စာမမေးနဲ့ (၆)

လွတ်လပ်ရေးရတဲ့နှစ်မှာ ကောဇာ ၃င်္ဂါဂြိုလ်က မရဏအိမ်မှာ ရပ်လို့ လားမသိဘူးကွ၊ မြန်မာ(ဘားမား) ဟာ စစ်ဂြိုလ်ရဲ့  ဆိုးသွမ်းမှုဒဏ်ကို တောက်လျှောက်ခံခဲ့ကြရတာ ခုထက်ထိတော့ တို့ တိုင်းပြည်က စစ်ဂြိုလ်နဲ့  မကင်းသေးဘူး ဖြစ်နေတယ်၊ အခု နေပြည်တော်မှာရွှေတိဂုံစေတီပုံတူ ဥပ္ပါတသန္တိ စေတီတည်တာကလည်း အထက်ဆောင်ပန်းဆိုတဲ့ အင်္ဂ၀ိဇ္ဇာမူအတိုင်း စစ်ဂြိုလ်ကောင်းအောင် ယတြာပြုတာ ဖြစ်နိုင်တယ်ကွ



ဗျီး . . . ဝေါ . . . ဝေါ . . ဗျီး . . . ဗျီး

ဟိုက် . . . သောက်ပလုပ်တုတ် . . . ဒါက ဘယ်လိုဖြစ်လာရပြန်တာတုန်း ၀ိဇ္ဇာကြီးရ . . . ဆိုင်ကယ်ကြီးတကားကားနဲ့ . . . တယ်ကြီးပွားနေပါလား . . . မဟုတ်တရုတ်တွေနဲ့ ပေါင်းမိနေပြီထင်တယ် . . .

အဟဲ . . . အဲလောက်လဲ အထင်မကြီးပါနဲ့ ကွာ . . . ဘော်ဘော်ဆီက ခဏဆွဲလာတာပါကွ . . . အလေ့အကျင့်ရအောင်လို့ 

အောင်မယ် . . . အလေ့အကျင့်ရအောင်ဆိုတော့ ဆိုင်ကယ်ဆွဲစားမလို့ လား . . . ထိုင်းမှာဆိုရင်တော့ အလုပ်ဖြစ်မယ်ဗျ

မင်းက တော်တော်ပိန်းသေးတာပဲ . . . သတင်းစာဖတ်ပါ . . . ရေဒီယိုနားထောင်ပါ အဲလေယောင်လို့ . . . ဘလော့ဖတ်ပါ . . . အီးမေးလ်ဖွင့်ပါ . . . အင်တာနက်တက်ပါ

ဘာတွေ သတင်းထူးလို့ တုန်းဗျ၊ ရှယ်စမ်းပါဦး၊ ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြောင့် ကျနော့်စီးပွားရေးကို ထိနေလို့ သတင်းတွေဖက် သိတ်မလှည့်နိုင်သေးဘူး ဖြစ်နေတယ်ဗျ

ခွီး . . . မင်းပြောလိုက်ရင် အကြီးကြီးတွေပဲ၊ ဘာမှ ဖြစ်မြောက်အောင်လုပ်တာ မဟုတ်ပဲနဲ့ 
ဒီလိုကွ . . . ဘ၀ရှင်မင်းတရားကြီး နန်းစိုက်ရာ နေပြည်တော်မှာ ဥပ္ပါတသန္တိစေတီတော် စိန်ဖူးတင်ပွဲကို အခု ပိတ်ရက်မှာ လုပ်မယ်လို့ စာလုံးမဲကြီးတွေနဲ့ အင်တာနက်မှာ ဖတ်ရတယ်ကွ


အော် . . . ထီးတောင်တင်ကြတော့မယ်ပေါ့လေ၊ အဲဒါ ကျနော်တို့ က ဘာဖြစ်မှာမို့ လို့ လဲ

အဟဲ . . . ဆိုင်ကယ်လက်ဆောင်ရမယ်ကွ၊ နည်းနည်းတော့ စွန့် စားရမှာပေါ့ကွာ

ဘာလို့ တုန်းဗျ၊ ထောင်ကျတန်းကျမယ့် အလုပ်တွေ မလုပ်ပါရစေနဲ့ ဗျာ

ဟုတ်ဖူးကွ၊ စိန်ဖူးတင်ပွဲမှာ ဆိုင်ကယ်သော့ကျဲမှာတဲ့၊ အဲဒါ ငါလည်း ၀င်လုမလို့ ကွ

ဟာဗျာ၊ သူများနင်းတာနဲ့ ကျိုးကြေကုန်ပါဦးမယ်၊ ၀င်မလုရဲပါဘူးဗျာ ဆိုင်ကယ်သော့မရလည်း နေပါစေတော့

