စေတီတည်တာ ကောင်းမှုကုသိုလ်ပဲကွာ၊ ပကတိအတိုင်းဆိုရင် ဒီအပေါ်မှာ ဘာမှမပြောလိုပါဘူး၊ သာဓုခေါ်ယုံပါပဲ . . .
ဒါပေမယ့် . . . စေတနာမမှန် သီလမစင်ကြယ်ပဲ အတ္တအကျိုး မျှော်ကိုးပြီး စေတီတည်နေပြီဆိုတော့ လောကီဆိုင်ရာ အမြင်တွေ ပညတ်တွေ ၀င်လာရပြီပေါ့ကွာ၊ ဒါကြောင့် စေတီတည်တဲ့ကိစ္စကို ငါတို့ ပညာပိုင်းဆိုင်ရာအရ ၀င်ပြီး ဝေဖန်သုံးသပ်ပြနေတာပါ . . .
မြေပေါ်ကအလှူ ကြည်ဖြူမှသာဓုခေါ်မှာ . . . ဟုတ်လား
ငါ့လူရဲ့ ဒိုင်တွေက ရေလည်လန်းတယ်ကွာ . . . ဘယ်သူ့ စာသားတွေ ကော်ပီကူးထားပြန်လဲမသိဘူး . . . အဟတ်
အဟီး . . . ဒီလိုပဲပေါ့ . . . ကော်ပီမပါရင် ဘလော့ဂါဘ၀ဟာ တံခွန်မရှိတဲ့ရထား၊ ထီးမရှိတဲ့ဘုရားလိုပါပဲ . . .
ဟေးဟေး . . . မင်းက ပြန်ပတ်နေပြန်ပြီ၊
ဟုတ်တော့ဟုတ်တယ်ကွ . . . သတင်းအသစ်က ထပ်ထွက်လာပြန်ပြီ . . . ဘုရားထီးတင်ပွဲအတွက် ပျော်ပွဲရွှင်ပွဲမှာ ခြားရဟတ်ကြီးပြုတ်ကျလို့ လူ ၂၀ ကျော် သေသွားတယ်ဆိုပဲ
အင်း . . . နတ်ကောင်းနတ်မြတ်တွေက သတိပေးနေပြီလား မသိဘူးနော်၊ ဒါပေမယ့် . . . မဆိုင်တဲ့လူတွေ သေကုန်တာကတော့ နတ်တွေမတရားဘူးဗျာ . . .
သူတို့ တွေက ကံကြွင်းကံကျန် ရှိနေသေးတော့ ကံနိမ့်တဲ့သူတွေက သူတို့ ကိုယ်စား ဒဏ်ခံသွားရတဲ့သဘောပေါ့ကွာ
သူတို့ ကံကလည်း ကုန်ကိုမကုန်နိုင်သေးဘူးလားဗျာ၊ တိုင်းပြည်လည်းစုတ်ပြတ် လူတွေလည်းမွဲပြတ်ကုန်ပီဗျ
ကံ၊ ကံရဲ့ အကျိုးဆိုတာရှိပါတယ်ကွာ၊ သူတို့ အရိပ်က သူတို့ နောက်ကို လိုက်မှာပါ၊ မကြာပါဘူး စောင့်သာကြည့်နေ
ဝိဇ္ဇာကြီးကလည်းဗျာ၊ တပေါင်း တပေါင်းနဲ့ ဘကြီးတပေါင်းက အပေါင်း ၂၀ လောက် ရှိနေပြီဆိုသလို ဖြစ်နေပြီဗျ
အေးပါကွာ . . . ဒါတွေ ပြောနေရှင်းနေ ဒေါသသင့်နေရင် ငါတို့ ဆွေးနွေးမယ့် ပညာပိုင်းဆိုင်ရာကို မရောက်ပဲ ဖြစ်နေပါဦးမယ်၊
ကဲ . . . ကဲ . . . အဲဒါတွေရပ်၊ ဟိုနေ့ က အကြောင်းကို ဆက်လိုက်ကြရအောင် . . .
စေတီတည်တာ ကောင်းမှုကုသိုလ်ပဲကွာ၊ ပကတိအတိုင်းဆိုရင် ဒီအပေါ်မှာ ဘာမှမပြောလိုပါဘူး၊ သာဓုခေါ်ယုံပါပဲ . . .