ဒါတော့မင်းသဘောပဲလေ၊ ငါကတော့ စွန့် မှ စီးရမှာဆိုတော့ ကျိုးကျိုးကြေကြေ သော့တချောင်းတော့ ရအောင်ဝင်လုမှာပဲ

ဝိဇ္ဇာကြီးကလည်းဗျာ . . . မကြီးမငယ်နဲ့ လိုင်းကားတိုးစီးလည်း ရပါတယ်ဗျ
ဒါနဲ့ နေပါဦးဗျ . . . အဲဒီစေတီက ရွှေတိဂုံစေတီနဲ့ တူအောင် တည်ထားတယ်ဆိုပဲ

ဟုတ်တယ်ကွ . . . ဒါပေမယ့် ရွှေတိဂုံစေတီကတော့ မင်းကျင့်တရားဆယ်ပါးနဲ့ ပြည့်စုံတဲ့ ဘုရင်တွေက ရတနာသုံးပါးကို ကြည်ညိုတဲ့စိတ်နဲ့ သန့် သန့် ရှင်းရှင်း တည်ထားခဲ့တာကွ၊

ဝိဇ္ဇာကြီးစကားကလည်း . . . အနှောင့်အသွားမလွတ်သလိုပါလား

မလွတ်တာမဟုတ်ဘူးကွ . . . ဒဲ့ပြောနေတာ . . . ရတနာသုံးပါးကို ကြည်ညိုရင်းမှန်ရင် သာသနာကို ပြုရတယ်ကွ၊ မဖျက်ရဘူး

အင်းဗျာ . . . ထားလိုက်ပါ . . . စေတနာဆိုတာ ရောင်ပြန်ဟပ်ပါတယ် တူသောအကျိုးပေးမှာပါ . . . အခုတော့ ပညာပိုင်းဆိုင်ရာ အမြင်လေး နည်းနည်းလောက် ချပြပါဦး

အင်း . . . ငါ့အမြင်ပြောရရင်တော့ ဘုရားတည်ချင်တဲ့သဒ္ဓါစိတ်ထက် အာဏာမြဲချင်တဲ့လောဘစိတ်က ဦးစီးနေတယ်လို့  ယူဆတယ်ကွ
ဘာဖြစ်လို့ အဲလို့ ပြောနိုင်တာလဲဗျ၊ အကျိုးသင့် အကြောင်းသင့် ရှင်းပြဦးလေဗျာ


သူတို့ ထဲမှာ ပါဝါအကြီးဆုံးက သောကြာနံသားကွ၊ နန်းစိုက်တဲ့မြို့ ကို နေပြည်တော်လို့ သမုတ်တာဟာလည်း သူ့ ရဲ့ တေဇအရပ် သြဇာအာဏာကြီးထွားစေလိုတဲ့သဘောနဲ့ စနေနံ နေပြည်တော်လို့ ပေးထားတာကွ

ပြီးတော့ကွာ . . . အဲဒီတေဇအရပ်မှာ ဘုရားတည်တော့ တနင်္ဂနွေနံဘုရား ဥပ္ပါတသန္တိ ဆိုပြီး ဘွဲ့ တော်မှည့်တယ်လေ၊ အဲဒါကလည်း အာယုနံအမည်ပဲကွ၊ အသက်ရှည်တည်တံ့အောင်ပေါ့ . . . မင်းမြင်အောင် ငါပုံဆွဲပြမယ်ကွာ



နောက်ပြီးတော့ သောကြာနံသားကို အထောက်အပံ့ပြုတဲ့ ဓါတ်ဂြိုလ်အားကောင်းအောင်လည်း တနင်္ဂနွေအစ စနေအဆုံးရှိတဲ့ ဘွဲ့  အမည်ရွေးပေးပုံ ရတယ်ကွ တေဇောဓါတ် အာယု၊ တေဇကြိုးပေါ့ကွာ