ဒါပေမယ့် . . . စေတနာမမှန် သီလမစင်ကြယ်ပဲ အတ္တအကျိုး မျှော်ကိုးပြီး စေတီတည်နေပြီဆိုတော့ လောကီဆိုင်ရာ အမြင်တွေ ပညတ်တွေ ၀င်လာရပြီပေါ့ကွာ၊ ဒါကြောင့် စေတီတည်တဲ့ကိစ္စကို ငါတို့ ပညာပိုင်းဆိုင်ရာအရ ၀င်ပြီး ဝေဖန်သုံးသပ်ပြနေတာပါ . . .
ဟုတ်ကဲ့ . . . ကျနော်တို့ ပညာပိုင်းအရ ဆွေးနွေးတာကို ဘာသာရေးသမားတွေ နားလည်နိုင်လိမ့်မယ်လို့ ထင်ပါတယ်
ကဲ . . . ဒီမှာကြည့်ကွ၊ တိုင်းကျော်ပြည်ကျော် လူတွေက တိုင်းသိပြည်သိ ဘုရားတည်တဲ့ကိစ္စကို လုပ်လာပြီဆိုတော့ ကောဇာဂြိုလ်တွေကို ပြန်ကြည့်ဖို့ လိုလာပြီပေါ့ကွာ၊ တနင်္ဂနွေနံဘုရား ဥပ္ပါတသန္တိ ပညတ်ချက်ဟာ နံပေါင်းကိန်းအရ ၅ ရမယ်ကွ၊ ၁နွေနံဟာ ကောဇာမှာ မရဏအိမ်မှာနေပြီး၊ ၅တေးနံဟာ ဘင်္ဂအိမ်မှာနေတာ အနိဌဖက်ကို တိမ်းညွှတ်တဲ့သဘောပေါ့ကွာ။

စေတီထီးတင်ပွဲဆိုတာ ကောင်းမှုပြုတာ ဣဌာရုံ၊ ဒီတော့ ဒီပွဲမှာ ဖြစ်စဉ်တွေကလည်း ဣဌာရုံတွေပဲ ဖြစ်ရမယ် . . . ဒီတော့ ခြားရဟတ်ပြုတ်ကျလို့ လူ ၂၀ ကျော်သေတဲ့ ကိစ္စဟာ အနိဌာရုံ၊ အနိဌနမိတ်တွေ ၀င်လာပြီ၊ ဒါဟာ . . . ဓါတ်သဘောအရဆိုရင် သက်ဆိုင်တဲ့သူတွေ ဓါတ်ထိဖို့ ရှေ့ ပြေးနမိတ်တွေပဲလို့ ငါယူဆတယ်
မြန်မာစကားပုံမှာ တည်ပြီးတဲ့ဘုရား လင်းဒပဲနားနား ဆိုပြီး ရှိတယ်လေ၊ ဒီတော့ . . .ဒီ စေတီထီးတင်ပြီးတဲ့နေ့ ကစပြီး ဒီကိန်းခန်းတွေ တည်နေ ဂြိုလ်တွေအလုပ်လုပ်နေမှာပဲ
ဟီး ဟီး . . . ကောင်းခန်းတော့ရောက်လာပြီ၊ ဆက်ပြောပါဦး၊ ဘယ်သူတွေ ဘာဖြစ်မလဲလို့ 

ဒီတော့ . . . လူခိုက်တဲ့နမိတ်နဲ့ စတဲ့ ဥပ္ပါတသန္တိမှာ သောကြာ+ဗုဒ္ဓဟူးနံက အတွင်းအာယုကပ်နဲ့  အမြစ်အညွန့်  ဇောက်ထိုးကြိုးတွေ မိနေပြီ၊ အဲဒီကိန်းတွေက အစွမ်းပြလိမ့်မယ်၊ နောက်ပြီးတော့ သောကြာနံသားရဲ့ အမြစ်နဲ့ ဌာနအရပ် ပျက်ကိန်းဖြစ်လို့ ရာထူးဌာနစွန့် ရကိန်း ဖြစ်လာလိမ့်မယ်၊ ထီးတင်ပွဲမှာ ပတ်သက်လာမယ့် ကြာသာပတေးနံသားလည်း ထိခိုက်ကိန်းရှိတယ်၊
ကောဇာမဟာဘုတ်ခွင်အရဆိုရင်ရော ဘာတွေဖြစ်နိုင်လဲ . . .
ကောဇာအရဆိုရင်တော့ ပက္ခအမြင်တွေအရ ဥပ္ပါတသန္တိနဲ့ ဆက်သွယ်နေတဲ့ တနလာင်္နံ၊ ကြာသာပတေးနံ၊ ဘုရားစေတီကိုယ်စားပြုဂြိုလ်နဲ့ ဆက်သွယ်နေတဲ့ သောကြာနံတွေ ထိခိုက်ဖို့ များတယ်ကွာ၊ နောက်ပြီးတော့ ထီးတော်တင်မယ့် တပေါင်းလပြည့်နေ့ က အင်္ဂါနေ့ ကျနေတယ်လေ . . .
အင်္ဂါနေ့ ဆိုတော့ ဘာဖြစ်မှာမို့ လို့ လဲဗျ

သောကြာနံသားဟာ အင်္ဂါနေ့ မှာ ရုပ်ဒဏ်ရာ၊ စိတ်ဒဏ်ရာ သက်ရောက်စေနိုင်တဲ့ စတုရန်းခိုနေပြီ၊ နံပေါင်းကိန်းတွေအရ ကြာသာပတေး ကိုယ်စားပြုတဲ့ နေပြည်တော်နဲ့ ဥပ္ပါတသန္တီဆိုတာ တြိရန်းခိုနေပြီ၊ တနည်းအားဖြင့် သမားမလိုက်အပ်တဲ့ အယူအဆအရ ပြောရမယ်ဆိုရင် နံသားတခုရဲ့ ပဉ္စပွတ်နေ့ မှာ တြိရန်းအရပ်က လူနာပင့်ခဲ့ရင် မလိုက်ပါနဲ့ ၊ အဲဒီနံသားဟာ ကုလို့ မရဘူးလို့ ကျမ်းမှာပြထားတယ်ကွ၊ ဒီတော့ ဆေးကုတဲ့ကိစ္စကို ကျမ်းကပြခဲ့တယ်ဆိုပေမယ့် ကိန်းတည်ပုံအရ တနည်းမဟုတ် တနည်း ထိခိုက်မှု ရှိနိုင်တယ်လို့ လည်း တဖက်လှည့်တွေးပြီး ယူဆနိုင်တာပဲလေကွာ
ဝိဇ္ဇာကြီးကတော့ လက်ဆန်းအမြင် တယ်သန်တာကိုးဗျာ၊ ကိန်းတည်ပုံတွေက လွှတ်လှနေပါလား . . .

အဟတ် . . . ဟတ်
ဒါလေးတွေက ပါးပါးလေးပဲရှိသေးတာ၊ တကယ်လို့ စောလှလှေဆန်ကိန်းညှိလို့ တကယ်ဖြစ်ပြီဆိုရင် အလည်အခြာ အင်္ဂါက ပျက်ပြီလေကွာ၊ စစ်ဂြိုလ်ကောင်းအောင် ရည်ရွယ်ပြီးတည်ပေမယ့် ကောဇာဂြိုလ်တွေ၊ လူခိုက်တဲ့ အနိဌနမိတ်တွေနဲ့ ၊ တိုင်တွေ ကိန်းတွေတည်ပုံအရ စစ်ဂြိုလ်ကောင်းပါမယ်လို့ ဘယ်လို အာမခံနိုင်ပါတော့မလဲကွာ၊ ဟုတ်ဖူးလား . . .
ဒီမယ်ဟေ့ကောင် . . .
ငါထပ်ပြီးပြောလိုက်ဦးမယ်၊ လာမယ့် ၁၃၇၁ ကောဇာမှာ ပေါင်းကိန်းက ၅ ကွ၊ ဒီတော့ အခုကောဇာမှာ ဖြစ်ခဲ့တဲ့ ဥပ္ပါတသန္တိပေါင်းကိန်း ၅ ရဲ့ အကျိုးဆက်ဟာ ရှေ့ နှစ်မှာပါ သွားသက်ရောက်လိမ့်မယ်၊ အထူးသဖြင့် သောကြာနံနဲ့ တနလာနံဟာ ၁၃၇၀ရဲ့ လက်ကျန်မှာ မထိခိုက်သေးရင် ၁၃၇၁ မှာ သွားထိခိုက်မှာပဲ၊ စောင့်သာကြည့်နေ။
မှတ်ချက် - ထီးတင်ပွဲမှာ အင်္ဂါနေ့ မဟုတ်ဟု ပြန်လည်သိခဲ့ရပါသည်။ သို့ သော် အင်္ဂါစစ်ဂြိုလ်ကောင်းအောင် တည်သောဘုရားမှာမူ အင်္ဂါစစ်ဂြိုလ် တကယ်ကောင်းမည်ဟု အာမခံမပေးနိုင်သော စောလှလှေဆန် ဖျက်ကိန်းကတော့ အင်္ဂါ ၃ တိုင်ပေါ်တွင် အသက်ဝင်နေဆဲပင် ဖြစ်ပါသည်။
ဇေယျာမောင်
No comments:
Post a Comment