အင်း . . . ဟုတ်တယ်နော် . . . ဒါဆိုရင်တော့ သူတို့ တွေ မင်းသက်နန်းသက်တွေ ရှည်ဦးမှာပေါ့၊ ဒုက္ခပါပဲဗျာ

အဲလောက်လဲ စိတ်မပျက်ပါနဲ့ ကွာ . . . ခုနှစ်ရက်တစ်ရက်တော့ ရှိပါတယ်ကွ၊ အမြဲတမ်း ကံမကောင်းနိုင်ပါဘူး
ငါပြောတာ ဆက်နားထောင်ဦးကွ၊ လွတ်လပ်ရေးရတဲ့နှစ်မှာ ကောဇာ ၃င်္ဂါဂြိုလ်က မရဏအိမ်မှာ ရပ်လို့ လားမသိဘူးကွ၊ မြန်မာ(ဘားမား) ဟာ စစ်ဂြိုလ်ရဲ့  ဆိုးသွမ်းမှုဒဏ်ကို တောက်လျှောက်ခံခဲ့ကြရတာ ခုထက်ထိတော့ တို့ တိုင်းပြည်က စစ်ဂြိုလ်နဲ့  မကင်းသေးဘူး ဖြစ်နေတယ်၊ အခု နေပြည်တော်မှာရွှေတိဂုံစေတီပုံတူ ဥပ္ပါတသန္တိ စေတီတည်တာကလည်း အထက်ဆောင်ပန်းဆိုတဲ့ အင်္ဂ၀ိဇ္ဇာမူအတိုင်း စစ်ဂြိုလ်ကောင်းအောင် ယတြာပြုတာ ဖြစ်နိုင်တယ်ကွ




ဝိဇ္ဇာကြီးကလည်းဗျာ၊ ပြောလိုက်ရင် စိတ်ဓါတ်ကျစရာတွေချည်းပဲ၊ ကောင်းတဲ့ဖက်က လှည့်တွေးလှည့်ရေးပြဦးပေါ့ဗျာ

စိတ်ဓါတ်မကျပါနဲ့ ကွ၊ နောက်တပိုင်းမှာ နောက်တမျိုး လှည့်တွေးလှည့်ရေးပြမယ်လေ . . .

ဟီး . . . ဟီး . . . အဲလိုလေးလည်း ရှိဦးမှပေါ့၊ ဒါမှခုနှစ်ရက်သားသမီးတွေကို ကူညီရာရောက်မှာပေါ့ အဟတ် . .

မင်းကလဲကွာ . . . လောကဓံတရားဆိုတာ ဌက်ခါးပျံသလိုပဲကွ၊ ပသံသာရှိရင် နိဒ္ဒါရှိမယ်၊ လာဘောရှိရင် အလာဘောရှိမယ်၊ ယသောရှိရင် အယသောရှိမယ်၊ သုခံရှိရင် ဒုက္ခံရှိမယ် . . . တို့ ဘုရားရှင်က စေတနာသည်သာကံလို့ ဟောထားတယ်လေကွာ၊ ကုသိုလ်စိတ်မွေးနိုင်မှ ကုသိုလ်ကံပြုဖို့ ဆိုတာ ဖြစ်မှာလေ၊ လောဘဒေါသမောဟစိတ်တွေ ဦးစီးပီး ပြုတဲ့ကံက ကုသိုလ်ကံစစ်စစ် ဘယ်ဖြစ်ပါ့မလဲကွ၊ ကောင်းစားလှ တမွန်းတည့်ပေါ့ကွာ၊ သံဃာတော်တွေပို့ တဲ့မေတ္တာက ရောင်ပြန်ဟပ်ပြီး စူးဦးမှာပါကွာ။

ဒါတော့ ဟုတ်တယ်ဗျ၊ သွေးစွန်းလက်နဲ့ ရေစက်ချလို့ ဘယ်သူမှ သာဓုခေါ်မှာ မဟုတ်ဖူး။
မြေပေါ်ကအလှူ ကြည်ဖြူမှ သာဓုခေါ်မှာလေဗျာ ၊ မြေပေါ်ကအလှူ ကြည်ဖြူမှ သာဓုခေါ်မှာပေါ့ဗျာ။

No comments:

Post a Comment